Myint Shwe took a journalism program from Ryerson University 2004
Loading...
Sunday, December 11, 2011
နိုင်ငံရေးမီးရှူး မီးပန်းများ နှင့်တကယ့်လက်တွေဘဝ
ဒီဇင်ဘာ ၁၁ - ၂၀၁၁
ခရစ္စမတ်ရာသီဖြစ်၍ကမ္ဘာ့တ၀ှမ်းတွင်မောလ်များ (shopping malls) ၌ခလေးသူငယ်များဆန်တာကလော့စ်နှင့်တွဲ၍ဓါတ်ပုံရိုက်ခံကြချိန်ဖြစ်သည်။
မြန်မာပြည်တွင်ကားဒေါ်အောင်ဆန်းစုကြည်သည် မိမ္မ-ဆန်တာ (female Santa Claus) ဖြစ်နေရသည်မှာကြာပြီ။ ပြည်တွင်းကော နိုင်ငံရပ်ခြားများမှ ပါအခွင့်အရေးရနိုင်သူတိုင်းသူမနှင့်တွဲ၍ဓါတ်ပုံရိုက်ခံလိုကြသည်။ Group photo ထည်းမှာထက်နှစ်ဦးတည်းတွဲ၍ရိုက်ခွင့်ရလျှင်ကား ပြောဘွယ်ရာမရှိပြီ။
အစိုးရသစ်နှင့်သူမတို့ ယုံကြည်မှုတည်ဆောက်ခဲ့ပြီးသည့်နောက်မြန်မာနိုင်ငံ
သည်ယခုမှကမ္ဘာ့မြေပုံပေါ်သို့ ရောက်လာသည်ဟုပြောရမ လောက်မြန်မာနှင့် ပါတ်သက်သောသတင်းများကမ္ဘာ့ထိပ်တန်းသတင်းစာကြီးများတွင်နေ့ စဉ်
လောက်နီးပါးပါလာသည်သာမကသတင်းကောင်းများလည်းဖြစ်သည်။
“Clean government, good governmentဖြစ်ရမည်ဟုသမတကြီးကပြောကြောင်း - ”
-“အမျိုးသားရေးအတွက်အားလုံးနှင့်ပါဝင်နိုင်အောင်ဆောင်စီမံရွက်မည်”
“မြစ်ဆုံပရိုဂျက်အများပြည်သူလက်မခံကြောင်းသိရ၍ရပ်ဆိုင်းထားလိုက်” -
 “လွှတ်တော်ကဒီမိုကရက်တစ်ဥပဒေများတစ်ခုပြီးတစ်ခုပြုနေ၍သမတကြီး ကလည်းလက်မှတ်တွင်တွင်ထိုးပေးနေ” -
ငွေကြေးအကူအညီတွေကိစ္စဆွေးနွေးရန် IMF ကိုယ်စားလှယ်မြန်မာပြည်လာသွား - 
ဂျပန်က ODA ပြန်ပေးတော့မည် - EU, Australia နှင့် USA  တို့ မှရင်းနှီးမြုတ်နှံလို သူများတဖွဲဖွဲလာရောက်လေ့လာနေကြပြီ။
‘လိပ်’နှင့်‘ကန်’အစိုးရများကလူသားအကျိုးပြုအကူအညီများပေးလာ -
နှစ်ငါးဆယ်အတွင်းပထမဆုံးအကြိမ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ကိုမဖိတ်ရဘဲနှင့်ဆိုက်ဆိုက်မြိုက်မြိုက်လာ - 
ပြည်ပရောက်အင်အားစုများကိုပြန်လာကြရန်ဖိတ်ခေါ်ကြောင်း -
စံနစ်သစ်တည်ဆောက်ရာတွင်ပညာတတ်များပါဝင်လာကြရန် လိုကြောင်းအစိုးရပြော -
ကမ္ဘာလှည့်နိုင်ငံခြားဧည့်သည့်တွေအ၀င်များလာ-ဟော်တယ်တွေအခန်းပြည့်
ဒေါ်အောင်ဆန်းစုကြည်နိုဘဲလ်ငြိမ်းချမ်းရေးဆုရသည့်နှစ် ၂၀ ပြည့်အထိမ်း အမှတ်ကျင်းပ -
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိဇာတ်လမ်းရုပ်ရှင်ရိုက်တော့မည် -
မြန်မာရုပ်ရှင်လောကသား၁၀၀ ကျော်နှင့်တွေ့ ဆုံ -
ပြည်တွင်းပုံနှိပ်မီဒီယာစာမျက်နှာများတွင်ကောင်းသတင်းများဝေေ၀ဆာဆာ
ဖြစ်နေသည်။ ပြည်သူများအဖို့ စာစောင်မျက်နှာဖုံးများပေါ်တွင်အောင်ဆန်း စုကြည်၏ပုံများကိုတွေ့ မြင်လာရခြင်းကိုသိသာသောပွင့်လင်းလွပ်လပ်
လာမှုဟုယူဆနေကြသည်။ 
ဤကောင်းသတင်းများသည်သာမန်လူထုခံစားနိုင်သည့်အဆင့်သို့ 
အထိအကျိုးသက်ရောက်မှုများရှိလာပြီလား။
နိုင်ငံရေးမီးရှူးမီးပန်းများကိုမြေပြင်ကတကယ့်ဘ၀နှင့်ဆက်စပ်၍စစ်ဆေးကာ 
Realty check လုပ်ကြည့်ဘို့ တော့လိုမည်။
ရှေးဦးစွာပြောရလျှင်လူထုသည်ဤသတင်းများကိုဂျာနယ်များတွင်ဖတ်နေကြ 
ရခြင်းမှာဖတ်စရာ (ပုဂ္ဂလိက) သတင်းစာမရှိသေးသောကြောင့်ဖြစ်သည်။ယခု ဖတ်နေကြသောသတင်းများတွင် ၂၀၀၇ ခုနှစ်အရေးအခင်းတုံးက၀င်သွားခဲ့
သောမင်းကိုနိုင်၊ကိုကိုကြီးအပါအ၀င်အများစိတ်ဝင်စားသောနိုင်ငံရေး 
သမား များ (ဇာဂနာမှအပ) လွတ်လာသည့်သတင်းမဖတ်ကြရသေး။
ဒီမိုကရေစီသို့ ကူးပြောင်းရေးနောက်ကြောင်းပြန်မလှည့်ပါဟု အစိုးရသစ်ခေါင်းဆောင်များကလူသိရှင်ကြားအကြိမ်ကြိမ်ပြောနေသည်။
ဤအချက်ကိုကောင်းစွာလက်ခံပါသည်။ အကြောင်းမှာပြန်လှည့်ချင်၍လည်း
မရနိုင်တော့သောအခြေအနေသို့ ဆိုက်ခဲ့ပြီဖြစ်သောကြောင့်ပင်။ (သဘောမတူသူများရှိပါကနောက်မှသီးခြား ဆွေးနွေးပါမည်)
အစိုးရကိုယ်တိုင်ပင်လျှင်နောက်ကြောင်းပြန်မလှည့်နိုင်တော့သော ဒီမို ကရေစီကူးပြောင်းရေးကိုအခြားမည်သူမျှလည်းပြောင်းပြန်မလုပ်နိုင်တော့ပါ။ 
၂၀၀၈ ဖွဲ့ စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံသူများ၏
အထွဋ် အထိပ်ခေါင်းဆောင်ဖြစ်သောအောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၀၈ လမ်းကြောင်း၏ချန်ပီယံဘ၀ရောက်လာတော့မည့်ခြေလှမ်းအထင်အရှား ပြင်နေပြီ။
ယခုထောင်ထည်းမှာကျန်နေသူများသည်သူမကိုမျက်စေ့စုံမှိတ်
ထောက်ခံခဲ့ကြ၍ထောင်ထည်းရောက်သွားသူများဖြစ်သည်။   
သူတို့ အားလွှတ်ပေးလိုက်လျှင်ရုပ်ရုပ်သဲသဲပြန်လုပ်ကြဦးမည်လား။ 
အဖြေမှာ - ဇာဂနာကိုကြည့်ပါ - ဟုသာပြောမည်။ ထို့ ကြောင့် မရမနေအဖြေရှာကြည့်မည်ဆိုလျှင်သူတို့ နှင့်ပြည်ထဲရေးဌာနအကြား 
ခံဝန်ချက်ကိုလက်မှတ်ထိုးပေးရေး-မထိုးရေး ဇွဲချင်းပြိုင်နေကြတာ ဖြစ်နိုင်သည်။
ဖွဲ့ စည်းပုံသစ်အရပြည်ထဲရေးဝန်ကြီးဌာနကိုတပ်မတော်ကတိုက်ရိုက် ကိုင်ထားကာဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက၀န်ကြီးလုပ်နေသည်။ 
စစ်တပ်နှင့်ကျောင်းသားပဋိပက္ခကိုနှစ်ဘက်စလုံးဆက်၍မွေးမြူထားကြ 
သည့်အနေမျိုးမြင်ရသည်။ အပြောင်းအလဲကြီးအတွင်းကမပြောင်း 
လဲသေးသောအရာ (continuity within the change) တစ်ခု -
ဤနှစ်ဘက်ဇွဲချင်း ‘ခတ်’ နေကြသည်ကိုအောင်ဆန်းစုကြည်ကော၊
ဦးသိန်းစိန်ပါကြားဝင်သည့်ပုံမပေါ်။ သူမအနေဖြင့်ကား ဒါပုဂ္ဂိုလ်ရေး
ဂုဏ်သိက္ခာအတွက်တိုက်ပွဲ-ကြားဝင်ရန်မသင့်ဟုယူဆ၍ဖြစ်နိုင်သည်။ 
သမတကြီးအနေဖြင့်ကားစစ်တပ်အပေါ်သြဇာမရှိ၍သာဟုယူဆရသည်။
ထို့ ကြောင့်ပင် ‘နိုင်ငံရေးအကျဉ်းသား’ မရှိ ဥပဒေကိုချိုးဖေါက်၍ပြစ်ဒဏ်
ကျခံနေရသူများသာရှိသည်ဟူသောပြည်ထဲရေးဌာန၏ 'ပုလိပ်အမြင်’ကို
လိုက်ပြောခဲ့ခြင်းဖြစ်မည်။
နောက်မကြာခင်ပို၍ပရိဿတ်နားခံသာမည့် ‘ယုံကြည်ချက်ကြောင့် 
အကျဉ်းကျခံများ’ သို့ စကားလုံး ပြောင်းသွားသည်။
မည်သို့ ဖြစ်စေဤ ‘ကုလားကြီး’ နှင့် ‘အရာကြီး’ စကားကပ်ငြင်းချက်ကိုကြာ ကြာလွှတ်ထားလျှင်ကုန်ကျမည့်နိုင်ငံရေးအဖိုးစားနား (political cost) ကို 
ဦးရွှေမန်းကတွက်မိပုံရသည်။ ဘယ်လိုပဲခေါ်ခေါ်သိပ်မကြာခင် -လူရွေး၍-
လွှတ်ပေးမည်ဟုပြောလာသည်။ ဟီလာရီကလင်တန်အားစကားကျွံထား 
ပြီးသားလည်းဖြစ်နေသည်။
စစ်ဘက်လက်ထဲရှိပြည်ထဲရေးဌာနနှင့်အထွေထွေအုပ်ချုပ်ရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးဌာန၂ခုတို့ ကသာမန်ပြည်သူများ၏ဘ၀ကိုမည်မျှဆက်လက်ချုပ် ကိုင်ထားသနည်း။ မြင်နေကြားနေကြသောနိုင်ငံရေးမီးရှူးမီးပန်းများကနေ့  တဓူဝဘ၀မှန်ကိုလူထုအာရုံထဲမှာပျောက်နေအောင်ကွယ်ထားသလော။
ယ္ခုဖြတ်သန်းနေသောအသွင်ကူးပြောင်းရေးသည်အထက်ကလုပ်သောတော်
လှန်ရေး (revolution from above) တစ်မျိုးဖြစ်ပြီးအထိမ်းအကွပ်နှင့်ဖွင့်
ပေးခြင်း (controlled liberalization) ဖြစ်၍နှေးကွေးလိမ့်မည်ကိုမျှော်လင့် 
ထားကြပြီးသားဖြစ်ပါသည်။ 
ထို့ နည်းတူစီးပွားရေးဘက်တွင်(အဓိကအားဖြင့်ခရိုနီတွေအတွက်)
လမ်းဖွင့် ပေးနေမှုများကို (နိုင်ငံရေးအပါအ၀င်) မျက်နှာစာအားလုံး
အတွက်ဖွင့်ပေးနေခြင်းဟုယေဘူယျပြု၍အဓိပ္ပါယ်မကောက်ယူနိုင်။
အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်လိုက်ကြောင်းသတင်းထွက် လာပြီးနောက်ပိုင်းကြားဖြတ်ရွေးကောက်ပွဲကိုနောက်သုံးလအတွင်းမကျင်း ပနိုင်သေးကြောင်းကအသံပြုလာသည်။ ဘာ့ကြောင့်ဟူ၍အကြောင်းပြချက် မပါ။ထို့ ကြောင့်သုံးလလောက်တော့စောင့်လိုက်၊သုံးလကျော်တာနဲ့ ကျင်းပ
ပေးမှာဘဲဟုတထစ်ချအဓိပ္ပါယ်ကောက်၍မရနိုင်ပါ။ 
အာဏာပိုင်များသည်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲလည်းဝင်စေချင် သည်။ တကယ်ဝင်မယ်ဆိုတော့လည်းလန့် နေပုံပေါက်သည်။ အစိုးရအဖွဲ့  ကမလန့် လျှင်တောင်ကြံ့ဖွံ့ အမတ်တွေကလန့် နေနိုင်သည်။
အောင်ဆန်းစုကြည်နှင့်ပါတ်သက်၍အာဏာပိုင်များဘက်ကသဘောထား အမှန်ကိုမှန်းဆရခက်နေသည်။ သိရသမျှယနေ့ အထိတော့ NLD ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကိုခွင့်ပြုချက်ချမပေးသေး။အောင်ဆန်းစု ကြည်ကိုလွှတ်တော်စည်းဝိုင်းထည်းအချိန်မှီဆွဲမသွင်းဘဲနှောင့်နှေးနေလျှင် အခြားသူများထက်မိမိအကျိုးကိုပို၍ထိခိုက်စေလိမ့်မည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အားရွေးကောက်ပွဲကြီးကြပ်စေယုံသာမကနိုင်ငံရေးပါတီများကိုစောင့်ကြည့် ရန်ပါတာဝန်ပေးထားသည်။ ဤဥပဒေသည်နိုင်ငံရေးပါတီများကိုပြုစုပျိုး
ထောင်ပေးသည့်(ဒီမိုကရေစီကိုပြုစုပျိုးထောင်ပေးမည့်)ဥပဒေမဟုတ်ကြောင်း
အလယ်တန်းကျောင်းသားကလေးများကတောင်သိနိုင်သည်။ 
ဥပဒေ၏အနှစ် သာရ ချုပ်ကြည့်ပါကပုဒ်မပေါင်း ၂၇ ခုရှိသည့်အနက်
၂၀ကျော်သည်နိုင်ငံရေး ပါတီများကိုအဘက်ဘက်မှကန့် သတ်
ချုပ်ချယ်ထားသောပုဒ်မတွေချည်းဖြစ်သည်။ ကျန်ပုဒ်မများက
လည်းနိုင်ငံရေးပါတီများကိုအကူအညီမပေးပါ။ လုပ်ထုံးလုပ်နည်း 
(procedures, technicalities) ပြဌန်းချက်တွေသာ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်သည်နိုင်ငံရေးပါတီများကိုဖျက်သိမ်းပစ်သည်အထိ အရေးယူပိုင်ခွင့်ရှိကာ၎င်း၏ဆုံးဖြတ်ချက်သည်အပြီးအပြတ်ဖြစ်စေရမည် (ပုဒ်မ၂၀- က)၊ ၄င်းအားမည့်သည့်တရားရုံးတွင်မျှတရားစွဲဆိုခွင့်မရှိစေရ (ပုဒ်မ၂၀-ခ) ဟုပြဌန်းထားရာဤကော်မရှင်သည်လက်တွေ့ တွင်နိုင်ငံတော်၏
စတုတ္ထမြောက်အချုပ်အချာအာဏာပိုင်
(fourth sovereign power of the state) ဖြစ်နေသည်။
လွန်ခဲ့သောအောက်တိုဘာလအတွင်းနိုင်ငံရေးပါတီငယ်တစ်ခုဖြစ်သော
မတူကွဲပြားခြားနားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (PDP) မှဥက္ကဌကိုနေမျိုးဝေနှင့် ဂျာနယ်တစ်ခုမှအယ်ဒီတာတစ်ဦးတို့ မွန်ပြည်နယ်အတွင်းခရီးသွားခဲ့သည်။ ဤခရီးသည်လျှို့ ဝှက်ခရီးမဟုတ်ဘဲသူဘယ်သွား၍ဘာတွေလုပ်ခဲ့သည်။ ဘယ်သူတွေနှင့်တွေ့ ၍ဘာတွေပြောခဲ့သည်များကိုအွန်လိုင်းတွင်ဓါတ်ပုံများ
နှင့်တကွအပြည့်အစုံထုတ်ပြန်ကြေငြာခဲ့သည်။ သူသည်နိုင်ငံရေးခရီးများ ထွက်တတ်ပြီးခရီးစဉ်တစ်ခုပြီးဆုံးတိုင်းမဆိုင်းမတွအများသိရန်ဖြန့် ဝေစာ
တွေထုတ်ပေးလေ့ရှိသည်။ယ္ခုတစ်ခေါက်လည်းခါတိုင်းနည်းတူပင်။
ဤသွားလာလှုပ်ရှားမှုများသည်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ကနိုင်ငံသား တိုင်းအားအပ်နှင်းထားသောလွပ်လပ်ခွင့်များ၏ဘောင်အတွင်းက သွားလာ တာဖြစ်ပြီးဥပဒေဖြင့်ညီညွတ်သည့်သဘောရိုး (bona fide) ဖြစ်ကြောင်း ထင်ရှားသည်။
သို့ သော်ယခုတစ်ကြိမ်မွန်ပြည်နယ်သို့ သူ၏ခရီးအားရွေးကောက်ပွဲကော်မ ရှင်ကသူတို့ ဘယ်နေ့ ဘယ်အချိန်ဘယ်နှစ်နာရီတွင်ဘယ်အိမ်သို့ ရောက်ကာ
ဘယ်သူနှင့်တွေ့ သည်၊ဘယ်မှာညအိပ်တည်းခိုခဲ့ကြောင်း၊ ပြည်နယ်ကော်
မရှင်ကိုသော်၎င်း၊ မြို့ နယ်/ရပ်ကျေးအုပ်ချုပ်ရေးအာဏာပိုင်များကို၎င်း ကြိုတင်အကြောင်းမကြားခဲ့ကြောင်း၊“ရိုးသားပွင့်လင်းမှုအားနည်းကြောင်း”
နေပြည်တော်မှတိုက်ရိုက်ဖြန့် ဝေသည့်သတိပေးစာလုံးလိုလိုကြေငြာချက် တစ်စောင်ထုတ်ကာကော်မရှင်အဆင့်ဆင့်များသို့ ပေးပို့ ခဲ့လေသည်။ 
PDP သည် ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုအသံအကျယ် ဆုံးထောက်ခံကာ၎င်းရှိသမျှအင်အားဖြင့်အစိုးရသစ်၏လမ်းပြမြေပုံနိုင်ငံရေးလမ်း
ကြောင်းအတိုင်းလိုက်ပါရန်ခက်ခဲစွာရုန်းကန်နေရသောပါတီငယ်တစ်ခု သာဖြစ်သည်။ အစိုးရအတွက်ဘယ်လိုမှအန္တရယ်မရှိ။  
ထို့ ပြင်နိုင်ငံရေးသမားများနိုင်ငံရေးခရီးထွက်သည့်အခါမီဒီယာသမားများ လိုက်ပါသတင်းယူသည့်အလေ့သည်အခြားဒီမိုကရေစီနိုင်ငံများတွင်ဘာမှ မထူးဆန်းသောကိစ္စတစ်ခုဖြစ်သည်။
PDP ၏မွန်ပြည်နယ်သွားခရီးကိုပြည်ထောင်စုကော်မရှင်ကလူဆိုးထိမ်းပုလိပ် အလားအတိအကျလိုက်လံမှတ်တမ်းနှင့်တကွဖေါ်ပြ၍သတိပေးသယောင်
ယောင်စာထုတ်နေသည်မှာဘာအဓိပ္ပါယ်ဆောင်သနည်း။
နိုင်ငံရေးပါတီတစ်ခုသည်မိမိမှတ်ပုံတင်ထားဧရိယာပြင်ပကျော်၍(နိုင်ငံရေး) ခရီးထွက်လျှင်ကော်မရှင်ကိုသော်၎င်း၊ ဒေသခံအာဏာပိုင်များကိုသော်၎င်း
‘အသိပေးသင့်ကြောင်း’ ဟူသည့်ခံစားချက်နှင့် ‘ရိုးသားပွင့်လင်းမှုအားနည်း’ 
သည်ဟူသောမှတ်ချက်များက - မိမိတို့ ကိုဘာမဆိုအကုန်အသိပေးရမည် ဆိုသောခေတ်ဟောင်းထောက်လှမ်းရေးနိုင်ငံတော် (Police state) ၏အစွဲ 
အလမ်းတွေမကုန်သေးတာ၊ ထိုသို့ အသိမပေးမိလျှင် မရိုးသားတာဘဲဖြစ်ရ မည်ဟုလူတိုင်းကို‘တရားခံလောင်း’ (potential criminal) အဖြစ်သတ်မှတ်
နေသောမယုံသင်္ကာ ‘ပုလိပ်စိတ်ဓါတ်’ကိုလှစ်ပြရာရောက်နေသည်။ 
ဤသည်မှာအုပ်ချုပ်ရေးပိုင်းတွင်မည်မျှဒီမိုကရေစီအသိအားနည်းနေသေး
ကြောင်းနိုင်ငံတော်အဆင့်ကသွားနေသောနိုင်ငံရေးလမ်းကြောင်းသစ်နှင့် လက်အောက်ခံအဆင့်များမည်မျှဖီလာဖြစ်နေသေးသည်ကိုပြသနေသည်။
နိုင်ငံရေးပါတီများအဖို့ ပြည်သူတို့ ၏ဒီမိုကရေစီအခွင့်အရေးများကိုအကောင် အထည်ဖေါ်ပေးရေးအတွက်တည်ထောင်ခဲ့ကြသည်မှန်သော်လည်းမိမိတို့ ၏
နိုင်ငံရေးအခွင့်အရေးများအတွက်ပထမအကြိုးစားရဦးမည့်ပုံပေါက်နှေသည်။
ဘောင်ထည်းကပဲရသလောက်လှုပ်ရှားမည်ဟုစိတ်ပိုင်းဖြတ်ထားကြသူများ အတွက်ဆိုလျှင်မိမိတို့ ကအနေကြုံ့ ပေးလိုက်သလောက်ဘောင်ကလိုက်ပြီး ကျဉ်းသည်ထက်ကျဉ်းလိုက်လာသည်နှင့်ကြုံရနိုင်သည်။ 
လုပ်ငန်းသဘာဝအရဒီမိုကရေစီကိုရှေ့ ကနေဖေါ်ဆောင်သွားနေသူမှာဥပဒေ
ပြုပြည်ထောင်စုလွှတ်တော်ကြီးဖြစ်သည်။ 
သို့ သော်လွှတ်တော်ကပြုသမျှဥပ ဒေတွေကိုလက်တွေ့ အသုံးမချနိုင်။
သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေက “စည်း ၂ စည်း - မိန့်  - ညွှန် - လုပ်” 
(စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်း) ဆိုတာတွေထုတ်ရသေးသည်။ သမတကြီးကလက်မှတ်ထိုး၍ဥပဒေ
ဘ၀ရောက်လာသည့်တိုင်ပြည်ထောင်စုဝန်ကြီးဌာနတွေက မိမိတို့ ဂွင်’ 
ထဲကနေ ‘ထစ်’ထားကြလျှင်‘တစ်’နေဦးမည်။
မကြာမီကသမိုင်းဝင်မည့်အလုပ်သမားသမဂ္ဂများတရားဝင်ထူထောင်ခွင့်နှင့် လမ်းများပေါ်တွင်ငြိမ်းချမ်းစွာလူစုလူဝေးနှင့်ဆန္ဒပြနိုင်ခွင့်ဥပဒေ ၂ ခုကိုလွှတ် တော်ကပြဌန်းပေးခဲ့သည်။ဒီမိုကရေစီ၏အဓိကပြယုဂ်ကောင်းများဖြစ်သည်။ သို့  သော်လက်တွေ့ တွင်ဝန်ကြီးဌာနတွေက စည်း/မိန့် /ညွှန်/လုပ်’ တွေပြ ဌန်းမပေးသေး။ စောင့်ကြရဦးမည်။
ထို့ ကြောင့်ဆန္ဒပြခွင့်ဥပဒေထွက်လာပြီဆိုသောသတင်း၊ အလုပ်သမားသမဂ္ဂ တွေဖွဲ့ ခွင့်ရပြီဆိုသောသတင်းများသည်
မှန်ပင်မှန်ငြားသော်လည်းမီးရှူးမီးပမ်းတွေသာဖြစ်နေသေးသည်။
တကယ့်လက်တွေ့ ဘ၀တွင်ထီပေါက်ပြီ၊လက်မှတ် တော့ရှာလို့ 
မတွေ့ သေးဖြစ်နေကြသည်။ ‘ပေးကားပေး၏ - မရ’ ဖြစ်နေကြသည်။ 
ဘယ်လောက်ကြာကြာစောင့်ရမလဲ၊ ဘယ်သူမှမသိ။
ဒီမိုကရေစီနိုင်ငံများတွင်အများပြည်သူသိချင်နေသောကိစ္စရပ်များကို
သတင်းသမားက၄င်း၊ နိုင်ငံသားတစ်ဦးဦးကသော်၎င်းသက်ဆိုင်ရာ
အစိုးရဌာနတိုင်းသို့ ဖုံးဖြင့်၎င်း၊ကိုယ်တိုင်သွား၍၄င်းမေးမြန်းစုံစမ်းပိုင်
ခွင့်နှင့်ပြန်လည်ဖြေကြားပေးရန်ကိုဥပဒေပြုလုပ်ပြဌန်းပေးထားသည်။ 
ကနေဒါတွင်ထိုဥပဒေကို Freedom of Information Act ဟုခေါ်သည်။ 
အနှစ်သာရမှာထင်သာမြင်သာရှိရေး (Transparency) ဖြစ်သည်။ ၀န်ကြီးဌာနတိုင်းကိုယ့်ကိစ္စကိုယ်တိုက်ရိုက် ဖြေခွင့်ရသဖြင့်ထိရောက်သလို
ဗဟိုချုပ်ကိုင်မှုကိုဖြေရာလည်းရောက်သည်။ (decentralization)
ဤနည်းကိုမြန်မာပြည်အတွက်လွယ်ကူစွာအတုယူနိုင်သည်။ 
လုပ်ချင်စိတ် (political will) ရှိကြဖို့ သာလိုအပ်သည်။  
အချုပ်အားဖြင့်ပြောရလျှင်ဒီမိုကရေ စီဘက်သို့ ခြေလှမ်း
တိုင်းနိုင်ငံရေးမီးရှူးမီးပမ်းလွှတ်တာမျိုးထက်တကယ့်လက်တွေ့  
ဘ၀ထည်းဆိုက်ရောက်လာရေးအတွက်လက်ရှိအုပ်ချုပ်ရေး 
ယန္တယား ကြီးကိုသည်အတိုင်းဆက်သုံးမနေဘဲ အကြီးစား
ပြင်ဆင်မှုတစ်ခု ( a major overhaul) လုပ်ဘို့ လိုနေပြီ။
မြန်မာသံတော်ဆင့်
Wednesday, December 7, 2011
နောက်ကြောင်းမပြန်ချင်ရင် ရှေ့ ကခလုပ်ကန်သင်းတွေကိုရှင်း
ဒီဇင်ဘာ ၆ - ၂၀၁၁
နောက်ကြောင်းပြန်မလှည့်ချင်ယင်
ရှေ့  ကခလုပ်ကန်သင်းတွေကိုရှင်း
နှစ်ဆယ့်သုံးနှစ်တာနိုင်ငံရေးလောကဓံထုထောင်းမှုအောက်တွင်အောင်ဆန်း စုကြည်သည်မသိင်္ဂီပြောခဲ့သောစင်ဒရဲလားဘ၀မှပီပြင်ရင့်ကျက်သောနိုင်ငံ
ရေးခေါင်းဆောင်ဘ၀သို့ အောင်မြင်စွာကူးပြောင်းသွားပြီ။
“တကယ်တမ်းတိုင်းပြည်ကောင်းစားရေးဆိုလျှင်(သူမကို)အသုံးချစမ်းပါ”   ဟူသောရဲရဲတောက်စကားတစ်ခွန်းဖြင့်အစိုးရသစ်ကိုစိန်ခေါ်ကာသူတို့  ခင်းထားသောကစားကွင်းထည်းသို့ ယ္ခင်အခါများတုံးကလိုဈေးဆစ်မနေ တော့ဘဲ ရဲတင်းစွာချဉ်းနင်းဝင်ရောက်လာလေပြီ။
သူမ၏ပူးပေါင်းဆောင်ရွက်မည့်ကတိနှင့်လက်တွေ့ ပြင်ဆင်နေမှုများသည် တည်ဆောက်နေသောဒီမိုကရေစီကိုအင်္ဂါစုံသွားစေသဖြင့်အစိုးရသစ်၏တရားဝင်မှုကိုသိသိသာသာတိုးပွားစေသည်။ အစိုးရသစ်အားပြည်တွင်းရောနိုင်ငံတ ကာကပါ၎င်းလုပ်ပြခဲ့သည်ထက်ပိုသော credits များချီးမြှင့်ထားပြီဖြစ်သည်။  
အခြေအနေမှာမြန်မာ့နိုင်ငံရေးဇာတ်ပေါင်းခဏ်းကိုကပြနိုင်ကြဖို့ နီးစပ်လာနေ ပြီလားဆိုသည့်မေးခွန်းထုတ်ရမလိုဖြစ်လာသည်။
သို့ ရာတွင်တကယ့်လက်တွေ့ ဇာတ်ပေါင်းခဏ်းကပြနိုင်ရန်မှာရှင်းလင်းပစ်ရ မည့်အဖုအထစ်တစ်ချို့ ရှိနေသေးသည်။
ပထမအဖုအထစ်မှာပြည်တွင်းစစ်ကိုဆက်တိုက်နေသည့်ကိစ္စဖြစ်သည်။ ဤကိစ္စနှင့်ပါတ်သက်၍သမရိုးကျအမြင်မှာတိုင်းရင်းသားအရေးသည်မြန်မာ့ ပြဿနာ၏သော့ချက်ဖြစ်သည်။ ၄င်းကိုအရင်ဖြေရှင်းနိုင်မှစစ်ဝါဒနောက် တန်းရောက်သွားပြီးဒီမိုကရေစီအမြစ်တွယ်လာနိုင်မည်ဟူ၍ဖြစ်သည်။
ပြည်တွင်းစစ်(တိုင်းရင်းသားအရေး)ကြောင့်စစ်ဝါဒရှေ့ တန်းရောက်လာသည်မှာမှန်သည်။ ပြည်တွင်းစစ်သည် ‘အရင်း’ ဖြစ်ခဲ့ပြီးစစ်ဝါဒသည် ‘အဖျား’ ဖြစ်ခဲ့ သည်။ ပုံသေနည်းမှာ “အရင်းလှဲ - အဖျားထင်းဖြစ်”။
စစ်ဝါဒသည်ဘက်နှစ်ဘက်စလုံးတွင်ရှိနေသောကြောင့်ဒီမိုကရေစီဖြင့်နှစ် ဘက်စလုံးတွင်အစားထိုးရလိမ့်မည်။ သို့ သော်အာဏာလက်ရှိအပေါ်စီးဖြစ် နေသောအစိုးရဘက်ကပီပြင်သောဒီမိုကရေစီစံနစ်ကိုဦးစွာအလျင် ‘အချိန် မဖြုံးဘဲ’ ထူထောင်ရပေမည်။
ဤနေရာတွင် ‘ဒုတိယ’ သို့ မဟုတ်နောက်ထပ် ‘ခလုပ်ကန်သင်း’ကို ထပ်တွေ့  လာရသည်။ ဤဒုတိယခလုပ်ကန်သင်းကိုပြတ်ပြတ်သားသားမကျော်လွှားနိုင် လျှင်ဒီမိုကရေစီအောင်မြင်မည်မဟုတ်ဟုတထစ်ချပြောနိုင်သည်။
၎င်းမှာအခြားမဟုတ်အုပ်ချုပ်ရေးစံနစ်ဟောင်းဖြစ်သည်။ အုပ်ချုပ်ရေးစံနစ် ဟောင်း၏ပုတ်သိုးနေသောအစိပ်အပိုင်းမှာအဂတိလိုက်စားမှုဖြစ်သည်။ ထို့  ကြောင့်လာဘ်ပေးလာဘ်ယူကိုဘယ်တော့နှိမ်နင်းမှာလဲဟုဖြင့်ပြတ်ပြတ်သားသားမေးရတော့မည်ဖြစ်သည်။
ဤသို့ ပြောသဖြင့်ဦးသိန်းစိန်အစိုးရသစ်ကဒါကိုမသိဘူးဟုမဆိုလို။ သိ၍ပင် clean government, good government ဆိုတာတွေအစောကြီးကတည်း ကပြောထားသည်။ ပြဿနာမှာပြတ်ပြတ်သားသားနှိမ်နင်းမပြသေးခြင်းဖြစ် သည်။
အစိုးရဌာနများ၊ ရုံးများတွင်လာဘ်ပေးလာဘ်ယူမှုများဖုံးကွယ်သောနည်းဖြင့် ကျင့်သုံးနေကြသည်။ အများဆုံးသုံးနေကြသောနည်းမှာဝန်ဆောင်မှု (service) ကိုပွဲစားမှတဆင့်လက်ခံ၍ဆောင်ရွက်ပေး ခြင်းဖြစ်သည်။ ဤ နည်းကိုပြည်တွင်းတွင်သာမကစင်္ကာပူရှိမြန်မာသံရုံးလိုနေရာမှာပင် သုံးစွဲနေသည်အထိတွင်ကျယ်နေသည်။
ပွဲစားမသုံးဘဲတိုက်ရိုက်လာသူများကိုအကြောင်းအမျိုးမျိုးပြ၍ငြင်းပါယ်ခြင်း၊ အချိန်ကြန့် ကြာအောင်ပညာပြခြင်းများပြုကြသည်။ဤနည်းဖြင့်ပွဲစားအတွက် ပါထပ်ဆောင်းပေးရကာပို၍ကြီးလေးသောလာဘ်စားမှုဒဏ်ကိုပြည်သူတွေခံ နေကြရသည်။ အစိုးရရုံးများ၊ ဦးစီးဌာနများရှေ့ တွင်၊အနီးအနားလ္ဘက်ရည်ဆိုင် များတွင်ပွဲစားတွေခြေချင်းလိမ်နေသည့်ခေတ်သက်တမ်းရှည်လွန်းလှပြီ။
ဖြစ်နိုင်လျှင်လွှတ်တော်က‘ရုံးပွဲစားများ’ နှိမ်နင်းရေးဥပဒေတရပ်နှင့် ‘ထိုရုံးများ’ အနီးတ၀ိုက် (ဥပမာ အကွာအဝေးတစ်ခုအတွင်း) လ္ဘက်ရည်ဆိုင်မဖွင့်ရဟူ သောဘိုင်လော (bylaw) မျိုးကိုသက်ဆိုင်ရာမြူနီစပယ်လီတီများကပါပြဌန်း သင့်ကပြဌန်းပေးဘို့ လိုအပ်ကောင်းလိုအပ်လိမ့်မည်။
ပွဲစားမသုံးဘဲဝိနည်းရှောင်၍လာဘ်တောင်းယူနည်းတမျိုးမှာစာရွက်စာတမ်း ကြေးတောင်းခြင်းဖြစ်သည်။ စာရွက်စာတမ်းကြေး (ဥပမာမိတ္တူကူးရန်စက္ကူ တစ်ထုပ်ဖိုး ၆၀၀၀ိ) ကိုစာပေစီစစ်ရေးရုံးလိုမျိုးကမီဒီယာသမားများလိုလူမျိုး ထံမှပင်တောင်းတတ်ရာသာမန်ပြည်သူများအတွက်ကားဆိုဘွယ်ရာမရှိ။
ကျောင်းများတွင်ကားအကြောင်းအမျိုးမျိုးပြ၍အလှူခံပုံးထောင်ကြသည်။
အရာထမ်းအဆင့်တွေကားအိမ်မှာပင်အကန်တော့ခံသည်။ လူမြင်ခံစရာမလို။ သို့ သော်ကန်တော့ခဲ့ရသူတွေကပြန်ပြောကြသည်ချည်း။ လွန်ခဲ့သော၂နှစ်က သတင်းထောက်မိန်းကလေးတစ်ဦးကိုနာမည်ကျော်သရုပ်ဆောင်တစ်ဦးက လူပုံအလည်၌ပါးရိုက်၊ကုတ်ဖဲ့ခဲ့သည်။  ထိုအမှုယခုတိုင်သောင်မတင်ရေမကျ ဖြစ်နေသည်။“လူကြီးဆီဝင်ထားပြီးသွားပါပြီ”ဟုထိုသရုပ်ဆောင်ကပြောသည် ဟုသိခဲ့ရရာဘယ်လူကြီးဖြစ်မည်ကိုစဉ်းစားကြည့်နိုင်သည်။ တရားရေးမဏ္ဍိုင် သည်မိမိကိုယ်တိုင်ကတည့်မတ်ရမည်သာမကအုပ်ချုပ်ရေးကဏ္ဍ (executive branch) ၏သြဇာလောင်းရိပ်အောက်မှလည်းလွတ်မြောက်ချိန်တန်ပြီ။ ယခု ထိုအချက်အရေးကြီးပုံစတင်အသံပြုလာကြ၍ကျေနပ်ပါသည်။
အချုပ်အချာအာဏာသုံးရပ်တို့ အချင်းချင်းအပြန်အလှန်ထိမ်းကျောင်းရေး (check and balance) ကို လက်မခံနိုင်သေးသူတွေဌာနအသီးသီးတွင်အင် နှင့်အားနှင့်ရှိနေကြသေးသည်ကိုပြည်သူ့ လွှတ်တော်ဥက္ကဌဦးရွှေမန်းကအတိအလင်းထုတ်ပြောသွားပြီ။ ဤပြဿနာရှိနေသည်ဆိုတာနှင့်မဖြစ်မနေကျော် လွှားမှဖြစ်မည်ဆိုတာကိုပထမဆုံးအကြိမ်ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
လက်ရှိ ရုံးအကူမှသည်ဝန်ကြီးအထိဖြစ်သောအစိုးရယန္တရားကိုမောင်းနှင်နေ
သောဝန်ထမ်းစုကြီးသည်ခေတ်ဟောင်းမှတောက်လျှောက်ပါလာသော
အင်အားစုဟောင်းကြီးဖြစ်သည်။ သူတို့ အများစုသည်စစ်အနွယ်ဝင်များ၊ မကင်း ရာမကင်းကြောင်းများဖြစ်ကြကာအရည်အချင်းထက်နိုင်ငံရေးအရသစ္စာခံမှု
(political loyalty) အဓိကထား၍စုဆောင်းယူ(recruited) ခဲ့ကြသည်ဖြစ်ရာ ပင်ကိုယ်သဘာဝအရတည်ဆဲအခြေအနေ၌စားသာနေသူများဖြစ်ကြသည်။
(benefiting from the status quo)။ သူတို့ ကိုသက်ညှာနေ၍မဖြစ်နိုင်။
လာဘ်စားမှုသည်မြန်မာ့လူ့ အဖွဲ့ အစည်းတစ်ခုလုံးတွင်ကင်ဆာရောဂါသဖွယ် အမြစ်တွယ်နေပြီဖြစ်ရာကုစားဖို့ မလွယ်သလိုကျောသားရင်သားခွဲခြား၍ညှာ
နေလျှင်လည်းတိုက်ဖျက်နိုင်လိမ့်မည်မဟုတ်။ မနှစ်ကဒဂုံမြို့ သစ်အရှေ့ ပိုင်း တွင်ဆယ်တန်းအောင်၍ဗိုလ်သင်တန်းသွားလျှောက်သောလူငယ်ကလေး တစ်ဦးသည်အရည်အချင်းစစ်အဆင့်ဆင့်ကောင်းစွာအောင်မြင်ပါလျှက်ရွေး ချယ်ရန်အတည်ပြုလက်မှတ်ထိုးရမည့်သူကငွေလေးသိန်းတောင်းသည်ကို မပေးနိုင်သဖြင့်အိမ်ပြန်လွှတ်ခြင်းခံရသည်။
မြန်မာနိုင်ငံသားဟောင်းများအလည်အပါတ်ပြန်လျှင်ဆွေ
မျိုးသားချင်းများအိမ်တွင်တည်းခိုနိုင်သည်။ ဧည့်စာရင်းကိုမြို့ နယ်လ.၀.ကများတွင်တိုင်ကြားရ သည်။ဖျမ်းမျှကြေးလ္ဘက်ရည်ဘိုးမှာကျပ်ငါးသောင်းဖြစ်သည်။
တခါတရံမိတ္တူကူးခနှင့်စာရွက်စာတမ်းကြေးသပ်သပ်ထပ်တောင်းသည်။
နယ်မြို့ ကလေးများတွင်ဆိုလျှင်အကြောင်းတစ်ခုခုပြ၍ကျပ်တစ်သိန်းအထိအလှူခံယူတတ်သည်။
အလားတူဥပမာများရေးပြနေလျှင်ဆုံးနိုင်လိမ့်မည်မဟုတ်။
မြန်မာနိုင်ငံထက်စော၍ပြုပြင်ပြောင်းလဲရေးလုပ်ကာအောင်မြင်နေကြသော အိမ်နီးချင်းတရုပ်နှင့်ဗီယက်နမ်နိုင်ငံတို့ တွင်အကျင့်ပျက်လာဘ်စားသောအ ရာထမ်းအဆင့်များကိုရာထူးမှဖြုတ်ပစ်ယုံမကထိရောက်စွာရာဇ၀တ်ကြောင်း အရအရေးယူအပြစ်ပေးနေလေသည်။တရုပ်ပြည်တွင်ထိုကဲ့သို့ သောပုဂ္ဂိုလ် များသည်အာဏာရကွန်မြူနစ်ပါတီဝင်ဖြစ်နေလျှင်လူပုံအလယ်တွင်(တစ်ကြိမ် မက) ကွပ်မျက်သည်အထိအရေးယူပြခဲ့ဘူးသည်။ 
တရုပ်အစိုးရသည်မူးယစ် ဆေးဝါးရောင်းဝယ်ဖေါက်ကားသူများနှင့်လာဘ်စား
သူအရာရှိများကိုနိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့ များကန့် ကွက်ချက်များရှိနေ
လင့်ကစားကွပ်မျက်ပစ်သည့်နည်းဖြင့်ထိထိရောက်ရောက်နှိမ်နင်းနေသည်။
မြန်မာနိုင်ငံတွင်ကားယခင်တလောကတနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုရာထူးမှ
တိပ်ဆိပ်စွာဖယ်ရှားပစ်ယုံဖြင့်အဆုံးသပ်သွားခဲ့သည်။ ဤသည်မှာဦး နေ၀င်း၏ဆိုရှယ်လစ်အစိုးရလက်ထက်ကတည်းကရှိခဲ့သောပုံစံဟောင်းကြီး ဖြစ်သည်။ အဂတိလိုက်စားမှုကိုတိုက်ဖျက်ခြင်းမမည်ယုံသာမကပို၍အတင့် ရဲလာအောင်အားပေးရာပင်ရောက်သည်။အဘယ်ကြောင့်ဆိုသောပြစ်မှုကျူးလွန်သူ
သည်အရေးယူလည်းမခံရ၊မတရားရှာဖွေထားသောဥစ္စာဓနများလည်းသိမ်းဆည်းမခံရ
ဘဲတစ်သက်စာအထုပ်ပိုက်၍ရာထူးမှဖယ်ပေးလိုက်ယုံနှင့် ပြီးသွားနိုင်သောကြောင့်ဖြစ်သည်။ 
ဤနည်းဖြင့်အရေးယူခြင်းသည်အခြားသူ များကိုအားကျစေ၊ အတုယူလာစေသည်။
နှိမ်နင်းရာမရောက်။
လာဘ်စားမှုများသည်ဘောဂဗေဒသဘောအရလက်ပြောင်းလက်လွှဲစားရိပ် (Transaction cost) ကိုပိုကြီးမြင့်စေသဖြင့်တိုးတက်ဖွံ့ ဖြိုးမှုနှူံး (growth-rate and development) ကိုထိခိုက်သည်။ ရင်းနှီးမြုတ်နှံလုပ်ကိုင်လိုစိတ် ကိုလည်းပျက်ပြားစေသည်။
သာမန်ပြည်သူများအတွက်အစိုးရဆိုသည်မှာသူတို့ နှင့်ထိတွေ့ နေသော ကျမ္မာရေး၊ ပညာရေးဌာနများ၊ စည်ပင်၊ လ.၀.က၊ ထွေ/အုပ်၊ က.ည.န၊ လျှပ်စစ်၊ ရဲ၊ တရားရုံးစသည့်ဌာနများနှင့်ဝန်ထမ်းသာများဖြစ်သည်။ အစိုးရ အပေါ်ကြည်ညိုစိတ်၊ယုံကြည်အားကိုးစိတ်နှင့်အစိုးရ၏ပေါ်လစီများကိုအား ကြိုးမန်တက်အကောင်အထည်ဖေါ်လိုစိတ်များသည်အဂတိလိုက်စားသော ၀န်ထမ်းများကြောင့်ဘယ်သောအခါမှပေါ်လာလိမ့်မည်မဟုတ်။ 
လူထုပါဝင်မှု (mass participation)ကိုအားပြုသောဒီမိုကရေစီနှင့်ကားအလှမ်းဝေးသည်။  
အစိုးရကသာဒီမိုကရေစီဖေါ်ဆောင်ရေးကိုပီပီပြင်ပြင်လျှင်မြန်သောနှုံးဖြင့် လုပ်ပြနိုင်လျှင်စစ်ပြိုင်နေကြသောတိုင်းရင်းသားများငြိမ်းချမ်းရေးယူလိုစိတ်ပို ကြီးမားလာလိမ့်မည်။ လက်ရှိတွင်ပင်အစိုးရကဦးဆောင်သောနိုင်ငံရေးလမ်း ကြောင်းကိုလက်ခံ၍လွှတ်တော်ထည်းရောက်နေသောတိုင်းရင်းသားတွေရှိ နေပြီဖြစ်သည်။ လွှတ်တော်ထည်းကတိုင်းရင်းသားများနိုင်ငံရေးအရပိုခရီး တွင်လာသည်နှင့်အမျှ တိုင်းရင်းသားတို့ အကျိုးစီးပွားကိုမည်သူကတကယ် ကိုယ်စားပြုသနည်း - လက်နက်ကိုင်နေသူများကလား၊ ဥပဒေပြုနေသူများ ကလားဆိုသည့်မေးခွန်းမေးသံပိုကျယ်လောင်လာလိမ့်မည်။
လက်နက်ကိုင်ဖြေရှင်းရေးနည်းလမ်း၏တရားဝင်မှုယုတ်လျှော့သွားလိမ့်မည်။ ဒေသခံပြည်သူများကိုယ်တိုင်ကလက်နက်နှင့်ဒီမိုကရေစီလဲရန်ဖိအားပေးလာ ကြလိမ့်မည်။ ထို့ ကြောင့်ကျိမ်းသေငြိမ်းချမ်းရေးရနိုင်သည့်နည်းလမ်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးအားအခွင့်အရေးအမျိုးမျိုး (concessions) ပေး၍သိမ်းသွင်းသည့်နည်းမဟုတ်ဘဲဒီမိုကရေစီကိုအရှိန်နှူံး
ကောင်းကောင်းဖြင့်ပီပီပြင်ပြင်တည်ဆောက်ပြရန်ဖြစ်သည်။
သို့ ဆိုလျှင်လမ်းခရီးတွင်ခလုပ်ကန်သင်းဖြစ်နေသောအရာများကိုပြတ်ပြတ်သား
သားဖယ်ရှားပစ်ရန်ဖြစ်သည်။ အစိုးရသစ်ခေါင်းဆောင်များမကြာခဏ
ပြောနေသောနောက်ကြောင်းပြန်၍မလှည့်တော့ပါဆိုသည့်စကားကိုသက်
သေပြနိုင်ရန်မှာရှေ့ ခရီးတွင်ကန့် လန့် ခံနေသောခလုပ်ကန်သင်းမှန်သမျှကို ရှင်းပစ်ရလိမ့်မည်။
မြန်မာသံတော်ဆင့်