Tuesday, June 19, 2012
ရခိုင်ပြည်နယ်အတွက် Border Guard Forces ဖွဲ့ စည်းပေးသင့်
Photo credit - FB 598783- 488 ---
အစိုးရသည်ရခိုင့်အရေးကို - လက်ရှိအမြင်ပြောရလျှင် - အုပ်ချုပ်ရေး (administrative/ law and order issue) ပြဿနာအဆင့်ထားကာပြည်ထောင်စုအစိုးရအဖွဲ့ ကသာကိုင်တွယ်ဖြေရှင်းနေဟန်ရှိသည်။
သို့ သော်ပြည်သူလူထုကမူ အမျိုးသားအရေး (a national concern) အဖြစ် မြင်နေကြသည်။
ထို့ ကြောင့် 7 Day News ဂျာနယ်ကလွှတ်တော်ကိုမတင် ဘူးလားဟုအစိုးရအာဏာရပြည်ခိုင်ဖြိုး ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူဦး ဌေးဦးကိုမေးခွန်းထုတ်ခဲ့သည်။ဦးသိန်းညွန့် စသောပြည်သူ့ 
လွှတ်တော်ကိုယ်စားလှယ်တို့ ကလည်းလွှတ်တော်သို့ တင်သွင်းရန်အသံမြည်လာကြပြီ။
အမျိုးသားအရေးဟုသတ်မှတ်သူများအနက်တတ်နိုင်သူများကအလှုငွေသိန်းထောင်နှင့်ချီ၍အပြိုင်အဆိုင်
လှုဒါန်းကြယုံမကဒုက္ခသည်များထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်စောင့်ရှောက်နေကြပြီဖြစ်သည်။ [ဧရာဝတီတိုင်း၌နာဂစ်မုန်တိုင်းဖျက်ဆီးပြီးချိန်ကာလကိုပြန်သတိရစရာပင်။] 
ရခိုင်အရေးနှင့်ပါတ်သက်၍တစ်ဦးချင်းခံစားချက်(emotions) များကိုအချိန်အတိုင်းအတာ တစ်ခုအထိခွင့်ပြုပေးခဲ့ကြပြီးပါပြီ။ရှေ့ ခရီးအတွက်အလုံးစုံပါဝင်သောချဉ်းကပ်နည်း (comprehensive approach) ဖြင့်အကောင်းဆုံးဟုမဆိုနိုင်သော်လည်းလက်တွေ့ အကောင်အထည်ဖေါ်ယူနိုင်မည့်
(realistic and feasible solution) အဖြေကိုစဉ်းစားကြရမည်ဖြစ်ပါသည်။
ယခုတင်ပြချက်တွင်ရိုဟင်ဂျာတွေအယ်ခိုက်ဒါနှင့်အဆက်အသွယ်ရှိကြောင်း
မြန်မာ့နယ်မြေတစ်စိပ်တစ်ပိုင်းကိုအရယူ၍နိုင်ငံထူထောင်ရန်စီမံကိန်းရှိတာတွေ
ကိုထည့်မပြောတော့ပါ။ ပြောနေစရာမလိုတော့သောကြောင့်ဖြစ်သည်။
ဘင်္ဂလားဒက်ရှ်အစိုးရနိုင်ငံခြားရေးဌာနနှင့်ဘင်္ဂလားဒက်ရှင်္မီဒီယာတို့ ကယခုကိစ္စ
၏နောက်ခံအကြောင်းသည် Jamaat -e- Islam လက်ချက်ဖြစ်ကြောင်းပြောကြသဖြင့် ကြိုတင်ကြံစည်မှုတွေပါကြောင်းခိုင်လုံသောလက်ဆုပ်လက်ကိုင်တွေရှိနေပြီ။
ပြီးခဲ့သောအဓိကရုဏ်းတွင်ဘင်္ဂလီခေါ်တောများကတနေရာတွင်လောင်ချာနှင့်ပစ်သည်ဟုခိုင်မာသော
သတင်းထွက်လာသည်။ဝှက်ထားသောသေနတ်တလက်စ၊နှစ်လက်စနှင့်ပစ်ခြင်းသည်
လက်နက်ပုန်း ပြဿနာလောက်သာဖြစ်သည်။ လက်နက်ခဲယမ်းများသေတ္တာလိုက်ဖမ်းမိခြင်း၊
RPG အသုံးပြုခြင်းတို့ ပါဝင်လာသောအခါမူလ immigration issue သည် national security issue အဖြစ်နောက်တဆင့်တက်သွားပြီဖြစ်သည်။
ယခုတဖန် national security issue သည်လူဦးရေဆက်တိုးနေသည်နှင့်အမျှလူသားချင်းစာနာရမည့်
မျက်နှာစာဘက် (humanitarian dimension) ပါကြီးထွားလာပြီးပို၍ဖြေရှင်းရခက်လာတော့မည်။ 
ယ္ခုပင်လှေများဖြင့်ထွက်ပြေးသွားကြသောအမျိုးသမီးနှင့်ခလေးများကိုဘင်္ဂလားဒက်ရှ်ဘက်က
လက်မခံဟူသည့်သတင်းကြောင့်ပြဿနာကိုဘယ်ဘက်ကစလိုက်သည်ဆိုသည့်အချက်အား
သတင်းဖတ်ပရိဿတ်ကလျှော့တွက် (discount) တာခံရလာနိုင်သည်။
ဤပြဿနာသည်သက်တမ်းရှည်လာသည်နှင့်အမျှ ‘တရားဝင်သောအရေးဆိုမှုတစ်ခု’
(a legitimate cause) ဖြစ်နေသလိုလို၊ ‘အမျိုးသားလွတ်မြောက်ရေးကျိုးပမ်းမှု’တစ်ခု
(a national liberation movement) လိုလိုကမ္ဘာ့ပရိဿတ်၏အဝေးမြင်တွင်
ထင်မြင်လာနိုင်သည်။ ထိုအခါပို၍ရှင်းရခက်လာလိမ့်မည်။
ပြောရမည်ဆိုလျှင်ပြည်ထောင်စုအစိုးရသည်မဝေးကွာလှသေးသောမိမိ၏စစ်အာဏာရှင်
အရိပ်မည်းကြောင့်နိုင်ငံတကာကသံသယမျက်လုံးများဖြင့်စောင့်ကြည့်
အကဲခပ်နေကြမည်ကိုအလေးအနက်ထည့်တွက်နေရပုံရသည်။
၎င်းအပြင်စီးပွားရေးဆန်ရှင်အပြီးတိုင်ရုပ်သိမ်းပေးရေး၊ အကူအညီအထောက်အပံ့တွေရရေး၊ E Visa စသည်ဖြင့်အစွမ်းကုန်ပြင်ဆင်ထားသောသောကမ္ဘာ လှည့်ဧည့်သည်လုပ်ငန်းအောင်မြင်ရေး တို့ သည်မြန်မာနိုင်ငံ၏ဖြစ်တည်ခါစ ပြရုပ်ကောင်း (positive image) ပေါ်တွင်မူတည်နေသည်။ ဤအချက်များကလည်းဦးသိန်းစိန်အစိုးရကိုတုပ်နှောင်ထားသလိုဖြစ်နေပုံရသည်။
သို့ သော်ရခိုင်ပြည်သူတွေကမိမိတို့ ကိုပြည်ထောင်စုအစိုးရကလုံလောက်သော
အကာအကွယ်မပေးနိုင်၊ ပေးချင်စိတ်မရှိဟုခံစားမိသွားကြလျှင်ပြည်ထောင်စုကြီးပြိုကွဲရေးကို
ရှေးရှုသွားမည့်အချက်ဖြစ်သည်ကိုလည်းဤ cost-benefit analysis ထည်းတွင်ထည့်တွက် သင့်သည်ဟုယူဆသည်။
အခြေအနေမှာလောလောဆယ်ထိမ်းချုပ်ထားနိုင်သည်ဆိုစေကာမူအချိန်မရွေးပြန်ပေါက်ကွဲမည့်အနေ
အထားဖြစ်ကြောင်းယခုရသေ့တောင်တွင်ရခိုင် ၁၁ ဦး ထပ်၍အသတ်ခံရသည်အဖြစ်ကလှစ်ပြနေသည်။
အဘယ့်ကြောင့်ဆိုသော်၎င်း၏မူလအကြောင်းတရားကအပွန်းအပဲ့မရှိနဂိုအတိုင်းရှိနေ၍ဖြစ်သည်။ 
ခိုးဝင်လာသူများကသူတို့ သည်တိုင်းရင်းသားတစ်မျိုးဖြစ်ပါသည်ဟုနိုင်ငံတကာမျက်နှာစာ
တွင်နှစ်ပေါင်း၂၀ ကျော် lobby လုပ်ထားသည်။ လက်တွေ့ အရလည်းဒီလူတွေမြန်မာ့မြေပေါ်
မှာနေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့သည့်အတွက်နှစ်တွေကြာလေသူတို့ ၏ claim
ကိုကမ္ဘာ့ပရိဿတ်ကဟုတ်သယောင်ယောင်ထင်လာနိုင်လေလေဖြစ်မည်။
၎င်းအထင်ကိုမြန်မာအစိုးရကထိထိရောက်ရောက်မချေဖျက်နိုင်ပါ။
[လ၀က၀န်ကြီးဦးခင်ရီကပြည်တွင်းမီဒီယာကိုခရီးသွားဟန်လွှဲတစ်ခွန်းမျှဖြေယုံမျှဖြင့်မလုံလောက်ပါ။]
ရခိုင်ပြည်တွင်ဒေသခံများ(အထူးသဖြင့်သံဃာတော်များကို)အလစ်ချောင်း၍တစ်ဦးချင်းလုပ်ကြံသတ်ဖြတ်ခြင်း၊ မိန်းခလေးများကိုစော်ကားပြီးအလွန်လူမဆန်သောနည်းများဖြင့်သတ်ဖြတ်ခြင်းတို့ သည်ယခုမှဖြစ်သည်မဟုတ်။
အဓိကရုဏ်းကာလအတွင်းရေတွင်းရေကန်တို့ ကိုအဆိပ်ခပ်သည်ဟူသောသတင်းများကြားရသည်။ [ဤအလုပ်မျိုးလုပ်သူများသည်မိမိအလိုကိုမလိုက်သောမိန်းခလေးများ၏မျက်နှာကိုအက်ဆစ်နှင့်ပက်သော
ယဉ်ကျေးမှုအဆင့်အတန်းမှဖြစ်ကြသည်။ မျက်နှာကိုအက်ဆစ်နှင့်ပက်ခံရသောဘင်္ဂလားဒက်ရှ်မှ မိန်းခလေးများအားကနေဒါ၌ပလပ်စတစ်ဆာဂျရီလုပ်အခမဲ့ဆေးကုပြုပြင်ပေးနေပုံကနေဒီယံ TV Program များတွင်ကြည့်ရဘူးသည်။ အမျိုးတူဘာသာတူများအပေါ်၌ပင်ကမ်းကုန်အောင်ရက်စက်သူများဖြစ်သည်။
ထိုသို့ ဆိုသဖြင့်ကျွန်ုပ်တို့ သည်ထိုသူများကိုကိုင်တွယ်ရာ၌တန်းတူရည်တူလူမဆန်သောနည်းများဖြင့်
လက်တုန့် ပြန်ရမည်ဟုမဆိုလိုပါ။
မကောင်းဆိုးဝါးကိုနှိမ်နင်းရင်းကျွန်ုပ်တို့ ကိုယ်တိုင်မကောင်းဆိုးဝါးများဖြစ်မသွားသင့်။
(In fighting monsters, we ourselves should not become monsters.) 
သို့ သော်ရှေ့ ဆက်၍ပြော့စိစိလုပ်နေလို့ လည်းမဖြစ်ပါ။ 
မြန်မာပြည်တွင်း၌ “ရိုဟင်ဂျာ” ၂ သန်းခန့် အထိရှိနိုင်သည်ဟုအိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ် 
၂နိုင်ငံစလုံးကခန့်  မှန်းသည်။ မြန်မာအာဏာပိုင်များဘက်ကမူ ရှစ်သိန်းဟုခန့် မှန်းသည်။ 
သူတို့ နှင့်ဒေသခံများပဋိပက္ခဖြစ်တိုင်းတိုင်းပြည်၏အခြားအစိပ်အပိုင်းများနေနှစ်ဘက်ဘာသာတူ
အခြားလူများအကြားမအီမလည်ဖြစ်ရသည်မှာဒီတကြိမ်သာမဟုတ်တော့။ 
ကိုးကွယ်သောဘာသာချင်းတူပေမင့်“ရိုဟင်ဂျာ”ဆိုသူတွေနှင့်မြန်မာမူဆလင်တွေယဉ်ကျေးမှုအဆင့်
အတန်းချင်းကွာခြားသည်။ မြန်မာမူဆလင်များနှင့်သာမက၊မလေးရှား၊အင်ဒိုနီးရှားတို့ ကဘာသာတူ
သူများနှင့်အများကြီးကွာခြားသည်။ ချမ်းသာသောဘရူနိုင်း၊ ဘာရိမ်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ တူရကီတို့ ကိုထည့်ပြောစရာပင်မလို။
[မလေးရှားနိုင်ငံသည် ဘော့စနီးယား၊ ကိုဆိုဗို စသည့်အရှေ့ ဥရောပမှမူဆလင် ဒုက္ခသည်များကိုလျောလျောရှုရှုလက်ခံသည်။ ဘင်္ဂလီများကိုလက်မခံလို။]
ပထမဆုံးလုပ်သင့်သည်မှာလူတွေထပ်ခိုးဝင်မလာနိုင်အောင်ထိထိရောက်ရောက်တားရေးဖြစ်မည်။ 
လာဘ်စားသောပြည်ထောင်စုအစိုးရအရာရှိများထက်ပို၍၀ံသာနုရက္ခိတဖြစ်မည့်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးသင့်သည်။
အိန္ဒိယနိုင်ငံကမူခိုးဝင်လာသောဘင်္ဂလီများကိုတံတိုင်းခတ်၍ဆီးတားယုံမကသေနတ်နှင့်
အသေပစ်ခတ်၍တားဆီး (shoot at sight policy) ရာအတော်အတန်ခရီးရောက်သည်။
အိန္ဒိယနှင့်စာလျှင်မြန်မာနှင့်နိုင်ငံတကာနယ်နမိတ်သည် ၁၇၅ မိုင်သာရှိရာထိုခြံစည်းရိုးကာ ထား၍ဖြတ်ကျော်လာသူကိုပစ်ခတ်နည်းကိုအတုယူသင့်ကယူရမည်။
တရားမ၀င်ခိုးဝင်လာသူများကိုအမေရိကန်ပြည်ထောင်စုမှာပင်ထိုနည်းကိုသုံး၍
တစိပ်တစ်ပိုင်းအားဖြင့်ဖြေရှင်းနေသည်။ Texas, Arizona နှင့် New Mexico
ပြည်နယ်များတွင်ဒေသခံ အမေရိကန်လူထုထည်းမှတက်ကြွသူများက Heavy Duty Truck
များ high power rifle များသုံး၍ခိုးဝင်လာသူမက္ကဆီကန်များကိုယ်တိုင်စောင့်ကြပ်ဖမ်းဆီးပေးနေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်းကျောင်းဆရာများ၊ ကျမ္မာရေးဝန်ထမ်းများ၊ ဆွမ်းခံကြွနေသော ရဟန်းတော်များကိုချောင်းမြောင်းသတ်ဖြတ်နေသောမူဆလင်သူပုန်များအန္တရယ်မှကာကွယ်ရန်
ထိုဝန်ထမ်းများကိုလက်နက်တပ်ဆင် ပေးထားသည်။
မြန်မာအစိုးရသည်ပြည်ထောင်စု၏အခြားအစိပ်အပိုင်းများရှိလူမျိုးစုလက်နက်ကိုင်အဖွဲ့ 
အစည်းများကိုနယ်ခြားစောင့်တပ်ဖွဲ့ များ (Border Guard Forces) ဖွဲ့ ပေး၍လခရိက္ခာ
များပေးခြင်းလေ့ကျင့်သင် ကြားပေးခြင်းများပြုလုပ်ထားပါသည်။
ယခုထိုတပ်ဖွဲ့ မျိုးများအမှန်တကယ်အရေးတကြီးလိုအပ်နေသည်မှာရခိုင်ပြည်နယ်တွင်ဖြစ်သည်။ 
ပြည်ထောင်စုအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးရထားသောရခိုင်အဖွဲ့ အစည်းရှိလျှင်လည်းတခြားပြည်နယ်
တွေမှာလိုသူတို့ ကိုဦးစားပေး၍ BGF ဖွဲ့ ပေး၊ လေ့ကျင့်သင်ကြားပေး၊စည်းကမ်းသတ်မှတ်၍တာဝန်ပေးပါ။
၎င်းအဖွဲ့ များကိုပြည်ထောင်စုအစိုးရကအုပ်ချုပ်နိုင်သော်လည်းပြည်နယ်အစိုးရကလိုအပ်သလို အနီးကပ်ကြီးကြပ်တာဝန်ပေးခွင့်ပြုပါ။
အကြောင်းမှာယခုလိုအချိန်မျိုးမှာပင်ပြည်မကလာသောလုံခြုံရေးတပ်ဖွဲ့ များသည်တဘက်မှ
တန်စိုးလက်ဆောင်များယူနေသည်ဟုဒေသခံရခိုင်များကစွပ်စွဲနေကြသည့်အတွက်ဖြစ်သည်။
ရခိုင်တွင် BGF ဖွဲ့ ပေးလျှင် "ရခိုင်တွေလက်ထဲသေနတ်ရောက်သွားပြီးကုလားတွေပစ်သတ်မှာပေါ့"
ဟုအပေါ်ယံမတွေးစေလိုပါ။ဤအချက်ကိုကောင်းစွာသတိပြု၍ပင်လူခိုးဝင်မှုတစ်ခုတည်းကိုတားဆီးရန် ကန့် သတ်တာဝန်ဖြင့်ဖွဲ့ စည်းရန်ကိုဆိုလိုပါသည်။ BGFရခိုင်ပြည်နယ်နေ လူမျိုးမရွေး၊ဘာသာမခွဲခြား အလုပ်နှင့် "သင့်တော်သူ-နိုင်ငံသား" များထည်းမှရွေးချယ်တာဝန်ပေးရန်ဖြစ်သည်။
အကယ်၍ရခိုင်ပြည်နယ်အတွက် BGF အဖွဲ့ များကိုချက်ချင်းမဖွဲ့ နိုင်သေးဘူးဆိုလျှင်လည်း လက်ငင်းလိုအပ်ချက်ကိုဖြေရှင်းရန်ပြည်ထောင်စု၏အခြားပြည်နယ်များတွင်ဖွဲ့ စည်းပြီးသား
BGF အဖွဲ့ များကိုတနှစ်တန်သည် ၂နှစ်တန်သည်အကူအညီတောင်း၍ပို့ လွှတ်သင့်သည်။ ဥပမာကရင်ပြည်နယ်က DKBA နှင့်ရှမ်း၊ ကချင်ပြည်နယ်များက BGF များ။
အကောင်းဆုံးမှာရှိပြီးသားအခြားပြည်နယ်များ၏ BGF တပ်ဖွဲ့ များမှတစ်ဦးချင်းဖြစ်စေ - တပ်ဖွဲ့ 
အလိုက်ဖြစ်စေ-စာရင်းပေး/ပူးပေါင်း၍-အရေးပေါ်သဘောဖွဲ့ စည်းကာအချိန်အတိုင်းအတာနှင့်တာဝန် ကိုကန့် သတ်ထားမည့်ပြည်ထောင်စုနယ်ခြားစောင့်တပ်ဖွဲ့ Union Border Guard Forces (UBGF) ကြီးတစ်ခုဖွဲ့ စည်းယူခြင်းဖြစ်မည်။ UBGF သည်နယ်စပ်လုံခြုံရေးကိုသာတာဝန်ယူရန်ဖြစ်သည်။
ဤသို့ ဆိုလျှင်ပြည်ထောင်စုကြီး၏ဘေးရန်အသွယ်သွယ်ကိုကာကွယ်ရန်တိုင်းရင်းသားညီအစ်ကိုတော်များ
က၀ိုင်းဝန်း၍တာဝန်ယူကြသည်ဆိုသောနိုင်ငံရေးအနှစ်သာရကို highlight လုပ်ပေးရာလည်းရောက်မည်။
လူပြောများနေသောလ-၀-က၊ န-စ-ကထည်းမှအမျိုးသားရေးကိုသစ္စာဖေါက်၍ကိုယ်ကျိုးရှာနေသော သူများကိုရှင်းလင်းပေးပါ။ခန္ဓာကိုယ်မှမကောင်းသောခြေမလက်မများကိုဖြတ်ထုတ်ရန်အချိန်တန်ပါပြီ။
နောက်ဆုံးအားဖြင့်ကျောင်းဆရာ/ဆရာမများ၊ကျမ္မာရေးဝန်ထမ်းများအား ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာလိုအခြေခံစစ်ပညာသင်ပေးပြီးလက် နက်များထုတ်ပေးထားဖို့ ၊သံဃာတော်များခရီးသွားလျှင်လိုက်လံစောင့်ရှောက်ဖို့ လိုအပ်နေပြီ။  
ထိုင်းနိုင်ငံတွင် cellphones နှင့်မော်တော်ဆိုင်ကယ်လူတိုင်းမှာရှိကြပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင်အစိုးရကထိုအရာများကိုပါတပ်ဆင်ပေးသင့်ကပေးရမည်။
မြန်မာနိုင်ငံအတွင်းသို့ ဆယ်စုနှစ်ပေါင်းအတန်ကြာကပင်ရောက်နေပြီး
အခြေတကျဖြစ်နေပြီးသားသူများအတွက်ကားနောက်တမျိုးစီစဉ်ရန်ဖြစ်သည်။
ပထမအချက်အဖြစ်တည်ဆဲရခိုင်နှင့်ဘင်္ဂလီလူဦးရေအချိုးအဆလက်ရှိထက်ပို၍
တဘက်စောင်းနင်းမဖြစ်ရန်အစိုးရကထိမ်းညှိပေးပါ။တလင်တမယားစံနစ်မကျင့်
သုံးသောဘင်္ဂလီတို့ ၏လူဦးရေတိုးနှုံးကရခိုင်ထက်များနေသည်။ ထို့ ကြောင့်
UN နှင့်ညှိနှိုင်း၍ ယခုတနည်းတဖုံအားဖြင့်စမ်းသပ်နေသည့်Two children ပေါ်လစီကိုထိထိရောက်ရောက်လုပ်ပေးပါ။ 
(တရုပ်ပြည်တွင် One Child Policyအောင်မြင်နေသည်။)
မြန်မာပြည်တွင်လူဦးရေတိုးနှုံးမြင့်အုပ်စုများကိုTwo Children Policy နည်းဖြင့်ထိမ်းချုပ်မည်ဆိုလျှင်လက္ခံနိုင်ရပေမည်။)
လက်တွေ့ နိုင်ငံတကာစံဖြစ်သောတလင်တမယားစံနစ်ကိုမလိုက်နာသောမိသားစုဖြစ်နေလျှင်
Two children ပေါ်လစီသည်ပင်မလုံလောက် ပါ။ ထိုမိသားစုမျိုး (polygamous families)
တွင်သားသမီးနှစ်ယောက်ရှိပြီးဖခင်တိုင်းကို bio-engineering (voluntary or enforced neutering) လုပ်ပေးရန်လိုအပ်မည်ဖြစ်သည်။
သို့ မှသာ၎င်းတို့ ၏ပညာရေးနှင့်ယဉ်ကျေးမှုအဆင့်အတန်းသည်ပြည်ထောင်စုတွင်းရှိမြန်
မာမူဆလင်များ၏အဆင့်အတန်းနှင့်ညီမျှလာမည်။ အခြားသူများကိုအန္တရယ်ပြုမည့်လူဆိုး များဖြစ်လာကြမည့်ဘ၀မျိုးမှလမ်းလွှဲယူနိုင်မည်၊အကြမ်းဖက်သမားတို့ ၏စည်းရုံးရေး သြဇာအောက်မှဆွဲထုတ်နိုင်မည်ဖြစ်သည်။ 
ဤနည်းများဖြင့်တဖက်တလမ်းကရခိုင်အပေါ်ဘင်္ဂလီလူဦးရေဖိအားလျှော့ပေးရာကျမည်။
တတိယနိုင်ငံများမှအစိုးရများကဒုက္ခသည်များ (refugees) အဖြစ်နှင့်မျှဝေယူလာကြစေရန် လည်းမြန်မာအစိုးရက UNHCR နှင့်ယခုထက်ပို၍ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
ရခိုင်ရှိဘင်္ဂလီတွေကိုအကုန်လုံးပြန်မောင်းထုတ်ပစ်ရန်သို့ မဟုတ်လက်စတုံး (ethnic cleansing) ပစ်ရန်မဖြစ်နိုင်။ (immoral) ဤသို့ ဆိုလျှင်၎င်းတို့ ကိုတနည်းနည်းဖြင့်နေရာချ(accommodate) ထားမှလက်တွေ့ ကျမည်ဖြစ်ပါသည်။
မည်သည့်ခြေလှမ်းကိုမျှမလှမ်းမီဤသန်းချီ၍ရှိသောလူအုပ်ကြီးကိုတစ်ဦးချင်းစာရင်းကောက်၍ သိုးနှင့်ဆိပ်ခွဲခြား(လူကောင်းနှင့်လူဆိုး)သည့်အလုပ်ကိုနိုင်နိုင်နင်းနင်းကြိုတင်လုပ်ထားရလိမ့်မည်။ 
[ယခုလက်ရှိလူရှစ်သိန်းအနက်လေးသိန်းကိုနိုင်ငံသားစီစစ်ရေးကပ်ပြား
ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။ ကျန်လူများကိုယာယီကပ်ပြား (အဖြူရောင်ကဒ်)ပေးထားပြီးခရီးသွားလာခွင့်ကန့် သတ်ထားသည်ဟုဆိုသည်။]
လွန်ခဲ့သည့်အပါတ်ကအမေရိကန်ပြည်ထောင်စုတွင် - အိုဘားမားအစိုးရက - မိဘများနှင့်အတူ (ခိုးဝင်၍) ရောက်လာစေကာမူ-အသက်၁၆နှစ်မတိုင်မီကရောက်တာဖြစ်ပြီး-တဆက်တည်းနေသက် ငါးနှစ်ထက်မနည်းရှိနေသူ-လက်ရှိအသက်သုံးဆယ်အောက်ဖြစ်ကာကျောင်း၊ကောလိပ်၊ တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားနေသူ-ရာဇ၀တ်ပြစ်မှုကင်းရှင်းသော-မက္ကဆီကန်လူငယ်များ ကိုအမေရိကန်ပြည်ထောင်စုတွင်ယာယီတရားဝင်ဆက်လက်နေထိုင်ခွင့်အစီအမံတစ်ခုကိုတီထွင်ခဲ့သည်။
ထိုမှတဆင့်အမေရိကန်နိုင်ငံသားဖြစ်လာနိုင်မည့်အစီအစဉ်တစ်ခုဆက်လက်ဖန်တီးပေးရန်လည်းအလားအလာရှိသည်။ 
(အိုဘားမားသည်ရွေးကောက်ပွဲနီးလာသဖြင့်ဦးနုလုပ်ခဲ့သလို election politics လုပ်တာလဲဖြစ်ကောင်းဖြစ်မည်။) 
ရခိုင်ရောက်ဘင်္ဂလီများကိစ္စတွင်နောက်ဆုံးပေါ်အမေရိကန်နည်းကို carbon copy ကူးရန်
မတိုက်တွန်းပါ။ အမေရိကန်များနှင့်မက္ကဆီကန်များအကြားမှာဘာသာရေးတံတိုင်းမရှိချေ။
မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာနေသလိုမျိုးဖြစ်သည်။သို့ သော်ရခိုင်ရှိဘင်္ဂလီတစ်သန်းလောက်က
ထိုကဲ့သို့ မဟုတ်။ ဘာဘဲဖြစ်ဖြစ်လက်တွေ့ ကျကျဖြေရှင်းပစ်သည့်စိတ်ထားကိုအတုယူယူသင့်သည်။
တတိယတင်ပြလိုသည့်အချက်မှာရခိုင်လူငယ်များရခိုင်ပြည်မှာနေကြရန်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးမှုကြောင့်မြန်မာနိုင်ငံသားများတိုင်တပါးသို့ ထွက်ခွာရာတွင်ရခိုင်လူငယ်များ လည်းအများအပြားပါဝင်သည်။ တခြားပြည်နယ်များအတွက်ပြဿနာမကြီးလှသော်လည်းရခိုင်ပြည်နယ် တွင်မိမိထက်ပို၍ဆင်းရဲသောတဘက်နိုင်ငံမှခိုးဝင်လာသူများကိုနေရာဖယ်ပေးသလိုဖြစ်နေသည်။
[ပြည်တွင်း၌အလုပ်အကိုင်ရှားပါးခြင်းသည်စီးပွားရေးပိတ်ဆို့ မှုဆန်ရှင်ကြောင့်လည်းဖြစ်ရာ ‘ဆန်ရှင်နိုင်ငံရေး’သည်ပြဿနာ၏တစိပ်တစ်ပိုင်း (part of the problem)ဖြစ်သည်ကိုပြော
မနေတော့ပါ။ ယ္ခုလည်းဆန်ရှင်နောက်တနှစ်ဆက်ရှိနေဦးမည်။]
လူကိုလူတံတိုင်းဖြင့်ကာကွယ်ထားခြင်းထက်အခြားဘာအစီအမံကမှပို၍မထိရောက်။ ကမ္ဘာ့နိုင်ငံအများတွင်မဟာဗျူဟာသဘော (strategic reasons) အရတိုင်းပြည်၏အချို့ သော အစိပ်အပိုင်း၌နေထိုင်သူများကိုအစိုးရကထောက် ပံ့မှုများပံ့ပိုးပေးသည်(subsidies)။ ဥပမာအစ္စရေးတွင်သိမ်းပိုက်ထားသောနယ်မြေများတွင်အခြေချနေထိုင်သူများ၊
ကနေဒါတွင်မြောက်ဘက်ဝင်ရိုးစွန်းနားနီးဒေသများတွင်နေထိုင်သူများ။
[ဤရေခဲပြင်ကြီးအောက်တွင်ရေနံသိုက်ကြီးများရှိသည်။]
ပြည်ထောင်စုအစိုးရဤအချက်ကိုမသိ၊ ဘာမှလုပ်ကိုင်မထားသေးဟုမပြောပါ။ အစိုးရတွင်ဘဏ္ဍာရေးမလုံလောက်သည်ကိုလည်းသိပါသည်။သို့ သော်အချို့ သောကိစ္စများ သည်စားစရာမရှိသော်လည်းလျော်စရာရှိရမည်။ရခိုင်သည်ပြည်ထောင်စု၏အနောက် တံခါးပေါက်ဖြစ်သည်။ ယခုထိုတံခါးပေါက်ကိုယခင်ကထက်ပိုဂရုစိုက်မှဖြစ်တော့မည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှအရွေးခံကြရသည့်ဘူးသီးတောင်မောင်တော
နယ်စပ်မှလွှတ်တော်ကိုယ်စားလှယ်များကိုဆိုလိုသည်။ (သူတို့ အထည်းကတစ်ချို့ 
သည်ဗြိတိသျှဝန်ကြီးချုပ် David Cameron လာတုံးကသံအမတ်ကြီးအိမ်တွင်တွေ့ 
ဆုံကာ၊မိမိတို့ ကိုကိုယ် “ရိုဟင်ဂျာ”များအဖြစ်မိတ်ဆက်၍မြန်မာအစိုးရကဖိနှိပ်နေကြောင်း
တိုင်တန်းသူများလည်းပါနေသည်ကိုသတိပြုမိသည်။)
ဤနေရာတွင်အခြားသူများနှင့်မတူသောမိမိ၏အမြင်ကိုတင်ပြလိုပါသည်။ ယခုမြန်မာကလက်ခံထားရသောသူတို့ ကိုယ်သူတို့ ရိုဟင်ဂျာများဖြစ်သည် တိုင်းရင်းသားတစ်မျိုးပါဟုပြောပြီးသီးသန့် နယ်မြေတစ်ခု (၀လူမျိုးစုအလားတူ)
တောင်းနေတာထက် - သူတို့ တစ်ဦးချင်းစီကမြန်မာနိုင်ငံသားအဖြစ်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလိုက်နာပါမည်၊ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိမ်ဆိုကြစေခြင်းကပို၍ကောင်းပါသည်။
လူမျိုး၊ဘာသာမရွေး “ဒီနိုင်ငံမှာမွေးလျှင်” နိုင်ငံသားပြု၍နိုင်ငံသားတာဝန်နှင့် အခွင့်အရေးများပေးအပ်သည်မှာကနေ့ ခေတ်အတိုင်းတိုင်းအပြည်ပြည်ကကျင့်
သုံးနေသောနိုင်ငံတကာထုံးစံဖြစ်သည်။
ဤနည်းလမ်းများဖြင့်သာတဘက်နိုင်ငံ၏ပိုင်နက်ကိုနတ်မြစ်၏ဒီဘက်ကမ်းသို့  တဘက်နိုင်ငံသားတွေကနယ်ချဲ့ လာခြင်းကိုကာကွယ်နိုင်လိမ့်မည်။
“မြေကိုတလက္မမျှမပေးဘဲ(ရောက်နေသည့်)လူကိုမွေးစား”လိုက်ခြင်းဟုခေါ်
လိုကခေါ်နိုင်မည်ထင်ပါသည်။(adoption and assimilation) သို့ ဖြစ်သောကြောင့် -
လူသစ်များထပ်ဝင်မလာနိုင်အောင် BGF တပ်ဖွဲ့ များသုံး၍တင်းတင်းကျပ်ကျပ်
 ထိထိရောက်ရောက်တားဆီးခြင်း -
 ရှိပြီးသားလူများ၏လူဦးရေတိုးနှုံးကို bio-engineering နည်းဖြင့်ထိမ်းချုပ်ခြင်း-
-       
 ခလေးသူငယ်များ/အထူးသဖြင့်ဤတိုင်းပြည်မှာမွေးဖွားသောခလေးများကိုရခိုင်ပြည်နယ်ပြင်ပ
(ရခိုင်များအပေါ်လူဦးရေဖိအားလျှော့စေရန်))
-         
“အစားထိုး" နိုင်ငံရေးရည်မှန်းချက်ပေးခြင်း - (offering alternative political ambition) ဆိုလိုသည်မှာ“တိုင်းရင်းသားတစ်ခုအဖြစ်အသိအမှတ်ပြုခံရရေး၊ကိုယ်ပိုင်နယ်မြေရရှိရေး”အစား “မြန်မာနိုင်ငံသားများအဖြစ်နှင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပါတာဝန်နှင့်အခွင့်အရေး
များဘောင်အတွင်းသိမ်းသွင်းခြင်း” (assimilating with Myanmar Muslim community) တို့ လုပ်ရမည်၏ယူဆပါသည်။
ချက်ချင်းအရေးတကြီးဆောင်ရွက်ရန်၂ ချက်မှာရခိုင်ပြည်နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့ 
(Border Guard Forces)များဖွဲ့ စည်းပေးရန်၊ 
 အုပ်ချုပ်ရေးဝန်ထမ်းများသာမက ပညာရေး၊ ကျမ္မာရေးဝန်ထမ်းများ
ကိုပါလက်နက်တပ်ဆင်ပေးရန်ဖြစ်ပါသည်။  
ကိုလိုနီဘ၀မှာအမြစ်တွယ်ခဲ့ပြီးလွပ်လပ်ရေးခေတ်နှစ်ပေါင်း ၆၀ ကျော်အ တွင်းနိုင်နင်းအောင်မဖြေရှင်းခဲ့သည့်ပြဿနာကိုယခုအချိန်မှစ၍လက်စသပ် သည်အထိဖြေရှင်းလျှင်ပင်ဆယ်နှစ်လောက်အချိန်ယူကောင်းယူရလိမ့်မည်။
ဘင်္ဂလားဒက်ရှ်အစိုးရထံမှယခုထက်ပိုကောင်းသောပူးပေါင်းဆောင်ရွက်မှု
ရအောင်မိမိဘက်ကရှိသမျှအားသာချက်တစ်ခုမကျန်အသုံးချစေချင်သည်။
လက်ရှိတွင်သူတို့ အစိုးရပယောဂမပါတာကိုသက်သေပြနေသည့် အဆင့်မှာဘဲရှိသည်။
မြန်မာသံတော်ဆင့်
[ဤသုံးသပ်ချက်ကိုရေးသားရာ၌၀ိုင်းဝန်းဆွေးနွေးပေးသောကနေဒါ၊ ၾသစေတ်းလ် နှင့်ဥရောပမှမိတ်ဆွေတို့ ကိုကျေးဇူးတင်ပါသည်]
Sunday, June 10, 2012
“ လူနည်းစု - လူများစု ” ခွဲခြားခြင်း၏အန္တရယ်
ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပါတ်သက်၍အနည်းငယ်မှအပ
အများစုကကိုယ့်စိတ်ထည်းမှာရှိသည်ကိုမပြောဘဲပြောသင့်ပြော
ထိုက်သောစကားများကိုသာပြောခဲ့ကြသည်ဟုယူဆသည်။
ဤမေးခွန်းကိုမူ တစ်ဦးချင်းစီကိုယ်ကြိုက်သလိုဖြေကြဘို့ ဖြစ်သည်။
‘ဒီမိုကရေစီနိုင်ငံရေး’ အတွက် “လူလိမ္မာများ” လိုအပ်ပါသည်။
သို့ သော်တခါတရံတော့  “လူမိုက်အလိုရှိသည်” ဆိုသောဆိုင်းဘုတ်ဟောင်း 
ကိုလည်းချောင်ထည်းမှဆွဲထုပ်၊ ဖုံသုတ်ကာအသုံးပြုဖို့ လိုအပ်လာတတ်သည်။   
ရခိုင်အရေးအခင်းသည်မြန်မာနိုင်ငံရေးသမားများ၏အတွင်းသဘောနှင့်နိုင်ငံရေး
အရည်အချင်းကိုစာမေးပွဲစစ်လိုက်သလိုဖြစ်သည်။
အစိုးရဆန့် ကျင်ရေးမှတပါးတခြားဘာမှမလုပ်တတ်
မလုပ်ချင်သူများက ‘ထောင်ချောက်’ ဖြစ်နိုင်တယ်ဟူသော
conspiracy theory ဟောင်းကိုဆွဲထုတ်လာလေသည်။
ဘာထောင်ချောက်လဲ - ဘယ်သူကဆင်သလဲ - ဘာကြောင့်ဆင်သလဲ။
ဘာမှအကျယ်တ၀င့်ရှင်းမပြနိုင်ချေ။
အစိုးရမှာတာဝန်ရှိနိုင်ပါသည်။ ရှိပုံမှာပြသနာဖြစ်ရခြင်းအတွက်မဟုတ်
ပြသနာကိုဖြေရှင်းပုံ၊ဖြေရှင်းနည်းနေရာ
မကျလျှင်တာဝန်လာရှိမည်ဖြစ်သည်။ 
မည်မျှချမ်းသာ၊ မည်မျှပညာတတ်၊ မည်မျှခေတ်မှီသည့်လုံခြုံရေးစံနစ်ရှိ သည့်နိုင်ငံဖြစ်နေပါစေလူယုတ်မာများကိုမတားဆီးနိုင်ပါ၊ တစ်ချိန်မဟုတ် တစ်ချိန်တော့အလစ်အငိုက်မိခံကြရတာချည်းဖြစ်သည်။
မနှစ်ကနော်ဝေနိုင်ငံတွင်အကြမ်းဖက်သမားတစ်ဦးတည်းက
လူ ၉၀ ကျော်ကိုသတ်ဖြတ်ခဲ့သည်။ 
ထို့ အတွက်နော်ဝေအစိုးရကိုအပြစ်မဖို့ နိုင်ပါ။
ယခုသုံးသပ်ချက်သည်ရခိုင်အရေးအခင်းအကြောင်းမဟုတ်ပါ။ ရခိုင်ကိစ္စအပေါ် နိုင်ငံရေးလောကသားများ၏တုန့် ပြန်ချက်ကိုနားထောင်၍
caliber တွေကို အကဲခပ်ခြင်းသာဖြစ်သည်။ 
အလုံးအရပ်ချင်းယှဉ်လျှင်ကျန်(နိုင်ငံရေးသမား)အားလုံးသည်
‘လူပုကလေး’ တွေဖြစ်ကာဒေါ်အောင်ဆန်းစုကြည်က“မနှင်းဖြူ” ဖြစ်လေသည်။ 
ရခိုင်ကိစ္စတွင်ဒေါ်အောင်ဆန်းစုကြည်သည်သူမ၏လက်သုံးစကား
တရားဥပဒေအုပ်စိုးရေး (Rule of law) ကိုပင်ထပ်ပြောသွားသည်။
ထို့ နောက်သူမသည်မြန်မာမူဆလင်ခေါင်းဆောင်များနှင့်တွေ့ ဆုံရာတွင်
တရားဥပဒေစိုးမိုးရေးအပြင်အခြား (နှစ်သိမ့်) စကားတစ်ခွန်းကိုလည်းပြောခဲ့သည်။
“… ..လူများစုဆိုတာဟာလူနည်းစုအပေါ်မှာဂရုဏာထားတတ်ရမယ်။ …… … လူများစုဆိုတာဟာကိုယ့်ရဲ့အင်အားကရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားကရှိပြီးသားမို့လို့ ပိုပြီးတော့သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ဂရုဏာတရားထားနိုင်ရမယ်။
အဲဒီတော့ကျမတို့နိုင်ငံမှာရှိတဲ့ဘာသာမရွေး၊ လူမျိုးမရွေးပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့အေးအေးချမ်းချမ်းနေတာကိုကျမမြင်ချင်တယ်။”
သားနှစ်ယောက်၏မိခင်၊ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ ‘ရွှေပြည်အေး’ 
တရားဖြစ်လေသည်။ ညီအစ်ကို ရန်ဖြစ်ကြရာမိခင်ကြီးကအစ်ကိုဖြစ်သူအား 
အငယ်ကောင်ဘာဘဲလုပ်လုပ်-အကြီးဖြစ်သူကအမြဲသီးခံရမည် 
ဟုဆုံးမပုံမျိုးဖြစ်လေသည်။
ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံသာမကကမ္ဘာအဆင့်ရှိသြဇာအရှိန်
အ၀ှာကြီးသောနိုင်ငံရေးခေါင်းဆောင်ဖြစ်လေသည်။ ဒီကနေ့ သူမပြောသော စကားတစ်ခွန်းကိုနောက်နေ့ ကမ္ဘာသတင်းစာကြီးငယ်တို့ ကအရေးတယူ
ဖေါ်ပြတတ်ကြသည်။သူမ၏စကားတစ်ခွန်းသည်အလွန်တာသွားသောကြောင့်
ကျွန်ုပ်တို့ အဖို့ လျစ်လျှူရှုမထားနိုင်၊ သုံးသပ်ကြည့်ရန်လိုအပ်သည်။
သူမ၏အလိုအရမြန်မာနိုင်ငံတွင်မူဆလင်များသည်လူနည်းစုဖြစ်၍
ဗုဒ္ဓဘာသာဝင်များသည်လူများစုဖြစ်သည်ဟုဆိုလိုပုံရသည်။
နိုင်ငံ၏လူဦးရေ (population)ကိုလူနည်းစုများနှင့်လူများစု
ဟူ၍ှနှစ်ပိုင်းခွဲခြား၍ကြည့်မြင်လေသည်။
ဤ "လူနည်းစု/လူများစု-ခွဲခြားမှု"ကိုမစစ်ဆေးဘဲအမှတ်တမဲ့လက်ခံထားမိသူ 
လူပြိန်းတစ်ဦး၏အမြင်တွင် ‘လူများစု’ (တွေ)ကအိမ်ရှင်ဖြစ်နေကြသလိုလို၊ 
‘လူနည်းစု’(တွေ)က ဧည့်သည်တွေ - အိမ်ငှားတွေလိုလိုဖြစ်လာနိုင်သည်။ 
ကျွန်ုပ်တို့ သည်တစ်ခါတရံ “ဒို့ တိုင်းပြည်မှာနေ-ဒို့ ထမင်းကိုစားပြီး-ဒို့ ကိုစော်ကားသည်။” ဟူသောအပြောအဆိုမျိုးသုံးစွဲတတ်ကြားကြရတတ်သည်။ ဤစကားတွင် 
“ငါတို့ ကအိမ်ရှင်၊သူတို့ ကဧည့်သည်”ဟူသောဓါတ်ခံပါနေသည်။
“သူတို့ ”ဆိုသည့်ရည်ညွှန်းခံအုပ်စုသာအချိန်အခါအလိုက်ပြောင်းနေလိမ့်မည်။
ထို “သူတို့ ”သည်အချိန်တစ်ချိန်တွင်‘ကုလားတွေ’ဖြစ်နေပြီး၊ နောက်တစ်ချိန်တွင် ‘တရုပ်တွေ’ ဖြစ်နေတတ်သည်။ လောလောဆယ်တော့ ‘ရိုဟင်ဂျာ’ ဆိုသူတွေဖြစ်နေသည်။
[‘ကုလား’ဟူသောအသုံးအနှုံးကိုအရပ်သားပြော colloquial term အဖြစ်သုံးထားသည်။
Negative connotations မပါ-ပါ။ ]
မျက်မှောက်ခေတ်သမတနိုင်ငံ(Republic)များတွင်တရားဝင်
မှီတင်းနေထိုင်ကြသောလူဦးရေတစ်ရပ်ကိုနိုင်ငံတော်နှင့်နိုင်ငံသားများ
(state and citizens) ဟူ၍သာပိုင်းခြား၍သတ်မှတ်ရပါမည်။
နိုင်ငံသားထု (citizenry) ကိုထပ်၍မခွဲစိပ်သင့်တော့ပါ
သို့ မှသာဥပဒေ၏ရှေ့ မှောက်တွင်အားလုံးတန်းတူကြမှာဖြစ်ပါသည်။ (equal before the law)။
အားလုံးတတန်းတည်းထားမှသာဥပဒေကအုပ်စိုးနိုင်ပါလိမ့်မည်။(Rule of law)
မြန်မာမူဆလင်များကိုမေးကြည့်ပါ။ သူတို့ ကိုလူနည်းစုအဖြစ်သတ်မှတ်၍ (ဗမာ/ဗုဒ္ဓဘာသာ)လူများစုထက်ပို၍အထူးအခွင့်အရေးပေးစေချင်သလား။ 
သို့ မဟုတ်ဗမာနှင့်ကျန်လူမျိုးတွေအားလုံးနည်းတူနိုင်ငံသားများ (citizens) အဖြစ်တတန်းတည်းထားသတ်မှတ်၍အခွင့်အရေးတန်းတူပဲလိုချင်သလား။
ဆရာကြီးဦးရာဇတ်အားဗိုလ်ချုပ်အောင်ဆန်းကမြန်မာမူဆလင်များ
အတွက်ကောပြည်နယ်လိုချင်သလားဟုမေးခဲ့သည်ဟုဖတ်ဘူးပါသည်။ 
ဦးရာဇတ်ကမလိုချင်ပါ။ ဗမာတွေနဲ့ တန်းတူရည်တူနိုင်ငံသားတွေအဖြစ်နှင့်
သာအများနည်းတူနိုင်ငံအနှံ့ ကိုယ်နှစ်သက်ကြရာနေရာတွေမှာလွပ်လပ်စွာ
အခြေစိုက်နေချင်ကြောင်းပြန်ဖြေသည်ဟုဖတ်ရဘူးပါသည်။
[ဦးရာဇတ်အမြော်အမြင်ကြီးပါပေသည်။ သူသာဂျင်းနား (Ali Jinner) လို မူဆလင်ပြည်နယ်တစ်ခုသတ်သတ်ယူခဲ့လျှင်မြန်မာမူဆလင်တွေသည် - အိန္ဒိယလွပ်လပ်ရေးယူစဉ်တုံးကပါကစ္စတန်ဘက်ပြောင်းကြရသလိုပြောင်း
ရွှေ့ ပေးရပြီးကနေ့ ဘူးသီးတောင်၊ မောင်းတောလိုနေရာမျိုးလောက်မှာ
ပင်ပြွတ်သိပ်၍ကျပ်တည်းစွာနေကြရပေလိမ့်မည်။]
အပိုင်း (၂)
မြန်မာမူဆလင်တွေဟာလက်တွေ့ မှာလူဦးရေအရဗမာ(ဗုဒ္ဓဘာသာ)တွေ ထက်လူဦးရေနည်းမနေဘူးလား၊ ဒေါ်အောင်ဆန်းစုကြည်ပြောတာမမှားဘူး
ဟုငြင်းခုံကောင်းငြင်းခုံကြလိမ့်မည်။
ကျနော့်အမြင်တွင်သူမ မမှားသလို မှန်လည်းမမှန်ဘူးဟုသာပြောလိုသည်။
“လူနည်းစု” ဟူသောသတ်မှတ်ချက်ကိုနှိုင်းရသဘောအရဖြစ်သောလူနည်းစု
(relative minority) နှင့် ပကတိလူနည်းစု (absolute minority) ဟူ၍ထပ်
ခွဲခြားနိုင်သည်။ လူဦးရေ ၅၆ သန်းခန့် (အစိုးရစာရင်း) ရှိသောမြန်မာပြည်
တွင်မြန်မာမူဆလင် (မြန်မာမူဆလင်မိတ်ဆွေရင်းတစ်ဦး၏ခန့် မှန်းချက်အရ
ရှစ်သန်းလောက်ရှိပါသည်။) 
တနိုင်ငံလုံးအနှံ့ ကျန်လူများနှင့်ရောနှောနေ သောကြောင့်၊သီးသန့် 
တနေရာတည်းမှာတစုတဝေးတည်းမမြင်ရ၍သာနည်းသည်ဟုထင်ရသည်။
စင်စစ်တစ်နိုင်ငံလုံးရှိမြန်မာမူဆလင်ဦးရေသည်တစ်နိုင်ငံလုံးနေ
ရခိုင်လူမျိုးဦးရေထက်ပိုများပါသည်။
ထို့ နည်းတူဗမာမှအပကျန်အခြားတိုင်းရင်းသားလူမျိုးစုများ
(ဥပမာ ကချင်၊ ချင်း၊ မွန်၊ ရှမ်း၊ ၀၊ တရုပ်၊ ဟိန္ဒူ) တို့ ထက်လည်းလူဦးရေပိုများသည်။ ထို့ ကြောင့်မြန်မာမူဆလင်များသည်(ဗမာများနှင့်သာ)နှိုင်းရသဘောအရလူနည်းစုဖြစ်ကြသည်။
တကယ့်ပကတိသဘော(in absolute term) အရတော့လူနည်းစုမဟုတ်။ 
ထို့ ကြောင့်မြန်မာမူဆလင်များကိုယ်တိုင်ထံမှသူတို့ ကိုယ်သူတို့ 
လူနည်းစုတွေပါဟုပြောကြသံမကြားရပါ။ နှိုင်းရသဘောကိုဖယ်၍
တကယ့်အနေအားဖြင့်ကြည့်လျှင်သူတို့ သည်အပေါ်ယံကြည့်
ယုံဖြင့်မမြင်ရသောလူများစု (invisible majority)တစ်ခုဖြစ်နိုင်သည်။
ကမ္ဘာ့သမိုင်းကိုခြေရာကောက်ကြည့်သောအခါ‘လူနည်းစု-လူများစု’
ခွဲခြားခြင်းသည်နယ်ချဲ့ သမား၏အင်ပါယာစံနစ် (imperialism)
တွင်မြစ်ဖျားခံနေသည်ကိုတွေ့ ရပါလိမ့်မည်။ (Ref: Wikipedia)
ရောမအင်ပါယာရှင်ဆီဇာခေတ်၊ ထို့ နောက်ပြင်သစ်ဧကရာဇ်နပိုလီယံ တို့ မှစ၍နောက်ပိုင်းဗြိတိသျှအင်ပါယာတည်ဆောက်သူများအထိ
ကိုလိုနီနိုင်ငံများတွင်အုပ်စိုးခံများအားအကြောင်းပြချက်တစ်ခုခုဖြင့်
လူများစုနှင့်လူနည်းစု(များ)ဟူ၍ ၂ပိုင်းခွဲ၍အုပ်ချုပ်ခဲ့ကြသည်။
ဤသည်ကိုခွဲခြား၍အုပ်စိုးခြင်း (divide and rule) ဟူ၍လည်းသိကြသည်။
“လူနည်းစု”ဟူ၍အင်ပါယာကိုအုပ်စိုးသူကရွေးချယ်သတ်မှတ်ခံရသူလူမျိုးတစ်ခုသည်
ခေတ်မှီအုပ်ချုပ်ရေးပညာ၊ စစ်ပညာများလေ့ကျင့်သင်ကြားပေးခံရ၍၄င်းတို့ 
ကိုလက်ကိုင်ပြု (proxy) ကာ - လူများစုများကိုအုပ်စိုးလေသည်။
ထို့ ကြောင့် လူနည်းစု/လူများစုခွဲခြားခြင်းသည်အုပ်စိုးသူ၏အလုပ်ဖြစ်သည်။
ထပ်၍သတိပြုစရာမှာလူနည်းစုကိုသတ်မှတ်ရာ၌ တကယ့်ပကတိလူနည်းစု 
(absolute minority) စစ်စစ် တစ်ခုကိုအုပ်စိုးသူကမရွေးချယ်ပါ။ အကြောင်း မှာတကယ့်ပကတိလူနည်းစုတစ်ခုသည်လူဦးရေအလွန်နည်းလွန်းနေ
အလွန်လည်းခေတ်နောက်ကျနေတတ်၍ဖြစ်ပါသည်။အသုံးမတည့်ပါ။ 
ထို့ ကြောင့်လူများစုနှင့်နှိုင်းယှဉ်ချက်အရသာလျှင်လူနည်းစုဖြစ်နေသော
အခြားအုပ်စုတစ်ခုခုကိုရွေးချယ်တတ်ပါသည်။
ကိုလိုနီခေတ်မြန်မာနိုင်ငံတွင်ဗမာလူများစုနှင့်နှိုင်းယှဉ်လျှင်ရှမ်းများ၊ မွန်များ၊ ရခိုင်များသည်လည်းလူနည်းစုများပင်ဖြစ်သော်လည်းသူတို့ သည်ဗမာများနှင့် ကိုးကွယ်ရာဘာသာချင်းတူနေသဖြင့်ဘာသာရေးအရလူနည်းစု 
(religious minority) မဟုတ်ကြ။ 
ထို့ ကြောင့်ဗမာမဟုတ်၊ ဗုဒ္ဓဘာသာလည်းမဟုတ်သောအခြား“လူနည်းစု” တစ်ခုကိုသာရွေး၍လက်စွဲပြုသွားသည်ကိုတွေ့ ရမည်ဖြစ်ပါသည်။ 
ထို့ ကြောင့်လူနည်းစု (minority) ဆိုသည်မှာနယ်ချဲ့ သမားကသူ
အသုံးချရန်တီထွင်ခဲ့သောနိုင်ငံရေးထွင်လုံး (political construct)
တစ်ခုလည်းဖြစ်သည်။
ကိုလိုနီနိုင်ငံများလွတ်မြောက်လာချိန်တွင်ထိုသို့ လူနည်းစုအမည်တပ်ကာ
အသုံးချခံရသည့်လူမျိုးစုသည်နယ်ချဲ့ သမားကိုယ်စားလက်စားချေခံရသည့်ဖြစ်
ရပ်များနိုင်ငံအများအပြားတွင်ဖြစ်ခဲ့လေသည်။ အာဖရိကတိုက်ရှိရ၀မ်ဒါနိုင်ငံ 
(Rawanda) တွင်ဟူတူ(Hutu)လူများစုကဘယ်လ်ဂျီယံနယ်ချဲ့ သမား
ကမြှောက်စား၍အသုံးချခံရသောတွတ်ဆီ (Tutsi) လူနည်းစုဝင်
လူဦးရေသန်းတစ်ဝက်လောက်ကိုမျိုးတုံးနီးပါးသတ်ဖြတ်ခဲ့သည်။
ဤလူနည်းစု-လူများစုခွဲခြားသတ်မှတ်၍အုပ်စိုးခြင်းသည်ကိုလိုနီများအားလွပ်
လပ်ရေးပေးရချိန်အထိအသုံးတည့်လှသည်။ အိန္ဒိယပြည်ကိုလွပ်လပ်ရေးပေး
ချိန်တွင်မူဆလင်လူနည်းစုကိုဟိန္ဒူလူများစုကအနိုင်ကျင့်လိမ့်မည်ဟူသော
ဗြိတိသျှအစိုးရ၏ချောက်လှန့် ချက်ကိုမူဆလင်ခေါင်းဆောင်မိုဟာမက်
အလီဂျင်နားကနားယောင်သွားသဖြင့်ပါကစ္စတန်ဟူသောအမည်ဖြင့်
သီးခြားနိုင်ငံတစ်ခုခွဲထောင်သွားလေသည်။
စင်စစ်အိန္ဒိယဘက်ခြမ်းတွင်ကျန်ရစ်သောမူဆလင်
လူဦးရေသည်ပါကစ္စတန်ထက်ပိုများပါသည်။
ယနေ့ အထိလည်းထိုအတိုင်းပင်။
[အကယ်၍သာထိုအချိန်က (၁၉၄၇) ပါကစ္စတန်နိုင်ငံဟူ၍ခွဲမထွက်ခဲ့လျှင်
၁၉၇၀ ခုနှစ်တွင်ဘင်္ဂလားဒက်ရှ်ဟူသောနိုင်ငံသစ်တစ်ခုထပ်၍ပေါ်လာစရာ
အကြောင်းမရှိ။ ထိုသို့ ဆိုလျှင်အိန္ဒိယနိုင်ငံ၏ ဧရိယာသည်ယခုထက်
အများကြီးပိုကျယ်ဝန်းနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ လည်းခိုးဝင်လာမည့် 
ဘင်္ဂလီများပြဿနာယခုလောက်ကြီးလိမ့်မည်မဟုတ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ 
သားများသည်မြန်မာဘက်ကိုသာတရားမ၀င်ခိုးဝင်နေသည်မဟုတ်အိန္ဒိယ 
ဘက်ခြမ်း(အနောက်ဘင်္ဂလားနယ်ထည်း)သို့ လည်းခိုးဝင်နေကြသည်။ 
လူမျိုး၊ဘာသာစကားချင်းတူနေသဖြင့်ဦးရေအားဖြင့်မြန်မာထည်းဝင်သည့်
ထက်ပင်ပိုများသေးသည်။]
[နောက်လအနည်းငယ်အကြာမြန်မာနိုင်ငံကိုလွပ်လပ်ရေးပေးရချိန်
တွင်လည်းဤလူနည်းစု/လူများစုသွေးခွဲနည်းကိုဗြိတိသျှအစိုးရက
အသုံးပြုရန်ကြိုးစားသေးသော်လည်းမြန်မာအမျိုးသားခေါင်းဆောင်အား
လုံးတို့ ၏အမြင်ကျယ်မှုကြောင့်မအောင်မြင်ခဲ့။]
ထို့ ကြောင့် နိုင်ငံတစ်နိုင်ငံအတွင်းရှိနိုင်ငံသားများကိုလူနည်းစု/လူများစုဟူ၍ ထပ်မံခွဲခြားသည့်နယ်ချဲ့ စံနစ်၏လက်ကျန်အလေ့အကျင့်တစ်ခုကိုမသိသား
ဆိုးဝါးစွာဆက်သုံးနေမိခြင်းကိုသတိပြုမိဘို့ ကြလိုသည်။ 
ဤခွဲခြားမှုကြောင့်ကောင်းဖို့ ထက်ဆိုးဖို့ ကပိုများပါသည်။
ဒေါ်အောင်ဆန်းစုကြည်လိုနိုင်ငံရေးသြဇာကြီးသူတစ်ဦးကိုယ်တိုင်က
‘လူနည်းစု-လူများစု’ခွဲခြားပြမှုကြောင့်နိုင်ငံသားများ (citizens) သည်မိမိတို့  
ကိုယ်ကိုလူနည်းစုဝင်လော - လူများစုဝင်လောဆန်းစစ်၍အုပ်စုတစ်ခုခု
ဝင်ဖြစ်သည်ဟုယုံကြည်သွားကြလိမ့်မည်။ထိုအခါ -
-        
   လူများစုထည်းကရမ်းကားလိုသူများကိုတက်ကြွလာစေသည်။
အသားလွတ် - အကြောင်းမဲ့ - မောက်မာလာစေသည်။
-        လူများစုထည်းကသာမန်လူများကိုမူ ‘လူများစုဖြစ်နေတာနဲ့ ပဲ
အရာရာကိုအလျှော့ပေးသီးခံနေရတော့မှာလား’ဟူသောမေးခွန်း
    ဖြင့်ထာဝစဉ်ဘ၀င်မကျဖြစ်နေစေသည်။
-       လူနည်းစုထည်းမှရမ်းကားလိုသူများကိုထာဝစဉ်တပ်လှန့် ပေး
ထားရာကျသည်။တစ်ချို့ ကိုစစ်သွေးကြသူများ(militants) ဖြစ်လာစေသည်။
    ပြဿနာကိုလိုတာထက်ပို၍တုန့် ပြန်စေသည် (over-reaction)
-       သွေးရိုးသားရိုးဖြစ်ရပ်များကိုပင်အဓိပ္ပါယ်ကောက်လွဲစေသည်။
(ဥပမာ ကိုမြအေးပြောသော ‘ထောင်ချောက်’)
-       လူနည်းစုထည်းမှသာမန်လူများကိုထာဝစဉ်ထိပ်လန့် နေစေသည်။
အားကိုးရာအဖြစ်နိုင်ငံတော်အစိုးရ(law and order enforcement agencies)ကိုအားကိုးသူနှင့်အစွန်းရောက်များကိုအားကိုးမိသူ
ဟူ၍နှစ်ပိုင်းကွဲထွက်သွားစေသည်။ (အစွန်းရောက်သူများမိမိတို့ ၏
သွေးသားထည်းမှာရှိလျှင်) သူတို့ ၏ခံစားချက်များ(ဒုက္ခများ)ကို
နားလည်စာနာမိရာမှနောက်ဆုံးအားကိုးမိ/ကူညီမိသွားတတ်သည်။
-        တိုင်းပြည်ကိုအုပ်ချုပ်သူအစိုးရအနေဖြင့် “လူနည်းစု-လူများစု”
အစွဲ (prejudice) ၀င်နေပြီးသားလူထုကိုအုပ်ချုပ်ရအလွန်ခက်သည်။
ဘက်လိုက်သည်’ ဟူသောစွပ်စွဲချက်နှင့်အမြဲရင်ဆိုင်နေရမည်။
-        အစိုးရကိုယ်တိုင်ကနိုင်ငံတော်အာဏာ၌တရားဝင်မှုပြဿနာနှင့်ရင်ဆိုင်
(when its legitimacy in power is questionable) နေရလျှင်ပို၍ခက်သည်။
လတ်တလောရခိုင်အရေးတွင်ဒေါ်စု၏ “လူနည်းစု”ကိုကြင်နာပါဟူသော
စကားနောက်ကစေတနာကိုသိပါသည်။ သို့ သော်ထိုစကားသည်နိုင်ငံရေး
အရမှားယွင်းသောအဓိပ္ပါယ်သတ်မှတ်ချက်တစ်ခုအပေါ်အခြေစိုက်
ထားသည်ကိုတော့လက်ခံ၍မဖြစ်နိုင်။
မြန်မာမူဆလင်များသည်အထက်ကတင်ပြခဲ့သောအချက်များအရ
မြန်မာနိုင်ငံတွင်တကယ့်အရှိအဖြစ်အရလူနည်းစုမဟုတ်ပါ။
သူတို့ သည်အခြားသူများနည်းတူ“နိုင်ငံသားများ”(citizens)သာဖြစ်ကြပါသည်။ အခြားသူများထက်ဘာအခွင့်အရေးမှလည်းပို/လျှော့ယူချင်ကြလိမ့်မည်မဟုတ်ပါ။ 
အထူးသဖြင့် “လူနည်းစု” အဖြစ်သတ်မှတ်ခံ၍ “လူများစု”၏
မဟာဂရုဏာတော်အောက်တွင်နေလိုကြလိမ့်မည်မဟုတ်ပါ။ 
ဤသို့ နေကြလျှင်လည်းဒုတိယတန်းစားနိုင်ငံသားတွေ 
(second class citizens) ဖြစ်ကုန်ကြလိမ့်မည်။ 
ထို့ ကြောင့်သူတို့ ကို “လူနည်းစု”ဟုသတ်မှတ်၍ဆက်ဆံခြင်းကို
သူတို့ ကိုယ်တိုင်ကနှစ်သက်ကြလိမ့်မည်မဟုတ်ပါ။
နိုင်ငံရေးတွင်လူနည်းစုအခွင့်အရေးများ (minority rights)
ကိုကာကွယ်ပေး ထားသောနေရာတစ်ခုတော့ရှိပါသည်။
ပါလီမန်အတွင်း၌ဖြစ်သည်။ လူများစု၏ဆန္ဒတိုင်းကိုဒီမိုကရေစီကို
အသုံးချ၍လူနည်းစုအပေါ်အတင်းအဓမ္မပြဌန်းယူတာ
(Tyranny of majority) မဖြစ်အောင်အထူးကိစ္စအနည်းငယ်
တွင်ဥပဒေဖြင့်ကြိုတင်တားဆီးပေးထားသည်။ 
သို့ သော်ချွင်းချက်သာဖြစ်၍ပုံမှန်အားဖြင့် ဒီမိုကရေစီ၏
တရားကိုယ်ဖြစ်သော “အများစုဆန္ဒအတည်” (majority rule)
ကိုအပျက်အစီးမခံပါ။
မြန်မာစကားတွင် “ဆင်သွားရင်လမ်းဖြစ်သည်”ဟူသောစကားတစ်ခွန်းရှိသည်။ သို့ သော်ဆင်ကန်းတောတိုးသလိုသွားသည့်နောက်ကိုလိုက်လို့ လည်းမဖြစ်။
လူနည်းစု-လူများစုခွဲခြားခြင်းသဘောအရသာဆိုလျှင်
ဗမာတွေနှင့်နှိုင်းစာလျှင်ကျန်လူတိုင်းသည်လူနည်းစုတွေဖြစ်ကုန်သဖြင့်
သိမ်မွေ့ သောနည်းဖြင့်ဗမာနှင့်ဗမာမဟုတ်သူတိုင်းကို
‘ရန်ဘက်’အနေအထားမှာ "တည်" ထားပေးလိုက်သလိုဖြစ်နေသည်။
ဖြစ်သင့်သည်မှာလူမျိုး၊ ဘာသာကိုးကွယ်မှု လူဦးရေစသည့်သတ်မှတ်ချက်တွေမရှိ၊ လူတိုင်းကိုအားလုံးတန်းတူနိုင်ငံသား(citizens) တွေချည်းအဖြစ်ရှုမြင်ရမည်ဖြစ်သည်။
ဤသည်မှာဒီမိုကရေစီ၏အုပ်မြစ်ဖြစ်သောလူကို‘လူသက်သက်’အဖြစ်သာ
သတ်မှတ်သောတစ်သီးပုဂ္ဂလလူသားဝါဒ (individualism)နှင့်လည်းကိုက်ညီသည်။
ဒီမိုကရေစီသည်လွပ်လပ်မှု၊ တသီးပုဂ္ဂလ၀ါဒနှင့်အကန့် သတ်ခံအစိုးရ 
(Liberty, individualism and limited government) ဆိုသည့်ဒေါက်
သုံးခုအပေါ်အခြေပြုသည်ဟုအမေရိကန်ဒီမိုကရေစီကိုနေရာတကျပြန်ထားရန်
အားထုတ်နေသူအောက်လွှတ်တော်အမတ်ရွန်ပေါလ် (Ron Paul - Rep./Texas) ကပြောသည်။
နိဂုံးချုပ်ရလျှင်ယခုသုံးသပ်ချက်၏အစတွင်ပြောခဲ့သည့်အတိုင်းရခိုင့်အရေး
(ကျွန်ုပ်တို့ ခေတ်၏ဓည၀တီအရေးတော်ပုံ) သည်မြန်မာနိုင်ငံရေးသမားတွေ
ကိုရှေ့ ခရီးအတွက်အရည်အချင်းစစ် ‘ပထမအစမ်း - စာမေးပွဲ’လိုဖြစ်နေသည်။
အာဏာရှင်ခေတ်တလျှောက်အစိုးရဆန့် ကျင်ရေးနိုင်ငံရေးတစ်မျိုးတည်း ကိုလုပ်တတ်ရုံဖြင့်နေရာရခဲ့သောသူများသည်ရှေ့ တွင်လာမည့်အမျိုး
မျိုးထွေပြားသောစိန်ခေါ်မှုများ(diverse challenges)
အတွက်အရည်အချင်းသစ်များထပ်ဖြည့်ကြဘို့ လိုနေသည်။
ယခုအခါ နိုင်ငံရေးသမားများအနောက်ဒီမိုကရေစီနိုင်ငံများသို့ နိုင်ငံရေးလေ့
လာရေးခရီးများထွက်နေကြသည်။အလွန်ကောင်းသောအစီအစဉ်တစ်ခုဖြစ်သည်။
သို့ သော်မိမိတို့ မှာ“ဓါတ်ခံကောင်း”ရှိပြီးသားဖြစ်နေဘို့ တော့လိုမည်။
သို့ မဟုတ်လျှင်ပြည်ပကိုအထင်ကြီး၊ ပြည်ပကညွှန်ကြားချက်တွေကို
ဦးထိပ်ရွက်ကာပြန်လာကြလိမ့်မည်။
လတ်တလောရခိုင်ကိစ္စကဲ့သို့ ပူပူနွေးနွေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေးကိစ္စ
(national security issue) ကကျန်ကိစ္စများကိုကျော်လွှားတက်လာသောအခါ မျိုးတွင်ဘက်လိုက်သောရပ်တည်ချက်များ၊ မေးခွန်းများနှင့်ရင်ဆိုင်ရဘို့ ရှိသည်။ 
ဥပမာဘိလပ်သို့ တစ်ခေါက်ပြန်မည့်ဒေါ်အောင်ဆန်းစုကြည်အား
Burma Campaign UKလိုအဖွဲ့ မျိုးတွေနှင့်ရိုဟင်ဂျာဆန့် ကျင်ရေး
အမျိုးသားရေးအုပ်စုတွေကစိတ်အားထက်သန်စွာဖြင့်စောင့်နေကြပါလိမ့်မည်။
ကျွန်ုပ်တို့ ခေတ်“ဓည၀တီအရေးတော်ပုံ”သည်“လူပုကလေးများ”အတွက်
အစမ်းစာမေးပွဲဖြစ်ပေမည့် “မနှင်းဖြူ” အတွက်မူ စာမေးပွဲကြီးဖြစ်နိုင်သည်။
မြန်မာသံတော်ဆင့်
Tuesday, June 5, 2012
ဘာသာရေး လူမျိုးရေးပြဿနာ များဖြေရှင်းကြရာတွင် --
“People are unable to forgive what they cannot punish.” 
- (a line from a textbook on international human rights)
ရခိုင်ပြည်နယ်တွင်မိန်းခလေးတစ်ဦးအားဝိုင်းဝန်း၍မုဒိမ်းကျင့်၊
လူကိုသတ်ပြီး၊ပစ္စည်းတွေပါယူသွားသောအမှုတစ်ခုဖြစ်ခဲ့သည်။
ကျူးလွန်သူများသည်လူမျိုးဘာသာခြားဖြစ်နေယုံမက
ဘက်နှစ်ဘက်ရာဇ၀င်သဘောရန်စောင်နေကြသည်မှာလည်း
လွပ်လပ်ရေးခေတ်မတိုင်မီကတည်းကဖြစ်ရာ
ယခုအမှုသည်လူမျိုးရေး၊ဘာသာရေးသဘောဆောင်လာ
ကာနောက်ရက်ပိုင်းအတွင်းပြည်နယ်၏အခြားတနေရာ၌
လက်စားချေပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။ 
အသက်တစ်ချောင်းအတွက်အသက်ဆယ်ချောင်းအလျော်ယူလိုက်လိုဖြစ်ခဲ့သည်။ 
ထိုမျှနှင့်မပြီးဘဲပြည်နယ်မြို့ တော်စစ်တွေတွင်ပုလိပ်ပစ်သဖြင့်လူတွေ ဒဏ်ရာရထားသောသွေးသံရဲရဲပုံများအင်တာနက်တွင်တက်လာသည်။
စစ်တွေကအဖြစ်အပျက်သည်ကျောက်နီမော်ကမုဒိမ်း၊လူသတ်မှုကြောင့်သွေးဆူနေ
သောလူအုပ်ကြီးကအခြားအမှုတစ်ခုဖြင့်ရဲစခန်းကိုတိုက်ခိုက်မှုဖြစ်သည်။
အုပ်ချုပ်ရေးဘက်ကအကိုင်အတွယ်မတတ်လျှင်
အစိုးရသည်အချောင်တရားခံဖြစ်လာနိုင်သည်။
ဖြစ်ခဲ့ဘူးသည့်သမိုင်းသာဓကလည်းရှိခဲ့သည်။
ပြဿနာတွေကြောင့်ဒုက္ခမဖြစ်၊ ဖြေရှင်းနည်းတွေကြောင့်သာဒုက္ခဖြစ်တတ်သည်။
မည်သည့်ခေတ်၊မည်သည့်အစိုးရလက်အောက်၌မဆိုလူ့ အဖွဲ့ အစည်းအတွင်း
လူအုပ်စုကြီးနှစ်ခုအဓိကရုဏ်း (communal strife) ဖြစ်လာလျှင် အုပ်ချုပ်ရေးသမားကဖြေရှင်းပေးသောနည်းသည်အောက်ပါလေးမျိုး
အနက် တစ်ခုခုသာဖြစ်နေတတ်သည်။ 
၁. နှစ်ဘက်စလုံးကျေနပ်တဲ့ဖြေရှင်းနည်း - ရှာမှရှား - မရှိသလောက်နီးပါး
၂. နှစ်ဘက်စလုံးမကျေမနပ်ဖြစ်ကျန်ရစ်တဲ့ဖြေရှင်းနည်း - အများဆုံး နှင့် အမြဲတမ်းနီးပါးဖြစ်
၃. ခံရတဲ့ဘက်ကကျေနပ်တဲ့ဖြေရှင်းနည်း - အဆုံးတွင်ခံရသူကိုယ်စားလက်စားချေပေးခြင်းဖြစ်သွားတတ်
၎. ပြုတဲ့သူဘက်ကကျေနပ်တဲ့ဖြေရှင်းနည်း - ကျူးလွန်သူသည်အုပ်စိုးသူအသိုင်းအ၀ိုင်းနှင့်  ၀င်ဆံ့နေသောအခါ 
 (ဥပမာသတင်းထောက်ကိုပါးရိုက်သောရုပ်ရှင်မင်းသမီးအားစီးကရက်တစ်ဘူးဘိုးစာမျှဒဏ်ရိုက်သောအမှုမျိုး)
ယခုပြဿနာ၏မူလဇစ်မြစ်သည်လတ်တလောအဖြစ်အပျက်များထက်
ပို၍ကျယ်ပြန့် နက်ရှိုင်းသည်။ တအုံ့ နွေးနွေးဖြစ်နေသည်မှာကြာပြီ။
လူတိုင်းပါးစပ်ကဘယ်လောက်လစ်ဘရယ်ကျနေစေကာမူကိုယ့်သွေးသားကိုထိလာလျှင်
နာတတ်သည့် လူ့ သဘာဝကိုမည်သူမှတကယ်တမ်းမလွန်မြောက်နိုင်။ 
ကိုယ်တိုင်မခံစားရသူများကိုရွှေပြည်အေးတရားဟောခြင်းခိုင်းဖြင့်လည်း မရနိုင်။
ပြစ်ဒဏ်ထိုက်သင့်သူများကိုအမြန်ဆုံးနှင့်ထိထိရောက်ရောက်ပြစ်ဒဏ်ပေးပြရမည်။ တည်ဆဲဥပဒေပြဌန်းချက်ဖြင့်လူထုခံစားချက်ကိုမပြောင်းလဲနိုင်လျှင်တရားရေးရှုဒေါင့်
 (Judicial aspect) အပြင်နိုင်ငံရေးရှုဒေါင့် (Political aspect) ကိုပါပေါင်းထည့်၍ကျေနပ်သည်အထိဆောင်ရွက်ရန်သာရှိသည်။
ယခုကိစ္စတွင်နိုင်ငံရေးရှုဒေါင့်ကိုပါထည့်သွင်းဖြေရှင်းရန်လိုအပ်မည်လား။ 
ရခိုင်လူထုကျေနပ်အောင်တစ်ခုခုကိုလျှင်လျှင်မြန်မြန်နှင့်ပြတ်ပြတ်သားသားလုပ်ပြသင့်သည်။ (အစိုးရသစ်ခေတ်တွင်ရခိုင်ပြည်နယ်သားများသည်ယခင်ကထက်ပို၍နိုင်ငံရေးနိုးကြားသည်။ မိမိတို့ ပြည်နယ်သည်ပြည်ထောင်စုအစိုးရထံမှယခုရနေသည့် အခွင့်အရေးများထက်ပို၍ ထိုက်တန်ကြောင်းကိုနည်းအမျိုးမျိုးဖြင့်ဖေါ်ပြနေကြသည်ကိုမြင်နေရသည်။) 
မြန်မာနိုင်ငံတွင်သေဒဏ်သည်ပြစ်မှုဆိုင်ရာဥပဒေ (Penal Code) 
စာအုပ်ထည်းမှာရှိသေးသော်လည်းတကယ်တမ်းမကျင့်သုံးတာကြာပြီ။
သေဒဏ်ပေးကာတကယ်တမ်းကွပ်မျက်ပစ်ခြင်းကိုအမေရိကန်ပြည်
ထောင်စုလိုအဓိကရကမ္ဘာ့ဒီမိုကရေစီခံကတုပ်နိုင်ငံကြီးများ 
တွင်ပင်လက်တွေ့ ကျင့်သုံးနေသေးသည်ဖြစ်ရာလိုအပ်ပါကလက်မတွန့် သင့်။ 
မိန်းခလေးတစ်ဦးအားဝိုင်းဝန်း၍မုဒိမ်းကျင့် - ပစ္စည်းယူ - လူကိုသတ်ဖြတ်
အားလုံးတပြိုင်တည်းပြုမူခြင်းသည်အလွန်လူမဆန်သည့်သားရဲတိရိစ္ဆာန်အပြုအမူ 
(predation) ဖြစ်သည်။ လူမျိုးမရွေး - ဘာသာမရွေး - အရွယ်မရွေးမည်သူ ကျူးလွန်သည်ဖြစ်စေခွင့်လွှတ်ထောက်ထားညှာတာနေစရာအကြောင်းမရှိ။
“မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး - သွားတစ်ချောင်းအတွက်သွားတစ်ချောင်း” 
သည်တရားမျှတမှုသဘော၏တရားကိုယ်တစ်ခုလုံးမဟုတ်သော်လည်း၎င်း၏
အစိပ်အပိုင်းတစ်ခုဖြစ်နေသည်ကားသေချာသည်။
 (‘An eye for an eye’ is not justice in its entirety. 
  But it certainly is an element of justice.)
တဘက်တွင်မဆီမဆိုင်အပြစ်မဲ့သူဆယ်ဦးကိုလူအုပ်ကြီးကသတ်ဖြတ်ခဲ့သည်ကို
လည်းလျှော်ပစ်ရန်မဟုတ်။ ဒုတိယကိစ္စအဖြစ်မမေ့လျှော့စတမ်းဆက်လက်ကိုင်
တွယ်၍တရားခံတွေရနိုင်သမျှရှာဖွေဖေါ်ထုတ်ရမည်၊ တရားစီရင်ရမည်။ 
ရာဇ၀တ်ကြောင်းတရားရေး (Criminal justice) တွင်ကျူးလွန်ခံရသူ 
(victim) သည်တရားလိုမဟုတ်။နိုင်ငံတော်သည်သာတရားလိုဖြစ်သည်။
တတိယအချက်အားဖြင့်ပြည်တွင်းရှိအစ္စလမ်ဘာသာဝင်များကကျောက်
နီမော်နှင့်တောင်ကုတ်တို့ ကလုပ်ရပ် ၂ခုစလုံးကိုရှုံ့ ချကြောင်းတရားဝင်အခမ်းနား များဖြင့်ကြေငြာသင့်ကြသည်။ ကျောက်နီမော်ကတရားခံများသည် မိမိတို့ ဘာသာဝင်ဖြစ်နေသည့်အတွက်အလွန်ရှက်မိကြကြောင်း - 
သူတို့ ၏မိသားစုများကိုယ်စား၊ တရားလို၏ မိသားစု
ကိုတောင်းပန်ကြောင်းကြေငြာသင့်သည်။
အပြန်အလှန်အားဖြင့်အပြစ်မဲ့လက်စားချေခံရသောသူများ၏
မိသားစုများကိုလည်းရခိုင်နိုင်ငံရေးခေါင်းဆောင်များက
ကိုယ်စားတောင်းပန်စကားဆိုသင့်သည်ဟုယူဆပါသည်။ ၀တ်ကြေ၀တ်ကုန်ကြေငြာချက်တွေထုတ်ကြဘို့ သာမဟုတ်။ ရွေးကောက်ပွဲ ကာလမဲဆွယ်ကြတုံးကလိုတကယ်ကွင်းဆင်းလုပ်ကြရန်လိုအပ်သည်။
မနေ့ ကဆူးလေဘုရားခြေရင်းတွင်လူတစ်ရာလောက်ဆန္ဒပြကြ၍
လူတစ်ထောင်လောက်က၀ိုင်းကြည့်နေခဲ့ကြသည်ဟုဆိုရာပြဿနာ
သည်ပြည်ထောင်စု၏ကျန်ဒေသများသို့ ကူးစက်လာနိုင်သည်။ 
ရန်ကုန်၊ မန္တလေး၊ပြည်၊ မော်လမြိုင်၊ မုံရွာ၊ တောင်ကြီး၊ မြစ်ကြီးနား၊ မေမြို့  စသည်မြို့ ကြီးတိုင်းတွင်အစ္စလန်ဘာသာဝင်တွေအများကြီး ရှိကြသည်။
မြန်မာ့အလုပ်လက်မဲ့ပြဿနာသည်တစ်ချိန်ချိန်ထပေါက်မည့်
ချိန်ကိုက်ဗုံးဟုဒေါ်အောင်ဆန်းစုကြည်ကဘန်ကောက် 
World Economic Forum တွင်ပြောသွားသည်။
ယခုဘာသာရေး၊လူမျိုးရေးအဓိကရုဏ်းဖြစ်မည့်ပြဿနာကအချိန်မရွေး
ထပေါက်မည့်တိုင်းဗုံးဖြစ်နေသဖြင့်နိုင်ငံရေးပါတီကြီးငယ်အားလုံး
တို့ မှသူမအပါအ၀င်ခေါင်းဆောင်များနှုတ်ပိတ်ခေါင်းရှောင် 
လုပ်မနေကြဘဲဝိုင်းဝန်းထိမ်းပေးရန်တာဝန်ရှိပေသည်။ 
အထူးသဖြင့်အမျိုးသမီးကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးအနေဖြင့်
မိမိနေရင်းမူလတိုင်းပြည်ရှိအမျိုးသမီးငယ်ကလေးများ၏ခန္ဓာကိုယ်နှင့် ဘ၀လုံခြုံရေးအတွက်သူမကတစ်ခုခုလောက်တော့ထိထိရောက်ရောက်
စီမံဆောင်ရွက်ပေးသင့်သည်ဟုယူဆပါသည်။
တဘက်တွင်လည်း ဘင်္ဂလားနယ်စပ်က “ရိုဟင်ဂျာ” ဆိုသူများကြောင့်ပြည်တွင်းက
မြန်မာမူဆလင်တွေဒုက္ခမဖြစ်သင့်။ သူတို့ သည်ပုဂံခေတ်ကတည်းက ရှိနေခဲ့ကြ၍လွပ်လပ်သောမြန်မာနိုင်ငံတော်ကိုလက်တွဲထူထောင်ခဲ့ကြသူတွေဖြစ်သည်။ 
“ရိုဟင်ဂျာ”ဟူသည်အရင်းစစ်လိုက်လျှင်လူဝင်မှုကြီးကြပ်ရေးပြဿနာ 
(immigration question) သာဖြစ်သည်။ ဤပြဿနာမျိုးနိုင်ငံတိုင်းမှာရှိသည်။ အထူးအဆန်းမဟုတ်။
သို့ သော်လူဦးရေဖိအား (population pressure) အဆမတန်များနေသောနိုင်ငံ
တစ်ခုနှင့်ကပ်နေမိလျှက်သားဖြစ်နေယုံသာမကကိုယ်တိုင်ကလည်း
ချိနဲ့ သောတိုင်းပြည် (weak state) ဖြစ်နေသောမြန်မာနိုင်ငံတွင်ပြဿနာပိုကြီးသည်။
အကျင့်ပျက်အုပ်ချုပ်ရေးယန္တယားကိုအသုံးပြုကာခိုးဝင်လာနေကြသည်မှာရာစုနှစ်တ၀က်မကရှိနေပြီ။ 
အချိန်ကြာလာသည့်အခါလူဝင်မှု ပြဿနာ (illegal migration problem) 
ကိုနိုင်ငံရေးပြဿနာ (political question) အဖြစ်ပြောင်းလဲဘို့ အားထုတ်လာသည်။
၁၉၄၉ တွင်တစ်ကြိမ်၊ ၁၉၇၈တွင်တစ်ကြိမ်အရေးယူရသည်။ 
သို့ သော်တိုင်းပြည်ကလည်းချိနဲ့  - လူသားချင်းစာနာထောက်ထားရေး
နိုင်ငံတကာစံများ (internationally recognized norms) ကိုလည်း
လိုက်နာရသေးသည်ဖြစ်ရာအပြတ်မလုပ်နိုင်ခဲ့။
မောင်းထုတ်ပစ်ခဲ့သူများကိုပင်ပြန်လက်ခံပေးခဲ့ရသည်။
၁၉၈၈မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးအစဉ်ကြီးပေါ်ပေါက်လာသောအခါ
အခွင့်ကောင်းကြီးကြုံကြိုက်လေတော့သည်။ လူ့ အခွင့်အရေးခေါင်းစဉ်နှင့်ကပ်၍
နိုင်ငံရေးပြဿနာအဖြစ်ပွဲထုတ်ခွင့်ပိုရလာသည်။
တိုင်းပြည်ကိုအုပ်စိုးသော(စစ်)အစိုးရကလည်းနိုင်ငံတော်အာဏာ၌
တရားမ၀င်ဖြစ်နေခဲ့ရာဘာကိုမှထိထိ ရောက်ရောက်မလုပ်နိုင်၊
မျက်နှာစာပေါင်းစုံတွင်ခုခံရေးလုပ်နေရကာဤပြဿနာမှာ
ပြစ်ထားသလောက်နီးနီးဖြစ်ခဲ့သည်။
“ရိုဟင်ဂျာနိုင်ငံရေး” ၏အားသာချက်တစ်ခုမှာပြည်တွင်းမှာရှိဘာသာရေးတူသူတွေထံမှ
စာနာမှု (sympathy) ကို ရယူနိုင်ခြင်းဖြစ်သည်။  စင်စစ်ရိုဟင်ဂျာဆိုသူတွေနှင့်မြန်မာ မူဆလင်တွေအကြားတွင်ဘာသာရေးမှလွဲ၍ကျန်အချက်အတော်များများကွဲပြားသည်။ ပုဂံခေတ်ကတည်းကယနေ့ မြန်မာပြည်ဖြစ်လာမည့်ဒေသတွင်ရောက်နေကြ သည့်မူဆလင်များသည်အခြားဒေသခံများနှင့်ယဉ်ကျေးမှုချင်းရောယှက်
(cultural assimilation) မှုအတော်ရင့်ကျက်နေပြီးသားဖြစ်သည်။
မြန်မာမူဆလင်အတော်များများသည်မြန်မာမှု၊ စာပေ၊အနုပညာ၊ 
ဂီတ၊ ဗေဒင် ပညာမှအစတွင်လည်းမြန်မာများနှင့်တန်းတူထူးချွန်ကြသည်။
လွပ်လပ်ရေးမော်ကွန်းဝင်စသည့်တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ် 
အများလည်းသူတို့ ထည်းမှပေါ်ထွက်ခဲ့သည်။       
သို့ သော်အာဏာရှင်စံနစ်အောက်လူဖြစ်လာကြသူမျိုးဆက်သစ်လူငယ်များသည်
 (To make us love our country, our country ought to be lovely. Edmund Burke) ဆိုသည့်အတိုင်းဖြစ်နေရာသူတို့ ကိုတဘက်သတ်အပြစ်တင်၍လည်းမဖြစ်နိုင်ချေ။ 
အထူးသဖြင့်ဗမာ/ဗုဒ္ဓဘာသာမဟုတ်သူ ပြည်တွင်းမွေး-ပြည်ပရောက်မျိုးဆက်သစ်များ
သည်သူတို့ ကိုယ်ကိုမြန်မာနိုင်ငံသားဟူသည့် identity ထက် မိမိတို့ ကိုးကွယ်ရာဘာသာ 
(ခရစ်ယန်၊ အစ္စလမ်) ဖြင့်အများအားဖြင့် identified လုပ်ကြသည်။ 
ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ(မြန်မာမူဆလင်)ကိုမြအေး၏ သမီးသည်အင်္ဂလန်နိုင်ငံ၌မြန်မာစစ်အစိုးရဆန့် ကျင်ရေးဆန္ဒပြရာတွင်အစ္စလမ်
ထုံးစံခေါင်းစည်း (Hijab) ၀တ်ဆင်ကာမြန်မာနိုင်ငံတော်အလံကိုမြေတွင်
ချ၍ခြေဖြင့်နင်းထားကာဆန္ဒပြခဲ့သည်။ သူမသည် U.K တွင် “ရိုဟင်ဂျာ” အရေးကိုစွမ်းစွမ်းတမန်ရှေ့ တန်းကလုပ်နေသူဖြစ်သည်။ 
သူမနှင့်အလားတူလုပ်ရပ်များကပြည်တွင်းရှိနိုင်ငံသားမြန်မာမူဆလင်
များနှင့်ရိုဟင်ဂျာများအတူတူပင်ဖြစ်ကြသည်ဟူသောအထင်မှားကိုဖြစ်စေလေသည်။ 
ယခင်အပါတ်ကအဖြစ်အပျက်သည်ရခိုင်ပြည်နယ်နေ “ရိုဟင်ဂျာ” အချို့ ၏ ရမ်းကားမှုဒဏ်ကိုပြည်တွင်းမူဆလင်တွေကအစားဝင်ခံရခြင်းဖြစ်သည်။ 
ထို့ ကြောင့်ပြည်တွင်းနေမြန်မာ မူဆလင်(အဖွဲ့ အစည်း)များသည်မိမိတို့ နှင့် ရခိုင်ပြည်နယ်နေရိုဟင်ဂျာဆိုသူများဘာမှမပါတ်သက်ကြောင်း၊ သူတို့ ၏
ရက်စက်သောလုပ်ရပ်များကိုဆန့် ကျင်ကြောင်းကြေငြာ၍ပြတ်ပြတ်သားသား
ရပ်တည်ပြရန်လည်းလိုအပ်ပါလိမ့်မည်။ 
ကိုမြအေးတစ်ဦးတည်း - ပြဿနာဖြစ်လာပြီးမှ - သူ့ ရပ်တည်ချက်
ကြေငြာပေးတာကိုလက်ခံသော်လည်း မလုံလောက်ပါ။
အစိုးရသစ်အနေနှင့်လည်းပြဿနာကိုသမရိုးကျအုပ်ချုပ်ရေးနည်းများ 
(administrative measures) ဖြင့် ဖြေရှင်း၍မရလျှင် ယခင်အစိုးရဟောင်း
လက်ထက်ကလိုစစ်တပ်ကို အားကိုးမည့်အစားလူထုခေါင်းဆောင်များ၊
ဒီမိုကရေစီခေါင်းဆောင်အဖြစ်သတ်မှတ်ခံနေရသူများနှင့်
လူမျိုးစုခေါင်းဆောင်ဆိုသူများကပါပူးပေါင်းပါဝင်၍ဖြေ 
ရှင်းပေးကြရန်အစိုးရကကမ်းလှမ်းသင့်ပါသည်။ 
လိုအပ်မည်ထင်ပါကသူတို့ အားလုံးပါဝင်သည့်
အမျိုးသားညီညွတ်ရေးကော်မတီကြီးတစ်ခုအစိုးရက 
ကမကထပြုဖွဲ့ စည်း၍ယခုကိစ္စကိုကိုင်တွယ်နိုင်သည်။
ဘာသာရေးခေါင်းဆောင်များ၊ သာသနာ့ဝန်ထမ်းများကိုတော့မထည့်သင့်ပါ။ 
[ယခုပြဿနာသည်ဘာသာရေးပဋိပက္ခသဘောဆောင်လာနိုင်သည့်အတွက်
ဘာသာရေးဝန်ထမ်းတွေပါလာလျှင်ပို၍ကောင်းဘို့  ထက်ပိုဆိုးဘို့ ကသာ၍များပါသည်။] 
နိုင်ငံရေးကိစ္စတွင်ဘာသာရေးကိုအသုံးချမိလျှင်နောင်အခါ
သူတို့ ကိုတားဆီး၍ရနိုင်လိမ့်မည်မဟုတ်ပါ။   
မြန်မာသံတော်ဆင့်