Myint Shwe took a journalism program from Ryerson University 2004
Loading...
Monday, December 3, 2012
နိုင်ငံရေးအမွေဆက်ခံနိုင်ငံတော်၏ ခေါင်းခဲစရာပြဿနာများ
( Some messy issues of the Burmese ‘successor state’ )
မုံရွာလက်ပန်းတောင်းတောင်တွင်အစိုးရဘက်ကအင်အားသုံး၍လူစုခွဲခဲ့ရာ
ဘုန်းကြီးနှင့်ကိုရင် ၇၀ ကျော်မြင်မကောင်းရှုမကောင်းအသားနီလန်နေသည့်
မီးလောင်ဒဏ်ရာများကိုယ်စီဖြင့်ဆေးရုံရောက်ကုန်သည်။
ရခိုင်ပြည်၌ဘင်္ဂလီများကိုကိုင်တွယ်ထိမ်းချုပ်ရာတွင်ဤကဲ့သို့ အရေးယူခဲ့မည်ဆိုလျှင်နိုင်ငံ တကာအထူးသဖြင့်အိုအိုင်စီကဆူကြပွက်ကြမည်ဖြစ်သည်။လူခြေတိပ်ချိန်မနက်သုံးနာရီ
ကိုရွေးချယ်၍ဖြိုခွဲသည်မှာလူစုကွဲရုံလောက်ရည်ရွယ်တာဟုတ်ရဲ့လားဟုသံသယရှိစရာဖြစ်သည်။
သမတရုံးကထုတ်ပြန်သောနိုင်ငံတကာလုပ်ထုံးလုပ်နည်းများကိုမကျော်လွန် ပါဟုကြေငြာသော်လည်းအွန်လိုင်းတွင်ပလူပျံနေသောဓါတ်ပုံသက်သေများကနိုင်ငံတကာ
ပရိဿတ်ကိုမတူကွဲပြားသောအခြားပုံပြင်တပုဒ် (a different story ကိုတင်ပြောနေသည်။
ပြဿနာဖြေရှင်းနည်းကိုရွေးချယ်ရာ၌အစိုးရဘက်ကအကောင်းဆုံးနည်းကိုရွေးချယ်နိုင်ခဲ့ပုံမရ
[ပြဿနာကြောင့်ဒုက္ခမဖြစ်ဖြေရှင်း နည်းကြောင့်ဒုက္ခဖြစ်တတ်သည်ဟုယခင်ကတင်ပြခဲ့ဘူးပါသည်။]
ဤသို့ အရေးမယူမီဝန်ကြီးဦးအောင်မင်းကသမတကိုယ်စားလာ၍ဒေသခံများ၏
တင်ပြချက်ကိုနားထောင်ခဲ့သည်ဦးအောင်မင်းသည်သွားလေသူဦးဇော်မင်းလို
မမောက်မာသည့်အပြင်ဒေသခံများအားပရိယယ်မပါနဂိုစိတ်ရင်းဖြင့်ဆက်ဆံခဲ့ဟန်ပေါက်သည်။
သို့ သော်သူသည်လူထုဒုက္ခကိုစာနာရမည့်အစားထက်အစိုးရ၏အခက်အခဲကိုသာလေးထားပြောသွားသည်။ 
သူ၏ “တရုပ်ကျေးဇူး” ဆိုသောစကားတခွန်းကားပြည်သူအကြားပြန့် နှံ့ နေကာရာဇ၀င်တွင်၍ ကျန်ရစ်လိမ့်မည်။  
ဦးအောင်မင်းပြန်သွားပြီးမကြာခင်အားသုံးဖယ်ရှားမည့်သတိပေးချက်ထွက်လာသည်။ ဆက်တိုက်ဆိုသလိုသတိပေးထားသည့်အတိုင်းဆက်၍လုပ်သွားသည်ကိုကြည့်လျှင် မြစ်ဆုံကိစ္စနောက်ပိုင်းအလျှော့မပေးတော့ဟူ၍အစိုးရဘက်ကစိတ်ပိုင်းဖြတ်လာဟန်ရှိသည်။
အလျှော့ပေးနေရလျှင်တစ်ခုပြီးတစ်ခုဆက်တိုက်လျှော့ပေးနေရတော့မည်ဟူ၍
အုပ်စိုးရေးအသိုင်းအ၀ိုင်း (ruling circle) အတွင်းတင်းမာသူများ၏ဆင်ခြေကအနိုင်ရသွားပုံရသည်။
ဤသို့ ဆိုလျှင်အုပ်စိုးသူများအကြားမှာ “အတွင်းတိုက်ပွဲ” (inner struggle) တကယ်ရှိနေကြောင်းကိုသတိပြုမိစေသည်။ ။
ယခုလုပ်ရပ်ကိုအထိမ်းအကွပ်ဖြင့်လျှော့ပေးခြင်း(controlled liberalization)
၏အသွင်တရပ် (feature) လားဟုမေးလိုကမေးနိုင်သည်။
မြစ်ဆုံကိစ္စတွင်အများအံ့အားသင့်သွားအောင်အမှတ်ယူပြသွားနိုင်သောသမတနှင့်
အဖွဲ့ ကအများအံ့အားသင့်စရာနောက်တစ်မျိုးလုပ်ပြလိုက်ပြန်ပြီဟုထင်မှတ်ရသည်။
ဖြစ်ရပ်အားဝတ္ထုကြောင်း(narrative) အကြမ်းဖျင်းလေ့လာပြီးသောအခါပို၍ နက်ရှိုင်းသောပြဿနာကိုကိုင်တွယ်ဖြေရှင်းနေသူများအားလွှမ်းမိုးထားသောတွေးခေါ်
ယူဆပုံများ (line of thought)ကိုလှန်လှောကြည့်လိုပါသည်။
အဘယ့်ကြောင့်ဆိုသော်အာဏာပိုင်များနှင့်အတိုက်အခံနိုင်ငံရေးသမားများ အထူးသဖြင့်ခေါင်းဆောင်အခေါ်ခံနေသူများ၏ဤပြဿနာအပေါ်အခြေခံ တွေးခေါ်ယူဆပုံများသည်အပေါ်ယံကျောဆန်နေသည်၊ သို့ မဟုတ်ခေတ် ဟောင်းကတွေးခေါ်ပုံအတိုင်းဆက်လက်တွေးခေါ်ပြုမူနေသည်ဟုသံသယ ဖြစ်စရာများရှိနေသောကြောင့်ဖြစ်သည်။
အစိုးရအကြောင်းပြချက်မှာနိုင်ငံတော်အကျိုးစီးပွား (national interest argument) ဖြစ်၏။ တကယ့်အတွင်းသရုပ်အစစ်အမှန်တွင်နအဖခေတ်စစ်ခေါင်းဆောင်များ၏ အစုရှယ်ယာများဖြင့်တည်ထောင်ထားသောဦးပိုင်ကုပ္မဏီ၏အကျိုးစီးပွားကို ကာကွယ်ပေးရေးပါဝင်နေသည်။ထို့ ကြောင့် “ဦးပိုင်အလိုမရှိ”ဟု ဆူးလေဘုရားကိုပါတ်၍ဆန္ဒပြသွားသောကျောင်းသားသမဂ္ဂ
လူငယ်ကလေးများကကြွေးကျော်ခဲ့ကြခြင်းဖြစ်မည်။
မှတ်မှတ်ရရဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးတို့ က
 ‘မြှောက်ပေးတဲ့သူတွေရှိနေတယ်’၊မီဒီယာတွေကဘေးတီးပေးနေတယ်ဟု
သတ္တုချပြရာ၌တူညီနေကြသည်။
ဤသည်မှာအချက်အလက်အားဖြင့်မှန်သော်လည်းသူတို့ ၏ အဆင့်အတန်းအရမပြောထိုက်သောစကားများဟုယူဆပါသည်။
ခွေးနှစ်ကောင်ကိုက်သည်မှအစကမ္ဘာစစ်ကြီးများအထိပြဿနာတိုင်းသူ့ ဘက် ကိုယ့်ဘက်စိတ်သန်ရာဘက်မှပါဝင်ပါတ်သက်ကြသည်မှာသဘာဝဖြစ်သည်။ရေးကြီးခွင့်ကျယ်လုပ်၍စကားထည်းထည့်ပြောနေရန်မလိုပါ။
စင်စစ်မြန်မာမီဒီယာသည်ဦးသိန်းစိန်အစိုးရကိုရော၊အောင်ဆန်းစုကြည်ကိုပါသူတို့ နှင့် ထိုက်တန်သည်ထက်ပို၍ကောင်းချီးပေးနေချီးကျူးနေကြသည်။
ယခုတိုင်လည်းမုံရွာကိစ္စမှအပယျေဘူယျအားဖြင့်ထိုနှစ်ဦး၏ ပူးတွဲခေါင်းဆောင်မှုကိုဆက်လက်၍အသိအမှတ်ပြုဆဲ၊
ဆက်၍ချီးကျူးနေကြဆဲဖြစ်ပါသည်။
ထို့ ကြောင့်မြှောက်ပေးနေတဲ့သူတွေရှိနေလို့ ဟူသောစွပ်စွဲချက်သည်တစ် ဘက်တွင်မုံရွာကတောင်သူများကိုဦးနှောက်မရှိတဲ့လူတွေဟုပြောရာရောက်သည်။  စင်စစ်တောသားများသည်မြို့သားများထက်အစိုးရကိုပိုကြောက်တတ်ပါသည်။
သူတို့ ၏ဘ၀များတည်မှီရာပျက်စီးဆုံးရှူံးနေပြီဖြစ်၍သီးမခံနိုင်ကြလွန်းလို့ သာထ၍ကန့် ကွက်ကြခြင်းဖြစ်သည်။ဒေသခံခေါင်းဆောင်သူအမျိုးသမီးများသည်ခေတ်ပညာမတတ်၊တောသူစစ်စစ်တွေဖြစ်သည်ကိုကြည့်လျှင်ဤအချက်သိသာသည်။
လက်ပန်းတောင်းတောင်စီမံကိန်းရပ်တန့် နေရသဖြင့်တစ်လလျှင်ဒေါ်လာနှစ်သန်းဆုံးရှုံးနေရ ပါသည်ဟုဆိုသည်။ ကမ္ဘာ့အဆင့်အတန်းဝင်ရင်းနှီးမြှုတ်နှံမှုကြီးများတွင်တနှစ်ဒေါ်လာ ၂၄ သန်း လောက်သည်ဘာမျှမပြောပလောက်။ တရုပ်ကုပ္မဏီကမြန်မာစစ်အစိုးရနှင့် စာချုပ်ချုပ်စဉ်ကလက်မှတ်ထိုးသူဝန်ကြီးကိုပေးရသည့် kickback လောက်ပဲရှိနိုင်သည်။ သေသေချာချာဂဃနဏမပြောနိုင်သော်လည်းအကျင့်ပျက်လာဘ်စားရာ၌ ကမ္ဘာကျော်သောမြန်မာအစိုးရဟောင်းဖြစ်နေသည့်အတွက်မပြေးသော်လည်း
ကန်ရာရှိနေ၍ဤသို့ ဆိုခြင်းဖြစ်သည်။ဤကိစ္စပြေလည်သည်အထိ
တစ်နှစ်လောက်စောင့်ဆိုင်းနေလို့ ဦးပိုင်နှင့်ဝမ် ပေါင်မွဲမသွားနိုင်ပါ။
ဒီမိုကရေစီစံနစ်တွင်နိုင်ငံသားများအတွက်အကျိုးမရှိလျှင်နိုင်ငံတော်အတွက်လည်းအကျိုးမရှိနိုင်။ နိုင်ငံတော်ကိုနိုင်ငံသားများဖြင့်ဖွဲ့ စည်းတည်ဆောက် ထားသည်ဖြစ်ရာနိုင်ငံသားထု၏အကျိုးစီးပွားကို
ဆန့် ကျင်၍နိုင်ငံတော်၏အကျိုးစီးပွားဟူသည်အဓိပ္ပါယ်မရှိ။ နိုင်ငံသားများ၏အကျိုးစီးပွားကိုချနင်း၍ နိုင်ငံတော်အကျိုးစီးပွားကိုမတည်ဆောက်သင့်။
[ဤအချက်နှင့်စပ်လျှဉ်း၍ ယခင်မြန်မာသံတော်ဆင့်ကတင်ပြပြီးဖြစ်သော “နိုင်ငံတော်နှင့်နိုင်ငံသား ဘယ်ဒင်းကပင်ရင်းမူလ” ဆောင်း ပါးကိုပြန်လည်ရည်ညွှန်းလိုပါသည်။ နိုင်ငံသားများကိုသားကောင်များသဖွယ်သဘောထား၍လိုသလိုစတေးပစ် သောနိုင်ငံတော်အမျိုးအစားကိုနိုင်ငံရေးသိပ္ပံဘာသာရပ်တွင်သားရဲတိရိစ္ဆန်တို့ ၏နိုင်ငံတော်
(predatory state) ဟုအမည်တပ်ပါသည်။နောင်အလျဉ်းသင့်သောအခါတင်ပြပါဦးမည်]
မည်သို့ ဖြစ်စေမဖြစ်မနေလုပ်ရပါမည်ဆိုလျှင်ဒေသခံတို့ ၏အကျိုးစီးပွား၊ သဘာဝပါတ်ဝန်းကျင်မထိခိုက်ရေး၊ယဉ်ကျေးမှုနှင့်ဘာသာရေးအမွေအနှစ်တို့ 
ရှိနေသောနေရာများ၌တမျိုးသားလုံး၏ခံစားချက်
(social, environmental and public emotional impact assessments)
တို့ ကိုထည့်သွင်းတွက် ချက်ပြီးမှမည်သို့ ကုစားမည်ဆိုသည်ကိုဒေသခံလူထု
သာမက တိုင်းပြည်ကလက်ခံသည်အထိကြိုတင်၍စံနစ်တကျပြင်ဆင်သင့်သည်။
နိုင်ငံရေးအရတိမ်သောအခြားအယူအဆတခုမှာယခင်အစိုးရများလက်ထက်
ကပြုလုပ်ခဲ့သောနိုင်ငံတကာနှင့်သဘောတူကတိက၀တ်များကိုဆက်လက်
အတည်ပြုလိုက်နာသင့်သည်။သို့ မှသာနိုင်ငံတကာရင်းနှီးမြှုတ်နှံ့ လာကြမည့်သူများ၏ယုံကြည်မှုကိုရနိုင်မည်ဆိုသည့်အချက်ဖြစ်သည်။
ဤအချက်သည်ယျေဘူယျအားဖြင့်သာလက်ခံထားကြ၍လက်တွေ့ တွင်ဤအတိုင်းမည်သူမျှလှေနံဓါးထစ်မကျင့်သုံးသောကိစ္စဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်ယခင်အစိုးရများပြုလုပ်ထားခဲ့သောနှစ်နိုင်ငံ
သို့ မဟုတ်နိုင်ငံတကာနှင့်သဘောတူစီးပွားရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများ
(bilateral, multilateral agreements / deals) ကိုပြောင်းလဲလာသော
အခြေအနေများတွင် review လုပ်ကြ re-negotiate လုပ်ကြသည်မှာနိုင်ငံတိုင်း
တွင်ထုံးစံဖြစ်သည်။ Re-negotiate လုပ်လိုသောဘက်၌ခိုင်လုံသောအကြောင်းပြချက်ရှိ လျှင်အခြားတစ်ဘက်ကလက်မခံပဲမနေနိုင်။ ဤအဆင့်မပြီးမြောက်မချင်း လုပ်ငန်းစပြီးသားဖြစ်နေလျှင်ရပ်ထားရမည်။ လုပ်ငန်းမစရသေးလျှင်လုံးဝ အစမပျိုးသင့်။
မြန်မာနိုင်ငံကိုနှစ်ပေါင်း၂၀အုပ်ချုပ်သွားသောန-အ-ဖအစိုးရသည် နိုင်ငံ တော်အာဏာ၌တရားဝင်မှုအငြင်းပွားခံခဲ့ရသော (contested political legitimacy) အစိုးရတရပ်ဖြစ်ခဲ့သည်။ ထိုအစိုးရကပြုလုပ်ခဲ့သောနိုင်ငံတကာဆိုင်ရာကတိက၀တ်များကို သက်ဆိုင်သူမည်သူမဆိုဆက်လက်၍အ တည်ပြုလိုကပြုနိုင်သည်။စောဒကတက်လိုကလည်းတက်နိုင်သည်သာ။ ဤကိစ္စကိုဖွဲ့ စည်းပုံအခြေခံဥပဒေသစ် တွင်ထည့်သွင်းပြဌန်း၍လမ်းပိတ် ထားခဲ့စေကာမူထိုအခြေခံဥပဒေသည်
ပင်လျှင်လက်မခံနိုင်သူများ၏ဝေဘန်မှုခံနေရသည်ဖြစ်၏။
ဦးသိန်းစိန်အစိုးရသည်ယခင်နအဖအစိုးရအနှစ်၂၀တာကာလအတွင်း
ဖန်တီး၍ချန်ထားပစ်ခဲ့သောပြဿနာများ(အမွေဆိုးများ)ကိုတစ်ခုတစ်လေ
ကိုမှကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေး(သက်တမ်း၂နှစ်ပဲရှိသဖြင့်အချိန်လိုသေး
သည်ဟုစောဒကတက်နိုင်သော်လည်းလက်ရှိပြုမူနေပုံအတိုင်းဆိုလျှင်
၎င်း၏အစိုးရသက်တမ်းစေ့သွားသည့်တိုင်လည်းဖြေရှင်းပေးနိုင်ဘွယ်မမြင်ပါ။
ထိုပြဿနာများမှာ-
1.    မပြည့်ဝသောဒီမိုကရေစီဖြင့်ဖန်တီးထားသောဖွဲ့ စည်းပုံအခြေခံဥပဒေသည် ပထမဆိုးမွေဖြစ်သည်။ [အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုအာဏာတို့  ကိုအသားတင်ခွဲတမ်းဝင်ယူထားခြင်းကတပ်မတော်သည်ဒီမိုကရေစီ၏
လက်အောက်ခံမဟုတ်ဟုအဓိပ္ပါယ်အလိုလိုထွက်နေပါသည်။]
ပြည်ထဲရေးဝန်ကြီးဌာနနှင့်နယ်စပ်ဒေသရေးရာဝန်ကြီးဌာနများကိုဆက်၍
ကိုင်ထားသဖြင့်တိုင်းပြည်ကိုတကယ်ဆက်လက်အုပ်ချုပ်နေသည်မှာ
တပ်မတော်သာဖြစ်နေသည်။
     (ကချင် - ကရင် - ကယား - ၀ - ရှမ်း - မွန် - ရခိုင်လက်နက်ကိုင်အင်အားစုများ)
3.    တစ်ဘက်နိုင်ငံများမှပိုလျှံလူဦးရေများ(တရုပ်များ၊ဘင်္ဂလီများ) တိုင်းပြည်၏နေရာအနှံ့ အတွင်းပိုင်းဒေသများအထိသို့ စိမ့်ဝင်လာနေသည်ကိုထိထိရောက်ရောက်မတားဆီးနိုင်ခြင်း
4.   နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုကတိက၀တ်များကိုပြောင်းလဲလာသောအခြေအနေနှင့် အညီပြင်ဆင်ချုပ်ဆို (modify မလုပ်နိုင်သေးခြင်း၊
5.    နိုင်ငံတော်ဝန်ထမ်းယန္တယားကြီးသည်ခေတ်ကိုနောက်ပြန်ဆွဲ ထားလိုသူဖေါက်ပြန်ရေးအင်အားစုများ၏ခံတပ်ကြီးဖြစ်နေသည်။ ခေတ်ဟောင်း၏အမွေအုပ်ချုပ်ရေးယန္တယားဟောင်းအားပြုပြင်ရေး 
     administrative reform  စ၍မလုပ်သေးခြင်း။ (လာဘ်စားမှု၊ချစားမှုများ ကိုကိုင်တွယ်ရာ၌အလွန်ညှာတာသည်။လူထုကလိုလားသလောက်ပြတ်ပြတ်သားသားမလုပ်။
6.    ပြည်ထောင်စုနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအတွင်း၌
     စစ်အာဏာရှင်ဟောင်းများအရပ်ဝတ်လဲကာဝန်ကြီးချုပ်များ၊၀န် ကြီးများအဖြစ်ဖြင့်ဆက်လက်ခိုအောင်းနေကာလူထုနှင့်ဆက်ဆံရေးတွင်
စံနစ်ဟောင်းကအတိုင်းအာဏာပြနည်းဖိနှိပ်သည့်နည်း (abuse of power) ကိုသာဆက်ကျင့်သုံးနေကြခြင်း 
(သာအေး - မောင်ဦး - မြင့်ဆွေ )
စသုံးလုံးနှင့်မီးသတ်တပ်ဖွဲ့ များရှိနေသည်။ယခုမုံရွာလက်ပန်းတောင်းတောင် ကိစ္စသည်ဤခေတ်နောက်ပြန်ဆွဲအင်အားစုများကနေပြည်တော်အစိုးရ
ကိုချောက်ကျအောင်၊တစ်တိုင်းပြည်လုံးကိုနောက်ထပ်အခွင့်အရေးများ
ဆက်မတောင်းရဲအောင်အလွန်အကျွံအားသုံး (excessive use of force)
၍ချောက်လှန့် ပြလိုက်တာလည်းဖြစ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းဒေသခံများ၏ဆန္ဒပြခြင်းကိုနေရာတကာ
demonstration နဲ့ ချည်းသွားနေလို့ မရ။ negotiation နဲ့ သွားဖို့ လည်းလိုတယ်ဟု
မှတ်ချက်ပြုလေသည်။ နစ်နာချက်များကို demonstration နှင့်ဇာတ် လမ်းစကာဖိအားမပေးဘဲ negotiation အဆင့်သို့ ရောက်မလာနိုင်သည်ကိုကိုယ်တိုင်စစ်အာဏာရှင်စံနစ်ကိုနှစ်ပေါင်း ၂၀ကျော်ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဖြင့်နည်းမျိုးစုံအသုံးချ၍ဖိအားများဖန်တီးခဲ့သူက
ဤသို့ ပြောလိုက်ခြင်းကိုအံ့အားသင့်မိသည်။
ထိုပြင်သူမကလွှတ်တော်တွင်နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများ၏ယုံကြည်မှုမပျက်ရေး၊တိုင်းပြည်၏ဂုဏ်သတင်း(reputation) ထိမ်းသိမ်းရေးကိုဇောင်းပေး၍ပြောဆိုသွားသည်။ဤကတိက၀တ်များကိုပြောင်းလဲနေသည့်အခြေအနေနှင့် readjust မလုပ်ဘဲ- နဂိုပါအတိုင်းမလိုက်နာလျှင်တိုင်းပြည်၏ဂုဏ်သတင်းထိခိုက်မည်။ နိုင်ငံကြီးသားမပီသရာရောက်မည်ဟုပြောခြင်းသည်အပေါ်ယံကျောဆန်သည်။
ထို့ နောက်မှတဖန်ပုလိပ်တပ်ဖွဲ့ များ၏လက်ချက်ဖြင့်ရုပ်ပျက်ဆင်းပျက်ခါ
ဒဏ်ရာရသူများကိုမြင်ရပြန်သောအခါသူမကတာဝန်ရှိသူများကို
အပြစ်တင်စကားဆို၍ဒေသခံများဘာလုပ်ပေးမည်ညာလုပ်ပေးမည်
ဆိုနေပြန်ရာဤအပြုအမူသည်အစိုးရကိုနိုင်ငံရေးချောက်တွန်းခြင်း
လက်တွေ့ တွင်ယခုလောက်အနာခံဆန္ဒပြခဲ့သည့်တိုင်အစိုးရဘက် ကတောင်းဆိုသူများ၏ကိုယ်စားလှယ်များနှင့်တွေ့ ဆုံ၍ညှိနှိုင်းမည့်
negotiation လမ်းကြောင်းကိုပီပီပြင်ပြင်ဖေါ်မပေး။
စုံစမ်းရေးကော်မရှင်တစ်ခုကိုသာဖွဲ့ ပေးခဲ့သည်။
သဘာဝအားဖြင့်စုံစမ်းရေးကော်မရှင်ဟူသည်အစိုးရနှင့်မပါတ်သက်သော၊အစိုးရကြောင့်ဖြစ်တာမဟုတ်သောပြည်သူတွင်းပဋိပက္ခများ (
(where Government is not a party to the conflict) ကိုအစိုးရကကြားဝင်ဖြေရှင်းပေးရာတွင်သာအသုံးပြုလေ့ရှိသည်။ ဥပမာရခိုင် ဘင်္ဂလီပဋိပက္ခတွင်စုံစမ်းရေးကော်မရှင်ဖွဲ့ ပေးသည်ကို - မူအားဖြင့် - လက်ခံ၍ရသည်။
မည်သို့ ဖြစ်စေယခုအခါဦးသိန်းစိန်အစိုးရကဤပြဿနာကိုသူမ၏လက်သို့  ထိုးအပ်လိုက်ပြီဖြစ်ရာသူမ၏နိုင်ငံရေးအရည်အချင်းကိုယခင်အခါများတုံးက
လိုယောင်ဝါးဝါးပြောခြင်းလုပ်ခြင်းတို့ မပါဘဲပြည်သူ့ အကျိုးဆောင်နိုင်မနိုင် ပြတ်ပြတ်သားသားမြင်ကြရတော့မည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရယခုရင်ဆိုင်နေရသောပြဿနာများသည်နိုင်ငံရေးသိပ္ပံ
ဘာသာရပ်တွင်အမွေဆက်ခံနိုင်ငံတော် (successor states များရင်ဆိုင်ရလေ့ရှိ သည့်နိုင်ငံတော်အဟောင်းများ၏အမွေဆိုးများဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးကဟစ်တလာ၏တတိယဂျာမန်နိုင်ငံတော်(Third Reich)
နှင့်အာရှတွင်ဂျပန်တို့ ၏ဖက်ဆစ်နိုင်ငံတော်များကိုအဆုံးသတ်ပစ်ခဲ့သည်။ 
စစ်ပြီးနောက်ပိုင်းမဟာမိတ်များ၏ပျိုးထောင်ပေးမှုဖြင့်အသစ်ပြန်လည် ပေါ်ပေါက်လာသောဂျပန်နှင့်ဂျာမဏီသည်ဒီမိုကရေစီနိုင်ငံတော်များဖြစ်ကြ သည့်တိုင်ယခင်အာဏာရှင်နိုင်ငံဟောင်းများ၏ဆိုးမွေများကိုပေးဆပ်ကြရ သောအမွေဆက်ခံနိုင်ငံတော်များ (successor states) ဖြစ်လာကြသည်။
ဂျာမဏီသည်ကမ္ဘာတ၀ှမ်းမှဂျူး Holocaust victims များ၏အဆက်မပြတ် လျှော်ကြေးတောင်းခံမှုကိုနှစ်ပေါင်း၅၀မျှဆက်တိုက်ပေးဆပ်ခဲ့ရပြီးဝန်ကြီးချုပ်
Gerhard Schroeder ၏ညွန့် ပေါင်းအစိုးရလက်ထက် ၂၀ ရာစုအကုန်ကျမှ
လက်စသပ်သွားသည်။ ထို့ နည်းတူဂျပန်နိုင်ငံသည်လည်းမြန်မာ၊ကိုးရီးယား စသောသိမ်းပိုက်ခံနိုင်ငံများအားစစ်လျှော်ကြေး(war reparations)တွေပေးဆပ်ခဲ့ရသည်
တောင်ကိုးရီးယားဆိုလျှင်စစ်ကြီးအတွင်းလိင်ကျွန်အပြုခံရသူ များ (Comfort women) ကပါလျှော်ကြေးတောင်းခဲ့သည်။
မြန်မာနိုင်ငံတော်သစ်တွင်နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများသို့ ပြုခဲ့သော စီးပွားရေးကတိက၀တ်များပြဿနာကစတင်ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
ဖြစ်ခဲ့သည့်အတိုင်းမျှတစွာသုံးသပ်ရလျှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စစ်အစိုးရသည်
တရုပ်၊တောင်ကိုးရီးယား၊ထိုင်းစသောအာရှနိုင်ငံများမှကုပ္မဏီများအား ရင်းနှီးမြှုတ်နှံ့ ခွင့်များကိုအနောက်တိုင်း၏စီးပွားရေး၊နိုင်ငံရေးပိတ်ဆို့ မှုဆန်ရှင်များအောက်တွင်မိမိတို့ အာဏာတည်မြဲရေးအတွက်ကောတိုင်းပြည်စီးပွားရေးပါဘုံးဘုံးလဲမသွားရေးအတွက်ပါ အထူးအခွင့်အရေးများပေးအပ်၍ပြုလုပ်ခဲ့ရတာဖြစ်သည်။ 
ပုံမှန်အခြေအနေများအောက်တွင်နိုင်ငံတကာမှရင်းနှီးမြှုတ်နှံမည့်သူများ
အတွက်ရေပြင်ညီကွင်း(level playing field) တစ်ခုဖန်တီးပေး၍ပြည့်ဝသောပြိုင်ဆိုင်မှု 
(perfect competition) တစ်ခုကိုကမကထပြုပေးနိုင်ခဲ့သည်မဟုတ်သဖြင့်တိုင်းပြည်အတွက်နစ်နာခဲ့သည်။
[စင်စစ်ဤပိတ်ဆို့ မှူဆန်ရှင်များ၏ဗိသုကာလက်ရာရှင်သည်ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်ပင်ဖြစ်ကြောင်းသူမအားထောက်ခံသည့်အနောက်တိုင်းအစိုးရ
အသိုင်းအ၀ိုင်းများကတစ်ကြိမ်မကဗြောင်ပြောခဲ့ကြသည့်မှတ်တမ်းမှတ်ရာများအထင်အရှားရှိသည်။
ကနေ့ တိုင်းပြည်ကရင်ဆိုင်နေရသောအထွေထွေ စီးပွားရေးခေတ်နောက်ကျနေမှု၊ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဘာသာစကားနှင့်၊ နည်းပညာ များအဆင့်အတန်မမှီဖြစ်နေခြင်း၊ပညာတတ်များဆုံးရှူံးကုန်ခြင်း 
(brain drain) တို့ သည်ဆန်ရှင်ကြောင့်ဖြစ်ရခြင်းကအဓိကဖြစ်သည်။
၁၉၉၀ ခုနှစ်မှသည် ၂၀၁၀ အထိအနှစ် ၂၀ တာကာလအတွင်းမြန်မာပြည်သားများ၏ဒုက္ခမှာ
ကိုအဆုံးသပ်ခဲ့ ကြသည်။
ဤသုံးသပ်ချက် (analysis) သည်ဒေါ်အောင်ဆန်းစုကြည်ကိုအပြီးတိုင်ငြင်းပါယ်နေခြင်းမဟုတ်ပေ။သမိုင်းတွင်သူမ၏အခဏ်းကဏ္ဍသည်အထင်ကရနှင့်သတ်သတ်မှတ်မှတ်ရှိနေသည်ကို
တစ်ခုဖြစ်ခဲ့သည်။ သူမမရှိခဲ့လျှင်ပင်သူမ၏ နေရာတွင်အခြားသူတစ်ဦးဦးကိုသမိုင်းက ဖန်ဆင်းပေးမည်ဖြစ်သာဖြစ်သည်။
သူမ၏ပစ္စုပ္ပန်ပြဿနာမှာတော်လှန်ရေးစခန်းအဆင့်တုံးကအတိုင်းတည်ဆောက်ရေးကာလတွင်
ဆက်၍အသုံးတည့် (relevant နေစေရန်အတွက်မိမိကိုယ်ကိုပြင် (upgrade) ရမည်ဖြစ်သည်။ 
ဤသို့ မလုပ်ဘဲနှင့်တော့သူမမျှော်မှန်းနေသော ၂၀၁၅ရွေးကောက်ပွဲအားဖြင့် နိုင်ငံတော်အာဏာကိုရယူနိုင်ရန်မှာမသေချာပေ။ ]
မဆီမဆိုင်မီဒီယာကိုရန်လုပ်ခြင်းကားမလုပ်သင့်ဆုံးဖြစ်သည်။ 
အွန်လိုင်းမီဒီယာဆိုလျှင်မိမိကမည်သို့ မျှ policing မလုပ်နိုင်သောအရာဖြစ်သဖြင့်ရန်စခြင်းဖြင့်ပို၍ဆိုးလာစရာသာရှိသည်။
ဖြစ်သင့်သည်မှာဦးသိန်းစိန်အစိုးရသည်လက်ပန်းတောင်လူထုတောင်းဆိုမှုကို
အကြောင်းပြ၍တရုပ်အစရှိသောနိုင်ငံတကာကုပ္မဏီများထံသို့ - ဒေသခံတွေ မနစ်နာစေမည့်၊သဘာဝပါတ်ဝန်းကျင်မထိခိုက်စေမည့်အချက်များယခုထက် ပို၍တိုးချဲ့ ထည်းသွင်းလာမည့် အချက်များပါလာရေးပြန်လည်ညှိနှိုင်းမှုများလုပ်ရန်အသံပြုရန်ဖြစ်သည်။
နိုင်ငံရေးသမားများအနေဖြင့်လည်းမိမိ၏ input  ပေးရုံသက်သက်အနေဖြင့်
‘ထိုင်နေတာအကောင်းသား-ထသွားမှကျိုးမှန်းသိ’ ဖြစ်မည့်အပေါ်ယံကျော ဆန်သည့်စကားများမပြောမိကြဘို့ လိုသည်။
ယနေ့ ရခိုင်ပြည်နယ်တွင်တပ်ရင်းတွေတိုးမြှင့်ချထားယုံ၊ မုံရွာတွင်မျက်ရည်ယိုဗုံး၊မီးလောင်ဗုံးများပစ်ခတ်နှိမ်နင်းယုံနှင့်ပြဿနာတွေကိုလက်စသပ်နိုင်လိမ့်မည်ဟု ထင်လျှင်လည်းမှားပါသည်။ စုံစမ်းရေးကော်မရှင်များဆိုသည်မှာလည်းနိုင်ငံရေး အဓိပ္ပါယ်ထက်ရုံးလုပ်ငန်းသဘောပိုဆောင်နေပါသည်။ ပိုနက်ရှိုင်း၍အောက်ခြေ ကျသောဖြေရှင်းချက်များရလာအောင်လူထုအသံ --အထူးသဖြင့် - ဒေသခံ လူထု၏အသံကိုနားထောင်သင့်သည်။နိုင်ငံတကာမှအလားတူ
အတွေ့ အကြုံများ၊ဥပမာများကိုလည်းသုတေသနပြုသင့်ပါသည်။
မုံရွာလက်ပတောင်းတောင်ကန့် ကွက်မှုနှင့်အလားတူပဋိပက္ခမျိုးတွေ မိုင်တစ်ထောင်ကျော်ရှည်လျားမည့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့်
လမ်းကြောင်းနှင့်၊  ထားဝယ်ရေနက်ဆိပ်ကမ်း
mega project တို့ တွင်တန်းစီ၍ စောင့်နေကြသည်။
အခြားအမွေဆိုးများဖြစ်သောယခုအချိန်အထိအကင်းမသေသေးဘဲအချိန်မ ရွေးပြန်လည်တောက်လောင်လာနိုင်သောပြည်တွင်းစစ်အန္တရယ်၊ တိုင်းပြည် ၏နယ်နိမိတ်များမလုံခြုံကျိုးပေါက်၍နိုင်ငံခြားသားများခိုးဝင်နေမှု၊ ယိုယွင်းနေ
သောဝန်ထမ်းယန္တယားကြီး၊ ၀န်ကြီးအဆင့်မှသည်အောက်ခြေရဲသားအထိ အဆင့်ဆင့်အာဏာအလွဲသုံးစားလုပ်နေဆဲစသည့်အဖြစ်များသည်အချင်းချင်း အပြန်အလှန်ဆက်စပ်နေကြသည်။
လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေသည်တိုင်းပြည်ကိုဒီမိုကရေစီနှင့်မိတ်ဆက်ပေးမည့် အပိုင်းကတိုးတက်ရေးသဘောကိုဆောင်သော်လည်းယခင်စစ်အာဏာရှင်ဟောင်းများ၏ အကျိုးစီးပွားကိုကာကွယ်ထားသည့်အပိုင်းကဖေါက်ပြန်ရေးဖြစ်နေသည်။
ဤအချက်ကိုတိုင်းပြည်ကအချိန်အတိုင်းအတာတစ်ခုအတွင်းသာသီးခံနိုင်ပါလိမ့်မည်။ ထိုအတိုင်းအတာမကုန်မီအစိုးရကဦးဆောင်၍ပြင်ဆင်သင့်ပါသည်။ လူထုကအစိုးရကိုဒရွတ်တိုက်ဆွဲခေါ်ရသည်အထိဆိုင်းငံ့မနေသင့်။
ပြည်တွင်းငြိမ်းချမ်းရေးအပြည့်အ၀မရနိုင်ခြင်းသည်ဤအခြေခံဥပဒေ၏
ဒီမိုကရေစီအနှစ်သာရမပြည့်ဝခြင်းကြောင့်ဖြစ်သည်။
တပ်မတော်သည်အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုအာဏာများကိုဒီမိုကရေစီ
ကိုကျောပေး၍ခွဲတမ်းချကာရယူထားသည်ကပြဿနာ၏အစိပ်အပိုင်းတစ်ရပ်
(part of the problem) ဖြစ်နေသည်။ လူတန်းစားတရပ်၏သီးသန့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးဘို့ ဆိုလျှင်ဖြစ်နိုင်ချေရှိသောကမ္ဘာ့သမိုင်းခေတ်မဟုတ်တော့ပြီ။
တပ်မတော်သည်ပြည်တွင်းစစ်ထည်းတွင်ပါဝင်ခဲ့သည့်အတွက်ငြိမ်းချမ်းရေး ကိစ္စကိုမိမိကိုယ်တိုင်ကမကထပြုအားထုတ်နေမည့်အစားတိုင်းရင်းသားများအပါအ၀င် အရပ်သားနိုင်ငံရေးသမားများလက်သို့ လုံးဝလွှဲပြောင်းတာဝန်ပေးသင့်သည်။
ဤနေရာတွင်မည်မျှစေတနာဖြူစင်သည်ဖြစ်စေဦးအောင်မင်း၊ဦးစိုးသိန်းတို့ လို
စစ်ဗိုလ်ဟောင်းများကိုတာဝန်မပေးသင့်တော့ပေ။
တဘက်တွင်လည်းယနေ့ တပ်မတော်ကို ၁၉၄၉၊ ၁၉၆၂၊ ၁၉၈၈ ခေတ်ကာလ များအတွက်တာဝန်မရှိတော့သောမျိုးဆက်များကခေါင်းဆောင်နေပြီ်။ ထို့  ကြောင့်အတိပ်၏ချုပ်ကိုင်ဖမ်းစားထားခြင်းကိုခံမနေတော့ဘဲအနာဂါတ်၏
ဆွဲဆောင်ရာနောက်သို့ လိုက်ပါဘို့ အချိန်တန်ပြီ။
ယူရောင်းချနေတာ ( discretionary resource exploitation - ထို့ နောက် သယံဇာတမှနိုင်ငံခြားဝင်ငွေများကိုဗဟိုကစိတ်တိုင်းကျသုံးစွဲနေတာဖြစ်သည် 
discretionary allocation of funds။ ဥပမာရခိုင်ပြည်နယ်မှထွက်သော
သဘာဝဓါတ်ငွေ့ ၏၂ရာခိုင်နှူံးမျှကိုသာဒေသရင်းတွင်ပြန်လည်အသုံးပြုပေးပါ လျှင်ပြည်နယ်တစ်ခုလုံးမီးလင်းပြီဆိုသောလျှောက်လဲချက် (appeal) သည်အလွန်အားကောင်းသောခံစားချက်ကိုဖြစ်စေသည်။ 
စီးပွားရေးတရားမျှတမှု (economic justice)ဟူသည်လုပ်ကြံဖန်တီးတီထွင် ထားသောဝေါဟာရတစ်ခုမဟုတ်။ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအတွက်
ကြိုတင်လိုအပ်ချက်တစ်ခု (a prerequisite) ဖြစ်သည်။
အနောက်ဒီမိုကရေစီကမ္ဘာတွင် Fiscal federalism ခေါ်တိုင်းပြည်၏အမျိုး သားဝင်ငွေကိုဗဟိုအစိုးရတစ်ဦးတည်းသဘောဖြင့်စီမံခန့် ခွဲမှုမလုပ်ဘဲပြည် နယ်အစိုးရများ၏သဘောတူညီချက်အတိုင်းခွဲဝေသုံးစွဲသည့်စံနစ်ကျင့်သုံးနေကြသည်။(မြန်မာပြည်မှချင်းတောင်လို)ဖွံ့ ဖြိုးမှုအနည်းဆုံးပြည်နယ်များအ တွက်ပို၍ချမ်းသာသောပြည် နယ်များမှထည့်ဝင်ပေးသည့်အထူးပံ့ပိုးရေး ဘဏ္ဍာငွေဖြင့် Equalization Program တစ်ခုဖန်တီးပေးထားသည်။ 
အခွင့်အရေးတန်းတူမရခြင်းသည်ခွဲထွက်ရေးကိုဦးတည်စေသောအဓိကအချက်ဖြစ်သည်။
နိုင်ငံတကာစောင့်ကြည့်ပရိဿတ်ကမြန်မာအစိုးရသစ်၏နိုင်ငံရေးအမြင်မှန်ရလာမှု
political enlightenment ကိုအသိ အမှတ်ပြုသလိုအာဏာရှင်နိုင်ငံတော်ဟောင်းက ထားရစ်သောအမွေဆိုးများကိုရင်ဆိုင်ကိုင်တွယ်ရာ၌၀န်နှင့်အားချိန်ဆနေသည်
ကိုနားလည်ပေးနိုင်သည်။သို့ သော်နားလည်ပေးခြင်းသည်မအောင်မမြင်ဖြစ်လာ သည့်အခါခွင့်လွှတ်ခြင်းအဖြစ်သို့ ပြောင်းလဲပေးလိမ့်မည်တော့မဟုတ်ပေ။ 
ကျရှူံးခြင်း (failure) အားကျရှူံးခြင်းအဖြစ်သာသတ်မှတ်ကြပါလိမ့်မည်။
လောလောဆယ်အစိုးရလက်ထည်းတွင်ပူပူလောင်လောင်ပြဿနာသုံးခု
(ကချင်ကေအိုင်အေ - ရခိုင်ဘင်္ဂလီ - မုံရွာ-ဦးပိုင်/၀မ်ပေါင်) ရှိသည်။
၎င်းတို့ အနက်တစ်ခုမှလွယ်လွယ်နှင့်ပြီးသွားမည့်ပုံမပေါ်၊ ပို၍ကြီးထွား
ကျယ်ပြန့် မလာကြလျှင်ပင်ကံကောင်းနေသည်ဟုမှတ်ယူရမည်။
သို့ သော်ငြားလည်းတစ်ခုသောရှူဒေါင့်မှနှိုင်းယှဉ်သုံးပြန်သပ်လျှင်မြန်မာနိုင်ငံ၏
ဒီမိုကရေစီဖေါ်ဆောင်ရေး၊ စီးပွားရေးတိုးတက်ဖွံ့ ဖြိုးရေးသည်ထင်ရသလောက်မခက်ပါ။
အဘယ့်ကြောင့်ဆိုသော်မြန်မာသည်ကမ္ဘာ့ဒီမိုကရေစီမိသားစုကြီးအတွင်းသို့ နောက်ဆုံး မှဆိုရလောက်အောင်နောက်ကျ၍၀င်လာသူဖြစ်သည် (late latecomer)
မိမိ၏ရှေ့ ၌နိုင်ငံရေးစီးပွားရေးအသွင်ကူးပြောင်းမှုပြီးမြောက်သွားကြသော သမိုင်းလမ်းကြောင်းဆင်ဆင်တူသော၊ အရွယ်တူနိုင်ငံပေါင်းဒါဇင်နှင့်ချီ 
၍ရှိနေပြီးသားဖြစ်သည်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်း၊ ဖိလစ်ပိုင် ၊တောင်အာဖရိက
ဂါနာ၊ နိုင်ဂျီးရီးယား၊ ချီလီ၊ အာဂျင်တီးနား၊ မက္ကဆီကိုစသည့်ဖြင့် Samuel Huntington ၏တတိယလှိုင်းနိုင်ငံ (Third wave countries) တစ်ဒါဇင်မကရှိကြသည်။
သင်္ခစာများမကုန်နိုင်မခမ်းနိုင်ရှိနေပါသည်။
မြန်မာနိုင်ငံသားများကတကယ်လုပ်ချင်သောစိတ်ဓါတ် (Political will) သာလိုအပ်ပါသည်။
မြန်မာသံတော်ဆင့်
Tuesday, October 2, 2012
" နိုင်ငံတော် " နှင့် " နိုင်ငံသား " - ဘယ်ဒင်း က ပင်ရင်းမူလ
Photo credit - Naymyowai
အောက်တိုဘာ  ၂ - ၂၀၁၂
မြန်မာသံတော်ဆင့် သဘောတရားရေးရာ
မကြာသေးမီကမန္တလေးမြို့ဆင်ခြေဖုံးတနေရာတွင်မြူနီစပါယ်ကပိုင်သည်ဆိုသောမြေနေရာ
မှ
ကျူးကျော်သူ(squatters) ဆိုသူများ၏နေအိမ်များကိုအတင်းအဓမ္မစက်ယန္တယားကြီးများသုံးစွဲ၍
ဖယ်ရှားပစ်ခဲ့သည်။
တိုးလာနေသောမြို့ပြနေဆင်းရဲသားလူဦးရေကိုအုပ်ချုပ်ရေးပိုင်းကအချိန်မှီစီမံ၍နေရာချထား
မပေးနိုင်ဘဲ-နေစရာမရှိဖြစ်နေကြသောနိုင်ငံသားများကိုသူတိုနေချင်သောနေရာ၌
ခွင့်မပြုနိုင်
လျှင်အခြားသင့်တော်မည့်အစီအစဉ်တခုခုကိုသူတို့ နှင့်ညှိနှိုင်း၍စီစဉ်ပေးသည့်
ဒီမိုကရေစီနည်းကျ ဖြေရှင်းမှုမျိုးမရှိသေးခြင်းမှာစိတ်ပျက်စရာပင်။
အလားတူအဖြစ်အပျက်များရန်ကုန်တိုင်းအတွင်း၌လည်းနေရာအတော်များများ၌လည်းဖြစ်ခဲ့သည်။
ဖြစ်နေသည်။ ရန်ကုန်တိုင်းမင်္ဂလာဒုံနှင့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဝင်မြေယာများကို
အလကားမူးတင်းဈေးဖြင့်သိမ်းယူနေသည့်ကိစ္စသည်ပြဿနာအကြီးမားဆုံးဖြစ်နေသည်။
တဖန်အစဉ်အဆက်ကထွန်ယက်စိုက်ပျိုးလုပ်ကိုင်လာကြသောလယ်ယာမြေများကို
လည်းမြေအောက်သယံဇာတများတူးဖေါ်ရန်လယ်သမားယာသမားများကိုမဖြစ်
စလောက်
လျှော်ကြေးပမာဏများပေး၍ဖယ် ရှားပစ်ခဲ့သည်။
မုံရွာခရိုင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းသည်လူသိအများဆုံးအမှုတစ်မှုဖြစ်သည်
ယခုတိုင်အပြင်းအထန်ဆက်ဖြစ်နေဆဲဖြစ်သည်။ သွေးထိုးလှုံ့ ဆော်မှုတွေရှိနေတယ်ဟူသော
သမတကြီး၏မှတ်ချက်ကိုဒေသခံတွေကမကျေနပ်ကြ။
ဤဒေသများတွင်ဒေသခံများက၄င်း၊လယ်သမားများက၄င်းအရေးဆိုသောအခါသူတို့ သဘောတူလို့ ရောင်းထားပြီးသားဟူသောအကြောင်းပြချက်ဖြင့်၎င်း၊နိုင်ငံတော်ကလုပ်ကိုင်ရန်အတွက်ဟူသော
နိုင်ငံတော်နှင့်ကိုင်ပေါက်သည့်
ဆင်ခြေကိုသုံး၍၄င်း-ထိပ်တန်းအစိုးရအရာရှိများကိုယ်တိုင်
ကပြည်တွင်းမှာကော
ပြည်ပခရီးများတွင်ပါလူသိရှင်ကြားပြောဆိုနေကြသည်။
မကြာသေးမီကသမတကြီး၏အမေရိကန်ပြည်ခရီးစဉ်တွင်အတူလိုက်ပါလာ
သူအရာရှိတစ်ဦးကထိုဆင်ခြေကိုသုံးသွားရာသူ့ အပြောကိုဘာသာပြန်၍
အမေရိကန်ပရိဿတ်ကိုအသိပေးလိုက်ရလျှင်အတော်ဒေါသဖြစ်ကြပေလိမ့်
မည်။
မြန်မာလူမျိုးခေတ်ပြောင်းရေးသမားများ(reformers) အားလည်းသံသယရှိသွားကြလိမ့်မည်။ အဘယ့်ကြောင့်ဟူသည်ကိုဆက်ရေးရင်းရှင်းပြသွားပါမည်။
မြန်မာပြည်တွင်မြေယာများသိမ်းယူသူများဘက်ကပေးနေကျဆင်ခြေနှစ်ခုမှာ
တစ် - သူတို့ ကိုယ်တိုင်က(မူလပိုင်ရှင်များက)သဘောတူလို့ ရောင်းထားပြီးသားဖြစ်သည်
ဟူသောအကြောင်းပြချက် - -
နှစ် - နိုင်ငံတော်ကလုပ်ကိုင်မည်။ နိုင်ငံတော်သည်မည်သူတစ်ဦးချင်းကိုမျှ
ဦးစားပေးရန်မလိုဟူသောပါးစပ်ကအတိအလင်းထုတ်မပြောသော်လည်း
ကြားနာရသူများကိုဤအတိုင်းနားလည်စေ၍ဤအတိုင်းလက်ခံခိုင်းသောအဓိပ္ပါယ်။
ပထမအကြောင်းပြချက်တွင်အမှန်တ၀က်အမှားတ၀က်ဖြစ်နေသည်။
အမှန်ဟူသည်မှာမူလလုပ်ကိုင်သူလယ်သမားများကသဘောတူ
လို့ ရောင်းထားပြီးသားဟူသောအပေါ်ယံအချက်ဖြစ်သည်။
အမှားဆိုသည်မှာထိုမြေများကိုလယ်သမားများကမရောင်းဘဲမနေရဲအောင်နိုင်ငံတော်
ကပြန်သိမ်းတော့မယောင်ယောင်လိမ်ငြာလှည့်ဖျား၍ရယူခဲ့သည်ဟူ 
သောအချက်ကိုဖုံးကွယ်ထား၍ဖြစ်သည်။
“စာမတတ်သောကျနော်တို့ ကိုစာတတ်သောမိဘပြည်သူတွေကကူညီကြပါ” ဟူသောဆန္ဒပြလယ်သမားများ၏တောင်းပန်ခယမှုမျိုးသည်လူသားအသည်း နှလုံးကိုပိုင်ဆိုင်ကာလူတန်းစားအမြင်လည်းရှိသောသူတိုင်း၏ရင်ကိုလှုပ်ခါစေသည်။
ပဋိဉာဉ်ဥပဒေအရပြောရလျှင်တဘက်သားကိုလိမ်လည်လှည့်ဖျားရယူထားသော
သဘောတူညီချက်သည် Fraud ဖြစ်သည်။ သဘောတူညီချက်မမြောက်ပေ (null and void)။
ထို့ အတူအတင်းအကြပ်ကိုင်၍ (coersion) ရယူထားသောသဘောတူညီချက်
သည်လည်းပဋိဉာဉ်မမြောက်ပေ(void)။
ဤအမှုမျိုးများယခုမှဈေးကွက်စီးပွားရေးဖွင့်ခါစမြန်မာပြည်တွင်တင်းကျမ်းဖြစ်နေသည်။
စစ်အာဏာပိုင်များနှင့်တအိပ်ယာထည်းအတူတူအိပ်ခဲ့သူခရိုနီများသည်အဆိုးဆုံးနှင့်
ဒိုင်ခံကျူးလွန်သူများဖြစ်ကြသည်။
မည်သို့ ပင်ဖြစ်စေကာမူအကြောင်းပြချက် ၂ခုအနက် ပထမအကြောင်းပြချက်သည်
အကြောင်းချင်းရာ(argument based on factual accuracy) အပေါ်အခြေခံသည်။
အရုပ်ဆိုးအကျည်းတန်သော်လည်းအပင်ပမ်းခံ၍ပြင်လျှင် - တိုက်ယူလျှင် - ရနိုင်သည်။
ဆိုလိုသည်မှာခေတ်နှင့်မညီတော့သဘောတရားရေးအမြင်တစ်ခုအပေါ်အခြေစိုက်ထား
သည့်ဒုတိယအမျိုးအစားအကြောင်းပြချက် (an argument based on an ideology
of the bygone era) လောက်တော့အန္တရယ်မကြီးဟုဆိုလိုရင်းဖြစ်သည်။
မုံရွာလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိုမြန်မာ့စီးပွားရေးဦးပိုင်ကုပ္မဏီက
တရုပ်ကုပ္မဏီတစ်ခုနှင့်စပ်တူလုပ်ကိုင်နေသည်။ ထိုစီမံကိန်းမှထွက်ရှိမည့်ေ
ကြးနီ
ကုန်ကြမ်းများကိုမြန်မာ့တပ်မတော်မှာယူထားသောယန္တယားနှင့်လက်နက်ကြီးများ
ထုတ်လုပ်ရာတွင်အသုံးပြုမည်ဟုအတည်မပြုနိုင်သောသတင်းတစ်ခုအရသိရသည်။
ထို့ ကြောင့်ထိုစီမံကိန်းကိုမြစ်ဆုံကိစ္စလိုသမတကြီးကရပ်ဆိုင်းခိုင်းလိမ့်မည်မဟုတ်ဟု
ထိုအရာရှိကဖြေကြားသည်ဟုသိရ သည်။
သူဆိုလိုချင်သည်မှာဤစီမံကိန်းသည်နိုင်ငံတော်အကျိုးစီးပွားဖြစ်သည်ဤစီမံကိန်းကို
ကန့် ကွက်နေသူဒေသခံတောင်သူများဘက်ကသာလက်လျှော့၍နောက်ဆုပ်ပေးရမည်။အဘယ့်ကြောင့်ဆိုသော်နိုင်ငံသားများသည်နိုင်ငံတော်အကျိုးစီးပွားကိုမဆန့် ကျင်နိုင်။
အနစ်နာခံကြရမည်ဟုဆိုလိုရင်းဖြစ်နေသည်။ 
ထို့ ကြောင့်စကားအရချိုသာပြေပြစ်
ကောင်းပြေပြစ်မည်ဖြစ်သော်လည်းဆိုလိုသည့်အဓိပ္ပါယ်မှာဒီကိစ္စမှာနိုင်ငံတော်
အကျိုးစီးပွားဖြစ်နေတယ်။ကျုပ်တို့ ဘက်ကမလျှော့နိုင်ဘူး၊ခင်ဗျားတို့ ဘက်
ကလျှော့ဘို့ ပဲရှိတယ်ဟုထိပ်တိုက်ရင်ဆိုင်သဘောဖြင့်သတိပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်နှင့်နိုင်ငံသားများထိပ်တိုက်တွေ့ လျှင်နိုင်ငံသားဘက်ကစွန့် လွှတ်
အနစ်နာခံအလျှော့ပေးရသည်မှာဆိုရှယ်လစ်ခေတ်ဟောင်း၏သင်ကြားချက်ဖြစ်သည်။
" တစ်ကိုယ်တော်ပုဂ္ဂလိကဘ၀ (ပုဂ္ဂလိကခံစားချက်) ဆိုတာ ရပ်ရှားမှာမရှိတော့ဘူး" -
"Individual life in Russia is dead"  ဟု ဘောရစ်(စ်)ပါစတာနပ် ၏ ဒေါက်တာဇီးဗားဂိုး 
(Dr.Zhivago)ရုပ်ရှင်ဇာတ်ကားထည်းတွင်ဘော်လရှီဗစ်ခေါင်းဆောင်ထရော့စကီး၏
ဇာတ်ကောင်ကသူ့ ဇနီးဟောင်းနှင့်ညိနေသောတော်လှန်ရေးကိုအစပိုင်း၌ထောက်ခံကူညီ ခဲ့သော်လည်းနောက်ပိုင်း၌စိတ်ပျက်လာသူဆရာဝန်ကဗျာဆရာဒေါက်တာဇီးဗာဂိုးကိုပြောခဲ့သည်။
ထိုခေတ်ကနိုင်ငံတော်ကိုလူတန်းစားများဖြင့်ဖွဲ့ စည်းထားသည်ဟုအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။
(defined as a class society, the state is comprised of classes.) ထိုခေတ်တွင်နိုင်ငံသား တစ်ဦးချင်းအနေဖြင့်မိမိသည်ဘယ်လူတန်းစားဝင်ဖြစ်သည်ဆိုသည့်အချက်ကသာအရေးကြီး၍
လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်မူ - ထိပ်တန်းခေါင်းဆောင်များမှအပ -လုံးဝအရေးမကြီးပေ။ 
လူကိုလူတန်းစားဝင်ဖြင့်သာသတ်မှတ်၍လူတစ်ဦးချင်းအားဖြင့်အရေးတယူလုပ်မနေတော့ပေ။
ထို့ ကြောင့်ထိုခေတ်ကနိုင်ငံတော်နှင့် လူတန်းစားတို့ သည်သာအရေးပါကြ၍တစ်ဦးချင်း
လူပုဂ္ဂိုလ်
(private individual) သည်သာမညဖြစ်ကာနိုင်ငံတော်၏အလိုဆန္ဒနှင့်အကျိုးစီပွား
ကိုနိုင်ငံသားတွေကစောဒကတက်ခွင့်မရှိနာခံရသည်။
ဒီမိုကရေစီခေတ်တွင်ကားလူတန်းစားသဘောကိုဖယ်ထုတ်ထားလိုက်၍နိုင်ငံတော်
ကိုနိုင်ငံသားတစ်ဦးချင်းစီ၏အစုအပေါင်းအားဖြင့်ဖွဲ့ စည်းသည်ဟုပြောင်းလဲမှတ်ယူလာကြသည်။
ထိုကြောင့် နိုင်ငံသားနှင့်နိုင်ငံတော်တို့ ဆက်ဆံရေးသည်တိုက်ရိုက်ဖြစ်လာကာ၊
နိုင်ငံသားတစ်ဦးချင်းသည်၎င်း၊ အစုအဝေးအားဖြင့်၎င်းနိုင်ငံတော်၏ပင်ရင်းမူလဖြစ်လာသည်။
(Each citizen or the citizenry as a whole has the primacy in relation with the state.)
ဒီမိုကရေစီစံနစ်၏တစ်ခုသောအဓိကအုပ်မြစ်သည်လူပုဂ္ဂိုလ်အဓိက၀ါဒ (((
(individualism) ဖြစ်သည်။ အခြားသောအဓိကအုပ်မြစ်တစ်ခုမှာလွပ်လပ်ခွင့်များ
(freedoms) ဖြစ်သည်။ ထို့ ကြောင့်နိုင်ငံတော်သည်ပုဂ္ဂလိကလွပ်လပ်ခွင့်များကိုမထိပါးနိုင်ပေ။
ဤလွပ်လပ်ခွင့်များထည်းတွင်ပုဂ္ဂလိကလူ့ အခွင့်အရေးသာမကပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေး
(individual rights, property rights) များလည်းပါဝင်သည်။
ထို့ ကြောင့်ဒီမိုကရေစီနိုင်ငံများတွင်နိုင်ငံတော်၏အကျိုးစီးပွားနှင့်ပုဂ္ဂလိက
အကျိုးစီးပွားထိပ်တိုက်ဖြစ်
လာတိုင်းပုဂ္ဂိလကဘက်ကိုကျေနပ်အောင်ဆောင်
ရွက်ပေးပြီးမှ
ဆက်လက်အကောင်အထည်ဖေါ်လေ့ရှိသည်။
ချွင်းချက်တော့ရှိပါသည်။နိုင်ငံတော်အတွက်မိမိဆန္ဒအလျှောက်အတိအလင်း
အသက်အပါအ၀င်ကိုယ်ကျိုးများစွန့် ထားသောပုဂ္ဂိုလ်များရှိသည်။ ထိုသူတို့ မှာ
စစ်သည်တော်များ၊ သူလျှိုများ၊ ရဲအမှုထမ်းများ၊မီးသတ်သမား များစသည်တို့ ဖြစ်သည်။
၎င်းတို့ မှအပမည်သည့်နိုင်ငံသားတစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို
မျှနိုင်ငံတော်
အကျိုးစီးပွားအတွက်ဟူသောအကြောင်းပြချက်ဖြင့်ချမနင်းပစ်နိုင်။ 
အဘယ့်ကြောင့်ဆိုသော်နိုင်ငံသားများအတွက်နိုင်ငံတော်တည်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတော်
အတွက်နိုင်ငံသားများရှိနေခြင်းမဟုတ်ဟုပြောင်းလဲခံယူလာကြသောကြောင့်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်းပါအချက်များလူသား၏ရပိုင်ခွင့်များ
ကိုပြည်တွင်းဥပဒေတစ်ခုခုကမကျော်လွှားရသည်မှာကမ္ဘာ့စံနှုံးတစ်ခုဖြစ်နေပြီ။
အခြားဥပမာအားဖြင့်ပြောရလျှင်အိမ်သူအိမ်သားတွေနေဘို့ အိမ်ဆောက်ထားခြင်းဖြစ်သည်။
အိမ်ဟူ၍အမည်တပ်နိုင်ဘို့ အိမ်သားတွေထည့်ထားရခြင်းမဟုတ်။အကယ်၍အိမ်ဟု
အမည်တပ်နိုင်ဖို့ သက်သက်လောက်သာအိမ်သားတွေထည့်ထားသောအခါ
အိမ်သည်အိမ်မဟုတ် တော့ဘဲထောင်ဖြစ်လာမည်။
ထိုအိမ်သားတွေသည်လည်းထောင်သားတွေဖြစ်လာသည်။ 
၁၉၉၀ ခုနှစ်ကန၀တခေတ်ကမြန်မာနိုင်ငံသားများ၏ဘ၀ကိုဗြိတိသျှစာရေး
ဆရာမာတင်စမစ် (Martin Smith) က "ဓါးစာခံပေါင်းသန်းလေးဆယ်"
(Forty Million Hostages) ဟူသောအမည်ဖြင့် Documentary တစ်ခုရိုက်ကူးဖြန့် ဝေခဲ့ဘူးသည်။  
ထို့ ကြောင့်တင်ပြခဲ့သောချွင်းချက်စာရင်းဝင်ပုဂ္ဂိုလ်များမှအပအိမ်၏
အကျိုးစီးပွားအလို့ ငှာအိမ်သားတစ်ဦးဦးကိုသော်၎င်း၊ အိမ်သားအများကိုသော်၎င်း၊
အားလုံးကို၎င်းအနစ်နာခံခိုင်းတာ၊ စတေးပစ်တာတရားနည်းလမ်းကျသည်
ဟူသည့်
အယူအဆမျိုးဒီမိုကရေစီလူ့ အဖွဲ့ အစည်းတွင်မကျင့်သုံးတော့ပေ။
ဘိနပ်နှင့် မတော်သဖြင့်ဖနောင့်ကိုလှီးဖြတ်မပြစ်သင့်။
(မော်စီတုံးကိုးကားဘူးသောရှေးတရုပ်ဆိုရိုးစကားတစ်ခု)
မြန်မာနိုင်ငံ၏စပ်ကူးမတ်ကူးအပြောင်းအလဲတွင်ဤသဘောတရားရေးရာ
ရှုပ်ထွေးမှု(ideological confusion) ကိုကျော်လွှားနိုင်ကြရမည်။
သဘောတရားအဟောင်းကိုဆက်လက်ကိုင်စွဲ၍လုပ်ကိုင်နေသူများ၊
သိလျှက်နှင့်တမင်ရှုပ်အောင်လုပ်နေသူများရှိနေပါကလည်းထိုသူများ
ကိုခေတ်ကိုနောက်ပြန်ဆွဲနေသည့်ဖေါက်ပြန်ရေးသမားတွေဖြစ်သည်ဟု 
အားမနာတမ်းထောက်ပြရန်မှာကျွန်ုပ်တို့ ၏မီဒီယာသမားများ
တာဝန်ဖြစ်ပါလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော်ဒီမိုကရေစီနှင့်လွပ်လပ်ခွင့်ကိုအခြားသူများထက်
သူတို့ကပို၍ခံစားသုံးဆောင်နေကြသည်ဖြစ်သောကြောင့်ဖြစ်သည်။
ဤအရာများပျောက်ကွယ်သွားရန်မဆိုထားနှင့်လျှော့ပါးသွားသည်နှင့်
အဦးဆုံးအသက်ကုန်သွားမည်မှာမီဒီယာလောကဖြစ်သည်။
လက်ပံတောင်းတောင်အရေးတွင်အဖမ်းခံရသူအမျိုးသမီးများလွတ်မြောက်
ရေးကိုဆောင်ရွက်ပေးပြီးနောက်သူမတို့ အား - ဤကြေးနီတူးဖေါ်ရေးသည် နိုင်ငံတော်အကျိုးစီးပွားရေးဖြစ်နေ၍နောက်ဆုပ်ပေးရန်အတိအလင်းမဟုတ်
သည့်တိုင်ထိုသဘောမျိုးသက်ရောက်စေသည့်နားချမှုကိုရှစ်ဆယ့်ရှစ်မျိုးဆက်
ကျောင်းသားဟောင်းတစ်ချို့ ကလုပ်ခဲ့ကြသည်ဟုဖတ်ရသည်။
သူတို့ အားပြည်ပမှဝေဘန်သူတစ်ဦးက Facebook တွင် ‘ခွပ်ဒေါင်း’ တွေလား
‘ဖွတ်ဒေါင်း’တွေလားဟုမေးခွန်းထုတ်ကာဝေဘန်ထားသည်ကိုလည်းဖတ်ရသည်။
အာဏာရှင်ခေတ်ကြီးထည်းတွင်လူဖြစ်လာကြရသူတွေဖြစ်၍
အာဏာရှင်စံနစ်ကိုတိုက်ဖျက်နေရင်းမှာပင်မသိသားဆိုးဝါးစွာဖြင့်
အာဏာရှင်တွေတွေးခေါ်ပုံအတိုင်းလိုက်၍တွေးခေါ်နေမိကြသည်
ဟုသာသုံးသပ်လိုပါသည်။
နိဂုံးချုပ်အားဖြင့် - ဒါဖြင့်နိုင်ငံတော်အကျိုးစီးပွားဆိုတာမရှိရတော့ဘူးလား
ခုသည်အများပြည်သူအကျိုးစီးပွားကိုသိသိသာသာကြီးဖြစ်စေသောအခါ
မဖြစ်မနေအကောင်အထည်ဖေါ်ယူသင့်သည်။ အရေးကြီးသည်မှာဖေါ်ယူပုံ
ယူနည်း သာဖြစ်သည်။
ဥပမာအဖြစ်ပြောရလျှင်သက်တမ်းရင့်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သောကနေဒါ
တွင်လမ်းသစ်တစ်ခုခုဖေါက်လိုလျှင်မြို့တော်ဝန်ကနှစ်လ-သုံးလကြိုတင်၍
Zoning Advisory တစ်ခုအားဖြင့်ကြော်ငြာ၍အများပြည်သူဆန္ဒနှင့်အကြံပြု
ချက်များကိုရယူသည်။ ထို့ နောက် Town hall meeting တစ်ခုကျင်းပ၍ချပြ
သည်ဆွေးနွေးသည်။
အကြိမ်ကြိမ်လူထုနှင့်နှီးနှောတိုင်ပင်ရသဖြင့်ဒီမိုကရေစီနည်းသည်နှေးကွေး၍
စကားတွေအများကြီးပြောရသည့်အချက်ကိုတော့မရှောင်လွှဲနိုင်။ သို့ သော်တစ်ဦးချင်း
ထိခိုက်နစ်နာမည့်အရေးနှင့်အများအကျိုးစီးပွားသဟဇာတဖြစ်ရေးတစ်ထိုင်
တည်းနှင့်ပြေလည်အောင်ရှင်းပစ်နိုင်သည်။
စင်စစ်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းသည်နိုင်ငံတော်အကျိုးစီးပွားဟုပင်
တထစ်ချမပြောနိုင်ပေ။ ပါတနာတစ်ဦးဖြစ်သောမြန်မာကုပ္မဏီ  “ဦးပိုင်”သည်ပင်စင်စား စစ်တပ်အရာရှိကြီးများအဓိကအားဖြင့်စုပေါင်းပိုင်ဆိုင်သောကုပ္မဏီတစ်ခုသာဖြစ်သည်။ 
လက်ရှိတာဝန်ယူနေသောတပ်မတော်ခေါင်းဆောင်များအနေဖြင့်
အလကားရတာမဟုတ်ဘဲတန်ရာတန်ကြေးပေးဝယ်ရမည့်အတူတူတရုပ်ဖြစ်
စစ်လက်နက်ပစ္စည်းများထက်မကြာခင်ပူးပေါင်း၍စစ်ရေးလေ့ကျင့်တော့မည့်
အမေရိကန်ပြည်ထောင်စုထံမှဝယ်ယူခွင့်ရရန်ပြောင်းလဲအားထုတ်သင့်ပါသည်။
မဟာဗျူဟာမြောက်အမာထည်များ (strategically important hardwares)
လက်ဝယ်ရှိထားရေးတွင် supply sources diversification သည်အရေးကြီးပါသည်။
သို့ သော်ဦးပိုင်အကျိုးစီးပွားအတွက်တပ်မတော်ကအလိုလိုနေရင်း
ဒုတိယဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်အနေဖြင့်မုံရွာခရိုင်မှဒေသခံတောင်သူများကြေနပ်
လက်ခံလာကြသည်
အထိလိုက်လျှောမှုများဖြစ်ပေါ်လာစေရန်ကြားဝင်ဆောင်ရွက် ပေးနိုင်လျှင်သမတကြီးဦးသိန်းစိန်နည်းတူပြည်သူလူထု၏ကောင်းချီးသြဘာ
မျိုးကိုရယူနိုင်လိမ့်မည်။ ဘာဆိုင်လို့ လဲဟူသောအတွေးဖြင့်တွန့် ဆုတ်နေစရာမလို။
ယခုခေတ်သည်ဘုန်းကြီးတွေကနိုင်ငံရေးလုပ်၊ ရုပ်ရှင်မင်းသားကသုဘရာဇာလုပ်၊
ကျောင်းသားတွေကကယ်ဆယ်ရေးလုပ်၊ ဆရာဝန်တွေကအယ်ဒီတာလုပ်၊ 
စစ်ဗိုလ်တွေကစာရေး၊ စာရေးဆရာ(မ)တွေက NGO လုပ်စသည်ဖြင့် ကိုယ်ထင်ရာမြင်ရာလုပ်နေကြသောခေတ်ဖြစ်သည်။   
အရပ်သားလေသံဖြင့်ရှင်းရှင်းပြောရလျှင်စစ်ဗိုလ်ဟောင်းဦးသိန်းစိန် - ဦးရွှေမန်းတို့ နည်းတူ
မင်းအောင်လှိုင်လည်းအမှတ်ယူချင်လျှင်ယူလို့ ရသည့်အခွင့်အရေးတွေရှိနေသည်။
အမျိုးသားနိုင်ငံရေးတွင်တပ်မတော်ကဦးဆောင်မှုအခဏ်းကပါဝင်ရေး
သည်လွှတ်တော်ထည်းသို့ မိမိ၏အရာရှိများစေလွှတ်၍ထိုင်နားထောင်
ခိုင်းထားယုံဖြင့်လုံလောက်ပြီဟုမယူဆသင့်။
မြန်မာသံတော်ဆင့်     
Sunday, August 19, 2012
သမတကြီး ဘာဆက်လုပ်မလဲ
ရခိုင်အရေးနှင့်ပါတ်သက်၍သမတကြီးဦးသိန်းစိန်နှင့် VOA အမေရိကန်
အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ကျေနပ်အားရ
သူများရှိသကဲ့သို့ အားမရသူများလည်းရှိလေသည်။
ကျေနပ်အားရသူများကိုဘာကြောင့်ကျေနပ်သည်ကိုစူးစမ်းနေစရာမလိုချေ။
သိုသော်သမတကြီး၏ဖြေဆိုချက်များအပေါ်အားမရဖြစ်နေသူများရှိသောကြောင့်
ဘာကြောင့်အားမရဖြစ်ကြသည်ကိုစစ်ဆေးကြည့်လိုပါသည်။
ရှေးဦးစွာအသိအမှတ်ပြုရမည့်အချက်မှာလက်ရှိအနေထက်ပို၍ကြီးထွားဆိုးဝါးသွားနိုင်စရာ အလွန်ရှိနေသည့်အမျိုးသားလုံခြုံရေးချိမ်းချောက်မှုတစ်ခုအားယာယီပဲဖြစ်ဖြစ်ထိမ်း
ချုပ်ထားနိုင်ခြင်း (keeps under control, at least for the moment) ဖြစ်သည်။
ထို့ ပြင်သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဟုအမည်တပ်နေကြသူများကိုသမတကြီးကိုယ်တိုင်က
“ဘင်္ဂလီများ” ဟုအတိအလင်းအမည်တပ်ခေါ်ဝေါ်သွားသည်မှာလည်းသူတို့ ၏တကယ့် လူမျိုးရင်းမြစ်ကိုအမှန်အတိုင်းခေါ်ဝေါ်ရာရောက်သဖြင့်ကျေနပ်စရာကောင်းပါသည်။
သို့ သော်ပြဿနာကိုသမတကြီးကလက္ခဏာချက်အကဲဖြတ်ရာတွင် 
“လူမျိုးရေးကြောင့်ဖြစ်တာမဟုတ် - ဘာသာရေးကြောင့်ဖြစ်တာမဟုတ်
ရာဇ၀တ်မှုတစ်ခုမှအစပြု” သည်ဟုသုံးသပ်ပြသွားပါသည်။ 
မမှားသော်လည်းအပေါ်ယံရှပ်၍ပြောရာကျသည်ဟုခံစားမိပါသည်။
အကြောင်းမှာဤရာဇ၀တ်မှုမျိုးများ ပေါက်ဖွားပေးရာလူ(ခိုး)၀င်နေမှုပြဿနာ
(immigration issue) ကိုရင်းမြစ်ပြဿနာအဖြစ်ထောက်ပြမသွားပါ။
ဤသူများသည်ဒေသခံအမျိုးသမီးတွေကိုသာမကသူတို့ နှင့်အမျိုး၊ဘာသာတူ
မိန်းခလေးများကိုလည်းစော်ကားကျုးလွန်နေကြကြောင်းယခုအခါသိလာကြပြီဖြစ်သည်။
ထို့ နောက်သမတကြီးကလူ့ အခွင့်အရေး၊ ‘လူသားအမြင်’‘ကမ္ဘာ့ရွာကြီး’ဆိုသောခေတ်ပေါ်
အသုံးအနှုံးများကိုသုံးစွဲသွားသဖြင့်ထိုစကားလုံးများ၏ရှိသမျှပူးတွဲပါအဓိပ္ပါယ်
များ (connotations) သည်မြန်မာခေါင်းဆောင်ကြီးအပေါ်တစုံတရာသြဇာ
သက်ရောက်နေလိမ့်မည်ဟုမှန်းဆမိပါသည်။
ထို့ ကြောင့်ပင်“ရခိုင်တိုင်းရင်းသားများကိုကျနော်တို့ ကစကားဆယ်ခွန်းဆယ့်ငါးခွန်းပြောတာထက်
ခင်ဗျားတို့ (ပြည်ပမီဒီယာ)ကတစ်ခွန်းပြောတာကပိုပြီးထိရောက်ပါတယ်-သဘောထားတွေ
စိတ်ထားတွေအမြင်မှန်ရလာအောင်၊ပြောင်းလဲလာအောင်လုပ်ပေးပါ”ဟု
ဗွီအိုအေ၏မေးခွန်းများကိုဖြေဆိုရင်းတဆက်တည်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။ 
ပြည်ပသတင်းဌာနများကိုအားကိုးလာခြင်း၊အသုံးချရန်စိတ်ကူးလာခြင်း
တို့ သည်ယခင်စစ်အစိုးရသဘောထား၊နည်းပရိယယ်များနှင့်ပြောင်းပြန်ဖြစ်
သဖြင့်သဘောထားကောင်းလာသည်ဟုယူဆနိုင်မည်ဖြစ်သော်လည်း
“ရခိုင်တိုင်းရင်းသားတွေစိတ်ထားသဘောထားတွေအမြင်မှန်ရ
လာအောင်”ဆိုသည့်အချက်ကိုမူနားမလည်ပါ။
[စင်စစ်ရခိုင်ဘင်္ဂလီပဋိပက္ခပေါက်ကွဲထွက်မလာမီကပင်ဒေသတွင်းအခြေအနေ
ကိုသေသေချာချာမသိဘဲလူ့ အခွင့်အရေးနှင့်ကိုင်ပေါက်နေသောပြည်ပမီဒီယာ
ကိုရခိုင်များသာမက၊မြန်မာတစ်နိုင်ငံလုံးကစိတ်ပျက်နေခဲ့ကြသည်-ဥပမာ ဘီဘီစီ-အင်နာဂျုံးကိစ္စ။ လက်တွေ့ တွင်ပြည်ပမီဒီယာ၏သြဇာကိုပြည်တွင်းမီဒီယာကတဖြည်းဖြည်းဖယ်ရှားလာနေပြီဖြစ်သည်။]
ရခိုင်ပြည်ထည်းသို့ ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်က
ဘာတွေများမှားနေလို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေ ကိုဒေသခံတွေကအနိုင်ကျင့်တတ်ကြသည်မှာသဘာဝဖြစ်သည်။
ဥပမာထိုင်းမလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀။
ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက
ဝင်လာနေသူတွေကိုကြောက်လန့် နေရသည်။ 
ရခိုင်တွေသည် သူတို့ နှင့်အတူယှဉ်တွဲရောနှောနေထိုင်ခဲ့ဘူးသည်။
သူတို့ ဆီကဈေးဝယ်စားသည်။သူတို့ ကိုငှားရမ်းခိုင်းစေခြင်း
အားဖြင့်အလုပ်အကိုင်ပေးသည်။ပြဿနာဖြစ်အောင်ရန်စလိုက်တာ
ရခိုင်တွေဘက်ကမဟုတ်။ယခုသတ်ကြ၊ သေကြတော့လည်း၊သူသတ်-ကိုယ်သတ်-
သူသေ-ကိုယ်လည်းသေ-တန်းတူရည်တူပဲဖြစ်သည်။တဘက်သတ်ကြီးမဟုတ်။
ယခုသမတကြီးကရခိုင်တွေအမြင်မှန်ရလာအောင်ဖြောင့်ဖျနားချပေးရန်ဗွီအိုအေသတင်းဌာန
ကိုမေတ္တာရပ်ခံနေသောအခါရခိုင်များသည်-ရိုဟင်ဂျာအရေးလိမ်ညာဝါဒဖြန်လှုံ့ ဆော်နေကြသလို
ပြသနာ၏လက်သည်တရားခံဖြစ်နေကြသည့်သဘောသက်ရောက်နေသည်။
မည်သို့ ဖြစ်စေသမတကြီးကပင်ဘင်္ဂလီပြဿနာကိုဒုက္ခသည်များအဖြစ်သတ်မှတ်မည်။
တခြားနိုင်ငံပို့ မည်ဟုကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးအန်တိုနီယိုဂူတားရက်စ်
(Antonio Guterres) ကိုပြောလိုက်သောအခါရခိုင်ပြည်သူတွေကချီးကျူးကြ၊ပြည်ထောင်စုအလံတွေထူကြဖြင့်သဘောထားပြတ်ပြတ်သားသား
ရှိသောသမတကြီးအစိုးရကိုထောက်ခံကြလေသည်။
သို့ ရာတွင်သမတကြီးအစိုးရသည်ပြဿနာပိုကြီးထွားကျယ်ပြန့် မလာအောင်ထိမ်းချုပ်နိုင် သည့်တိုင်အခြားရေရှည်ပြဿနာများကိုကားဆက်လက်၍ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။
၎င်းတို့ မှာ- ပြည်ပကတောင်းဆိုနေသောသီးခြားလွပ်လပ်သောစုံစမ်းရေး
အဖွဲ့ ခွင့်ပြုပေးရေးကိစ္စ- ဒေသခံရခိုင်များကစီးပွားရေးအရမဆက်ဆံတော့သဖြင့်
ဘင်္ဂလီများအတွက်အစာရေစာလုံလောက်အောင်ရရှိရေးကိစ္စ-
အခြေခံပညာကင်းမဲ့နေသူများဖြစ်၍ပညာသင်ကြားပေးရမည့်ကိစ္စ -
မယားအများယူ၊အကန့် အသတ်မရှိခလေးမွေးနေသောလူအုပ်ကြီး
လူဦးရေတိုးနှုံးပေါက်ကွဲနေမှုအားလူ့ အခွင့်အရေးမထိခိုက်စေဘဲထိမ်းချုပ်ရမည့်ကိစ္စ -
ဗွီအိုအေကသီးခြားလွပ်လပ်သောစုံစမ်းရေးကော်မရှင်ကိစ္စကိုမေးမြန်းခဲ့သည်။
ပြည်ပ(ကုလသမဂ္ဂ၊အီးယူစသောခေါင်းစဉ်များအောက်မှာမူဆလင်နိုင်ငံတွေက
လူတွေပါလာမည့်) အဖွဲ့ မျိုးကိုဆိုလိုဟန်တူသည်။
ယခုအခါအစိုးရကပြည်တွင်းမှ
ရလဒ်ကိုသုံးလအတွင်းတင်ပြကြမည်ဟူ၍သိရသည်။
သုံးလဟူသောအချိန်သည်ယခုကိစ္စအတွက်ရှည်လွန်းပါသည်။
ထို့ ပြင်မည်မျှသမာသမတ်ကျသောပုဂ္ဂိုလ်များဖြင့်ဖွဲ့ စည်းသည်ဖြစ်စေ
စုံစမ်းရေးကော်မရှင်သည်“ပြည်တွင်းဖြစ်” ဖြစ်နေသည်။
ဤကော်မရှင်ဖွဲ့ ပေးရေးကိုတောင်းဆိုသည်မှာပြည်ပကဖြစ်သည်။ပြည်တွင်းကမဟုတ်။
ပြည်တွင်းကလူတွေကပြဿနာ၏ရင်းမြစ်ကိုသိပြီးသားဖြစ်သည်။
တောင်းဆိုချက်ကိုလိုက်လျှောသောဘက်(အစိုးရ)၏ရည်ရွယ်ချက်မှာ
အစိုးရအပေါ်သံသယမရှိအောင်’ဖြစ်သည်။
ထို့ ကြောင့်အဖြစ်မှန်အချက်အလက်မှန်များကိုဖေါ်ထုတ်ရန်သည်ဒုတိယကိစ္စသာဖြစ်သည်။
အချက်အလက်များထက်မကျေမနပ်ဖြစ်နေသူများကျေနပ်အောင်လုပ်ဘို့ ကအဓိကဖြစ်သည်။
သံသယရှိနေသမျှဘယ်လောက်လုပ်ပြစေကာမူကျေနပ်ကြလိမ့်မည်မဟုတ်။
ပြည်ပကသူတို့ လူတွေလာ၍စုံစမ်းခွင့်မရသမျှသံသယရှိကြမှာလည်းဖြစ်သည်။
ယခုပင်ထိုင်းနိုင်ငံနှင့်ဂျပန်အခြေစိုက်“ရိုဟင်ဂျာ”အရေးလုပ်နေသူတွေကမြန်မာအစိုးရ
ခန့် ပြည်တွင်းဖြစ်စုံစမ်းရေးကော်မရှင်ကို discredit လုပ်ရန်အဓိကရထိုင်းတက္ကသိုလ်
တစ်ခုကိုအသုံးချ၍နိုင်ငံတကာဆွေးနွေးပွဲတစ်ခုလုပ်မည်ဟုသိရသည်။
ထိုင်းအခြေစိုက်နိုင်ငံတကာမီဒီယာကိုပါအသုံးချ၍လူသားများအရေး 
(humanitarian aspects) ကိုအသားပေးကာထိုးနှက်လာပေတော့မည်။
ကျိမ်းသေသည့်အချက်မှာပြဿနာသည်ပြီးဆုံးဘို့ အဝေးကြီးလိုသေးကြောင်း
အခုမှအစသာရှိသေးကြောင်းလူသိများလာအောင် publicity လုပ်မည့်အချက်ဖြစ်သည်။
ကမ္ဘောဒီးယားကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်နေသော ASEAN အဖွဲ့ က “ရိုဟင်ဂျာ”ကိစ္စဆွေးနွေးရန်ခေါင်းစဉ်တင်သည်ကိုမြန်မာကပြည်တွင်းရေး
အကြောင်းပြချက်ဖြင့်ပါယ်ချခဲ့သည်ဟုသိရသည်။ စင်စစ်အိုအိုင်စီ (OIC)၏
ကိုယ်စားလှယ်အဖြစ်တူရကီကလာကြည့်တာ၊ နောက်ထပ်လည်းအင်ဒိုနီးရှား
ဒုသမတဟောင်း)ကြက်ခြေနီဥက္ကဌလာကြည့်မှာတွေကိုပင်ခွင့်ပြုနိုင်လျှင်
ASEAN initiative ကိုလက်မခံနိုင်စရာမရှိ။ 
မိမိတို့ ကစတင်ဖိတ်ခေါ်မှုပြုလျှင်ပြည်တွင်းရေးဝင်မစွက်ရေးမူကိုမထိခိုက်နိုင်။
နှစ်ဘက်ပဋိပက္ခ၏နောက်ပိုင်းကာလတွင်စခန်းရောက်ဘင်္ဂလီငါးသောင်းကျော်အား
စားနပ်ရိက္ခာထောက်ပံ့ထားရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုတာဝန်များသည်
အစိုးရ၏ခေါင်းပေါ်ကျနေသည်။အကယ်၍စုံစမ်းရေးကော်မရှင်ကိစ္စအဖုအထစ်ဖြစ်နေလျှင်
ထိုဘင်္ဂလီဒုက္ခသည်များအားကာလအကန့် အသတ်မရှိစားနပ်ရိက္ခာထောက်ပံ့ရေး
ဆေးဝါးနှင့်ကျမ္မာရေးများအတွက်ပြည်ပမှထောက်ပံ့ရေးအကူအညီများရရှိရေးကိစ္စ
အပေါ်သက်ရောက်မှုများရှိလာနိုင်သည်။
စားရေရိက္ခာနှင့်ကျမ္မာရေးသည်လူသားချင်းစာနာရေးဖြစ်သဖြင့်ချက်ချင်းကူညီရမည်သာ။
သို့ သော်သမတကြီးအလေးထား၍ပြောသွားသည်များအနက်သူတို့ အား
ပညာသင်ပေးရေးကိစ္စလည်းပါဝင်နေသည်။
ပညာသင်ကြားရေးသည်နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်နေသည်။
သူတို့ ကိုဤအခွင့်အရေးမပေးသင့်ဟုမပြောလို။သို့ သော်ပေးမည်ဆိုလျှင်
သူတို့ ၏အဆင့်အတန်း(status)ဘာဖြစ်သည်ဆိုတာကို
တိတိကျကျကမ္ဘာသိအလျင်သတ်မှတ်သင့်သည်။
ဤသို့ မသတ်မှတ်သေးဘဲအဆင့်ကျော်၍မဆိုနိုင်ငံသားများသာရနိုင်သည့်ပညာရေး
ဝန်ဆောင်မှုများကိုမြန်မာအစိုးရကသူတို့ အားပေးခဲ့လျှင်နောင်တစ်ချိန်တွင်
ဤအချက်ကိုထောက်၍ဒီလူတွေဟာဒီနိုင်ငံသားတွေဖြစ်နေလို့ နိုင်ငံသား
အခွင့်အရေးတွေပေးခဲ့တာပေါ့ဟုစောဒကတက်လာနိုင်သည်။
ထို့ ကြောင့်သူတို့ ကိုပညာသင်ရေးမစမီသူတို့ တစ်ဦးချင်းစီ၏အဆင့်အတန်း (status
သည်ဘာလဲ၊ တရားမ၀င်ရောက်လာသူလား (illegal migrant) နိုင်ငံသားလောင်း
(potential citizens)တွေလားအလျင်ကွဲကွဲပြားပြားသတ်မှတ်ထားသင့်ပါသည်။ တရားမ၀င်ခိုးဝင်လာကြောင်းထင်ရှားသူများကိုဘယ်လောက်ကြာကြာ
နေပြီးဖြစ်ပါစေပညာသင်ပေးစရာမလို။ Immigration Detention Camps
သို့ ပို့ မြန်မာနိုင်ငံ၏ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားရန်သာရှိသည်။ 
ထို့ ကြောင့်ပညာသင်ကြားမှုမစတင်ခင်လူအရင်စစ်ထုတ်ပစ်ရေးလုပ်ရပါမည်။
နိုင်ငံသားအဖြစ်လက်ခံနိုင်မည့်သူများကိုရခိုင်မှသည်ပြည်ထောင်စု၏ဒေသအသီးသီး
စသောmajor accepting countriesများတွင်ဝင်ခွင့်ရသူများကိုတိုင်းပြည်နေရာအနှံ့ အပြား
တွင်ဖြန့် ၍နေရာချထားသည်။တနေရာတည်းမှာစုမထား။ဤသို့ နေရာချ
ထားပေးပြီးမှ English as a Second Language (ESL)ကိုသင်ကြားပေးသည်။
ထို့ ကြောင့်စားနပ်ရိက္ခာနှင့်ဆေးဝါးကျမ္မာရေးကိစ္စများအတွက်ပြောစရာမရှိသော်လည်း ပညာသင်ကြားရေးကိစ္စကိုရှုဒေါင့်စုံမှအသေအချာတွက်ချက်ပြီးမှစီစဉ်သင့်ပါသည်။
သူတို့ အားလုံးကိုသိုးနှင့်ဆိပ်မခွဲခြားဘဲပညာသင်ကြားရေးစတင်မည်ဆိုပါက
လက်တွေ့ သဘောအရနိုင်ငံသား (de facto citizenship)အဖြစ်သတ်မှတ်ထားရာ
ရောက်သွားနိုင်သည်ဟုသြစတျေးလျအခြေစိုက်မြန်မာပညာရှင်တစ်ဦးကထင်မြင်ချက်ပေးသည်။
ဘာဘဲဖြစ်ဖြစ်ဒီလူတွေပညာသင်ခွင့်ဆုံးဆုံးရှုံးနေလို့ ဒီလောက်စရိုက်ကြမ်း
တမ်းနေတာ၊ဒေသခံများကိုအန္တရယ်ပြုနေတာဖြစ်သည်။ထို့ ကြောင့်
သူတို့ ကိုအခြေခံပညာတော့သင်ပေးသင့်သည်ဟုယူဆလျှင်လည်း
လူရှစ်သိန်းအနက်ဘယ်သူတွေကိုသင်ပေးမလဲ၊အားလုံးကိုသင်ပေးမှာလား။
ဘာပညာတွေသင်ပေးမလဲဆိုသည့်မေးခွန်းတွေဆက်၍ပေါ်ထွက်လာလိမ့်ဦးမည်။
သမတကြီးကြေငြာထားပြီးသားအချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်မတိုင်မီကရောက်နှင့်နေ သူများ၏မြေးမျိုးဆက်ကိုလက်ခံမည်ဆိုသည့်အချက်အရလူအနည်းဆုံး၂သိန်းလောက်
ကိုမြန်မာဘာသာပြော-ဖတ်-ရေး(အသုံးလုံး)တတ်မြောက်စေရန်ပင်အနည်းဆုံးတနှစ်
အချိန်ပြည့်အားသွန်ခွန်စိုက်(intensively) သင်ပေး/သင်ယူကြမှဖြစ်မည်။
ဒေါ်လာတွေသန်းချီ၍ ကုန်မည့်ဤအစီအစဉ်ကိုကုလသမဂ္ဂ(UNESCO?)လိုနေရာမှ
အကူအညီမပါပဲကိုယ့်အင်အားဖြင့်ကိုယ်လုပ်နိုင်ပါ့မလားစဉ်းစားရပေမည်။ တတ်နိုင်၍အကုန်အကျခံလျှင်ကောနိုင်ငံသားများအတွက်ဖြစ်ရမည့်ဘဏ္ဍာများ
ထည်းမှဖဲ့ပေးရာကျမနေပေဘူးလားမေးရမည်ဖြစ်သည်။
ကျောင်းနေရမည့်အရွယ်များ(၅ နှစ်မှအထက်)ကိုမူလတန်းပညာရေးသင်ပေး၍ဖြစ်နိုင်သည်။
သို့ သော်ရခိုင်ကျောင်းတွေကိုသူတိုသွားတက်မှာမဟုတ်သလိုရခိုင်တွေကလည်းလက်ခံချင်မှာမဟုတ်။
နောက်ထပ်လက်တွေ့ ပြဿနာများရှိသေးသည်။
ပထမပြဿနာမှာ-သူတို့ ကိုအနှစ်နှစ်အလလစာသင်ပေးခဲ့သူကျောင်းဆရာကိုပင်
သတ်ဖြတ်ခဲ့သူများကိုဘယ်ရခိုင်ဘယ်ဗမာကနောက်ထပ်သူတို့ အကြားသွား၍
စာသင်ချင်မည်နည်း။
ဒုတိယလက်တွေ့ ပြဿနာမှာမိန်းခလေးများကိုစာသင်ရေးဖြစ်သည်။
ခေတ်နောက်ကျမူဆလင်များသည်အမျိုးသမီးများပညာသင်ခြင်းကိုအပြင်းအထန်
ဆန့် ကျင်ကြသည်။ အာဖဂန်နစ္စတန်တွင်မိန်းခလေးစာသင်ကျောင်းများကို
ရက်ရက်စက်စက်ဖေါက်ခွဲ၊ပစ်ခတ်တိုက်ခိုက်နေတာမျက်မြင်ဖြစ်သည်။ ဤကျောင်းများသည်အမျိုးဘာသာတူအမျိုးသမီးဆရာမများကသင်ပေးသော
မိန်းခလေးသီးသန့် ကျောင်းများဖြစ်သည်။ရခိုင်တွင်ဘင်္ဂလီခေါ်တောများ၏
ဇနီးများ၊နှစ်မများ၊သမီးများကိုလူမျိုးဘာသာမတူသူအမျိုးသားများကမြန်မာဘာသာစာ
သင်ပေးရေးသည်မြွေတွင်းထည်းလက်နှိုက်ရတာလောက်အန္တရယ်ကြီးပေလိမ့်မည်။
ထို့ ကြောင့်သူတို့ ကိုပညာသင်ပေးမှဖြစ်မည်ဆိုလျှင်ပြည်တွင်းနေမြန်မာမူဆလင်
ကွန်မြူနီတီကိုအကူအညီတောင်းသင့်သည်။
အကယ်၍ဤအလုပ်ကိုအစိုးရကကိုယ်တိုင်မလုပ်၊ပြည်တွင်းမြန်မာမူဆလင်ကွန်မြူနီတီကိုလည်း
မသုံးချင်၍INGO များထံလွှဲပေးမည်ဆိုလျှင်၎င်းတို့ ကမြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွား
(national interest)နှင့်ဆန့် ကျင်မည့်သင်ကြားမှုမျိုးများမလုပ်ကြဟုမပြောနိုင်ပါ။
နောက်ဆုံးဆွေးနွေးစရာအချက်မှာဘင်္ဂလီလူဦးရေအဆမတန်တိုးနေတာကို
ထိမ်းချုပ်ရေးဖြစ်သည်။ဘင်္ဂလီများအတွင်းလူဦးရေပေါက်ကွဲမှုကိုသမတကြီးက
ထုတ်ဖေါ်ပြောဆိုသွားသော်လည်းမည်သို့ ဖြေရှင်းမည်ကိုပြောမသွားပါ။
မေးသူကမမေးလို့ လည်းဖြစ်နိုင်ပါသည်။
ဘင်္ဂလီတိုး၏လူဦးရေတိုးနှုံးသည်တနိုင်ငံလုံး၏လူဦးရေတိုးနှုံးထက်မကျော်လွန်သင့်ပါ။
(တနိုင်ငံလုံးဖျမ်းမျှ တိုးနှုံးသည် ၂.၂ % ဟုထင် ပါသည်)။ ထို့ ကြောင့်လူဦးရေများသော
မိသားစုများတွင်ကာယကံရှင်များကမိမိတို့ အသိဖြင့်မကန့် သတ်လျှင်အစိုးရကဖြစ်သည့်နည်းဖြင့်
ကန့် သတ်ပေးဘို့ ဖြစ်သည်။ (Eugenic/ forced neutering)
ဘင်္ဂလီများမြန်မာနိုင်ငံထည်းစိမ့်ဝင်လာခြင်းသည်တစ်ဘက်နိုင်ငံမှလူဦးရေပေါက်ကွဲမှု၏ အကျိုးဆက်ဖြစ်ရာမြန်မာနိုင်ငံထည်းတွင်ဆက်လက်ပေါက်ကွဲမှုအဖြစ်မခံနိုင်ပါ။ အမျိုးသားလုံခြုံရေးကိုချိမ်းချောက်မှု (national security threat) ဆိုနေသည်မှာ ဤအချက်ကိုဆိုလိုပါသည်။ ဤသို့ ကိုင်တွယ်ရာ၌လူ့ အခွင့်အရေးစံတစ်ခုခုနှင့်
ညိဖွယ်ရှိကောင်းရှိမည်။ အတတ်နိုင်ဆုံးတော့ကျိုးစား၍လိုက်နာသင့်ပါသည်။
သို့ သော်မလွှဲမရှောင်သာသောအခြေအနေတွင်အမျိုးသားအကျိုးစီးပွားကိုဦးစားပေး
ရလိမ့်မည်။သူတော်စင်များအဖို့ သီလစင်ကြယ်ဖို့ ကအဓိကဖြစ်ချင်ဖြစ်မည်၊
နိုင်ငံကိုခေါင်းဆောင်နေသူများကတော့မိမိတို့ တာဝန်ကြေပြွန်ရမည်။ 
(Saints can be pure but statesmen must be responsible.)
ရခိုင်အရေးသည်မြန်မာအစိုးရသစ်၏နိုင်ငံရေးခွန်အား(political strength) ကိုပြည်တွင်းပြည်ပမျက်နှာစာနှစ်ခုစလုံးမှာစာမေးပွဲစစ်လိုသလိုဖြစ်နေသည်။ ဦးသိန်းစိန်အစိုးရခေါင်းဆောင်သောဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်သည် ပထမကမ္ဘာစစ်အပြီးစစ်ရှုံးဂျာမဏီတွင်ပေါ်ပေါက်ခဲ့သောဝေမာသမတနိုင်ငံ
(Weimer Republic, 1919-1933) ရင်ဆိုင်ခဲ့ရသောအခြေအနေမျိုးနှင့်
ဆင်ဆင်တူသောအနေအထားမျိုးနှင့်ရင်ဆိုင်နေရသည်ဟုဆိုချင်ပါသည်။
ဂျာမန်ဝေမာသမတနိုင်ငံ၏ခေါင်းဆောင်များသည်အရည်အချင်း
အထိုက်အလျှောက်ရှိသူများဖြစ်ကြသည်။တိုင်းပြည်အပေါ်စေတနာမှန်၍
ဂျာမန်ပြည်သူများ၏အခွင့်အရေးများကိုအစွမ်းကုန်အကောင်အထည်ဖေ
ပေးရန်စိတ်ပိုင်းဖြတ်မှု (commitment) လည်းရှိခဲ့ကြသည်။
သို့ သော်စစ်ရှုံးဂျာမဏီ၏နိုင်ငံတကာသို့ ပြုရမည်ဝတ္တရားများ (international obligations) များကမချိမဆန့် ကြီးမားခဲ့သည်။ အထူးသဖြင့်ဗာဆိုင်းစာချုပ်အရစစ်နိုင်သူများသို့ ပေးရမည့် စစ်လျှော်ကြေးများကအလွန်တရာလေးလံလှပြီးပြည်တွင်းတွင်လည်း ၀ဲ-ယာအစွန်းရောက်နိုင်ငံရေး အင်အားစုများကလည်းမဖြစ်နိုင်သောတောင်းဆိုချက်များကြွေးကျော်သံများဖြင့်အစိုးရကိုဘေး ကြပ်နံကြပ်ဖြစ်အောင်လုပ်ခဲ့ကြသည်။ ရလဒ်မှာအပြောအဟောကောင်းသောအစွန်းရောက် အမျိုးသားရေးဝါဒီဟစ်တလာနောက်သို့ လူထုကစုပြုံလိုက်သွားကြခြင်းဖြစ်သည်။  
စစ်အာဏာရှင်နောက်ခံရှိနေသောမြန်မာအုပ်စိုးသူများ၏နိုင်ငံတကာသို့ တင်ရှိနေသော ၀တ္တရားမှာဝေမာသမတနိုင်ငံလိုနိုင်ငံခြားကြွေးမြီများတော့မဟုတ်။ မိမိ၏အတိပ်အာဏာ
ရှင်စံနစ်အရိပ်မည်းကြီးကြောင့်အလွန်မယုံသင်္ကာဖြစ်နေသောနိုင်ငံတကာမိသားစုကြီးက
ယုံကြည်လာအောင်လူ့ အခွင့်အရေးများကိုအထူးပိုပိုသာသာလေးစားလိုက်နာပြရခြင်းဖြစ်သည်။
ရခိုင်ဘင်္ဂလီပဋိပက္ခတွင်နိုင်ငံတကာ၏ယုံကြည်မှုရအောင်တန်ဘိုးပေးခဲ့ရသည်များရှိသည်ဟု
ဤသုံးသပ်ချက်ပြုသူကယုံကြည်ပါသည်။သို့ သော်ဤပေးဆပ်မှုကြောင့်ပင်ဤပြဿနာ
သည်လူမျိုးသန့် စင်ရေး (ethnic cleansing) မဟုတ်ဟူသောဝါရှင်တန်
ထောက်ခံချက်ကိုရနိုင်ခဲ့ခြင်းဖြစ်သည်။ Jihad ဖြင့်ချိမ်းချောက်နေမှုလည်း (လောလောဆယ်တော့)ဆက်လက်၍အသံမမည်ဘဲရပ်သွားစေသည်။
ထို့ ကြောင့် So far, so good ဟုမှတ်ချက်ပြု ခြင်းဖြစ်ပါသည်။    
သို့ ရာတွင်အာဏာရှင်စံနစ်ကြီးကြောင့်အမျိုးသားညီညွတ်ရေးမပြိုကွဲယုံတမယ်ယိုယွင်းနေပြီး လက်နက်ကိုင်အင်အားစုများသည်ကိုယ့်နယ်နှင့်ကိုယ်ဗဟိုအစိုးရနှင့်စင်ပြိုင်ရှိနေကြတုံးဖြစ်သည်။
နှစ်ရှည်စီးပွားရေးပိတ်ဆို့ မှုဒဏ်ခံခဲ့ရသောကြောင့်လည်းတိုင်းပြည်လူထုသည်မွဲပြာကျနေသည်
တဘက်တွင်မြေမရှိသောဘင်္ဂလီများကမြန်မာပြည်ထည်းစိမ့်ဝင်နေသကဲ့သို့ အခြားတဘက် တွင်အလုပ်လက်မဲ့မြန်မာနိုင်ငံသားများကတိုင်းပြည်ကိုစွန့် ခွာ၍အလုပ်အကိုင်ရှိရာများသို့  ထွက်ခွာသွားနေကြသည်။ သမတကြီးဦးသိန်းစိန်အစိုးရသည်ဤကျဆင်းလာနေသောနိုင်ငံတော်
(Failing state) ကို အချိန်မှီယုံက လေးလွှဲပြောင်းယူရခြင်းဖြစ်သည်။ ဤချိနဲ့ မှုသည်လျှို့ ဝှက်ချက် မဟုတ်ပဲလူတိုင်းမြင်နိုင်သဖြင့် “ရိုဟင်ဂျာသမတနိုင်ငံ”ထူထောင်လိုသူများကအခွင့်ကောင်းယူ
တာဖြစ်သည်။ ထို့ ကြောင့်ကျောက်နီမော်ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေတနည်း
နည်းဖြင့်လုပ်ကြံလာလိမ့်မည်ဟုရခိုင်အရေးတွင်‘အကြောင်းသိသူ’တိုင်းကပြောခဲ့ကြသည်။
ထို့ ကြောင့်ဗွီအိုအေနှင့်အင်တာဗျူးတွင်သမတကြီးက“အခုလိုဒီမိုကရေစီပန်းတိုင်ကို
ချီတက်နေတဲ့ခရီးမှာ“မမျှော်လင့်ဘဲ”ကြုံတွေ့ လာတဲ့အခက်အခဲတစ်ခု”ဟုပြောဆိုခြင်း သည်နားထောင်ရသူတွေစိတ်ဧအောင်တမင်လျှော့ပေါ့၍ပြောခဲ့သည်ဟုသာဆိုချင်ပါသည်။ 
ထို့ ကြောင့် ဤ “ရိုဟင်ဂျာပြဿနာ”ကိုအချိနှ်မှီအပြီးသပ်မဖြေရှင်းနိုင်လျှင်တစ်ချိန်ချိန်တွင်
ဘင်္ဂလားဒက်ရှ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ ရဘို့ ဖြစ်လာနိုင်သည်။အဘယ့်ကြောင့်
ဆိုသော်ရိုဟင်ဂျာဆိုသည်မှာဘင်္ဂလီတွေဘဲဆိုတာသက်သေပြစရာမလိုအောင်
ရှင်းနေသောကြောင့်ဖြစ်သည်။ သို့ စဉ်လျှက်သူ့ တိုင်းပြည်ကလူသုံးသိန်း  ကိုမြန်မာနိုင်ငံကလူတွေအဖြစ်လက်ခံဘို့ တောင်းဆိုနေသည်။ ထိုလူတွေကို အစာရေစာပြတ်စေလျှက်မြန်မာပြည်ထည်းပြန်သွားအောင်ဖိအားပေးနေသည်။
ဘင်္ဂလီများသည်မြန်မာနိုင်ငံထည်းသို့ သာမကအိန္ဒိယ(အာသံပြည်နယ်)ထည်းသို့ လည်း
စိမ့်ဝင်နေသည်။အိန္ဒိယသည်အင်အားကြီးနိုင်ငံဖြစ်သဖြင့်သူကြိုက်သည့်နည်းဖြင့်အရေးယူနေနိုင် (
(Intruders are shot dead) သော်လည်းမြန်မာကအိန္ဒိယကိုတုပနိုင်သည့်အခြေအနေမရှိပေ။
မကြာသေးမီကဘင်္ဂလားဒက်ရှ်အစိုးရအသိုင်းအ၀ိုင်း၌မြန်မာနှင့်ရေပြင်ပိုင်နက်
အငြင်းပွားမှု၌အပြည်ပြည်ဆိုင်ရာခုံရုံးဆုံးဖြတ်ချက်သည်သူတို့ ဘက်ကိုအသာစီးပေး သည်ဟုယူဆကာဒါကာတွင်အောင်ပွဲအခမ်းအနားကလေးတစ်ခုကျင်းပခဲ့သည်။ 
သူ့ နိုင်ငံတွင်းရှိရိုဟင်ဂျာအမည်ခံသုံးသိန်းကိုမြန်မာကလက်ခံပေးရန်တောင်းဆိုထားသည်။ ၄င်းကိုကြည့်လျှင်မြန်မာနှင့်ဆက်ဆံရာတွင်ပြော့ပြောင်းလိမ့်မည်ဟုမမျှော်လင့်နိုင်။
အကယ်၍မြန်မာနှင့်ဆက်ဆံရေးသိသိသာသာတင်းမာလာလျှင်မူဆလင်ကမ္ဘာက
ဘင်္ဂလားဒက်ရှ်ဘက်ကအခိုင်အမာရပ်တည်ကူညီကြလိမ့်မည်ကိုသံသယရှိစရာမလို။
ထို့ ကြောင့် “ရိုဟင်ဂျာ” အရေးသည်အမျိုးသားလုံခြုံရေးကိုချိမ်းချောက်မှုဟုဆိုရခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးကိုချိမ်းချောက်နေသောကိစ္စတစ်ခုသည်ပြည်တွင်းရေးသက်သက်မဟုတ်ပေ။
သမတကြီးပြောနေသောကမ္ဘာ့ရွာကြီးခေတ်တွင်နိုင်ငံတိုင်းသည်လူဝင်မှုပြဿနာ၊
မူးယစ်ဆေးဝါးပြဿနာ၊ AIDS ပြဿနာ၊အကြမ်းဖက်ဝါဒနှင့်ဆိုက်ဘာရာဇ၀တ်မှု 
(Illegal migration, narcotics, AIDS, terrorism, Cybercrime) စသည့်ပြဿနာများ
ကိုပြည်တွင်းရေးဟုသတ်မှတ်ကာနိုင်ငံတကာနှင့်-အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများနှင့်-ပူးပေါင်းဆောင်ရွက်ရန်မငြင်းဆန်ကြတော့ပေ။ပြောင်းပြန်အားဖြင့်ပူးပေါင်းဆောင်ရွက်ရန်
ကိုပင်တောင်းဆိုနေကြပြီဖြစ်သည်။
အကယ်၍သမတကြီးအစိုးရသတ်မှတ်သလို “ရိုဟင်ဂျာ” အရေးသည်ပြည်တွင်းရေးကိစ္စ သက်သက်ဖြစ်လျှင်ယခုသူတို့ ကိုယ်သူတို့  “ရို ဟင်ဂျာ”အမည်တပ်နေသူများအား
တိုင်းရင်းသားများဖြစ်သည်ဟုသွယ်ဝိုက်၍အတည်ပြုပေးနေသလိုဖြစ်နေလိမ့်မည်။
သမတကြီးကသူတို့ ကိုဘင်္ဂလီများ (ဘင်္ဂလားဒ်ရှ်မှလာသောနိုင်ငံခြားသားများ)ဟုခေါ်နေပြီး
သူတို့ ဖန်တီးသောပြဿနာကိုတော့ “ပြည်တွင်းရေး”ဟုသတ်မှတ်နေလျှင်
အခြားတဘက်တွင်လည်းပြည်တွင်းရေးဖြစ်သည်ဟုသတ်မှတ်ထားသည့်ကိစ္စတစ်ခုကို
အမျိုးသားလုံခြုံရေးချိမ်းချောက်မှုဟုထပ်၍ခေါင်းစဉ်တပ်ရခက်ပေလိမ့်မည်။
အမျိုးသားလုံခြုံရေးကိုချိမ်းချောက်ခြင်းမဟုတ်သော(ဟုတ်/မဟုတ်မသေချာသော) ကိစ္စတစ်ခုအားဖြင့်နိုင်ငံသားအားလုံး၏စည်းလုံးညီညွတ်သောထောက်ခံမှုရနိုင်ရန်ခက်ခဲလိမ့်မည်။ 
အထူးသဖြင့်မြန်မာမူဆလင်များ၏သစ္စာရှိ၍လှိုက်လှဲသောထောက်ခံမှု
(sincere and resolute support) ကိုရယူရန်ခက်ပေလိမ့်မည်။
ထို့ ကြောင့်ဤပြသနာတွင်ပြည်တွင်းရေးဖြစ်သည်ဟူသောရပ်တည်ချက်သည်မိမိကိုယ်ကို
မိမိပြန်ချေမှုံးရာရောက်နေသည့်ရပ်တည်ချက် (a self-defeating attitude) ဖြစ်နေသည်။
ပြောရလျှင်ကမ္ဘာရွာကြီးခေတ်မှာပြည်တွင်းရေးဆင်ခြေသည်နေရာအတော်များများတွင်
အကျိုးထက်အပြစ်ကပိုများကာသုံးမ၀င်တော့သလောက်နီးနီး (almost irrelevant)ဖြစ်နေပြီ။
ထို့ ကြောင့်၎င်းအစားကိုယ့်စီရင်ပိုင်ခွင့် (our jurisdiction)ဆိုတာလောက်ပဲပြောလာကြသည်။ 
မြန်မာနိုင်ငံအဖို့ ၁၉၈၉ ခုနှစ်ကစတင်၍ပြောင်းလဲချမှတ်ခဲ့သော open doorပေါ်လစီကို
စီးပွားရေးမျက်နှာစာတစ်ခုတည်းအတွက်ကန့် သတ်ထား၍မရနိုင်ပါ။
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်(၁၉၆၂- ၂၀၁၂) အတွင်းပထမ၂၆ နှစ်သည် မိမိဖာသာအထီးကျန်လမ်းကြောင်း (self-isolation) လျှောက်လှမ်းခဲ့၍နောက်၂၄ နှစ်မှာ အနောက်တိုင်းဆန်ရှင်ပိတ်ဆို့ ရေးအောက်မှာနေခဲ့ရကာအားကိုးရလောက်သည့်
အင်အားကြီးနိုင်ငံတစ်ခုခုနှင့်မဟာမိတ်ပြုထားသောလုံခြုံရေးစာချုပ်(Security Pact)
တစ်ခုခုမရှိခဲ့။ လွပ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒကိုကျင့်သုံးနေသည်ဟူသော
အမျိုးသားရေးမာန(national pride) ကလည်းဤအထီးကျန်ဖြစ်မှုကိုဖုံးကွယ်ပေးထားခဲ့သည်။
သို့ သော်ထိုကာလများအတွင်းနိုင်ငံတကာမီဒီယာကမြန်မာနိုင်ငံကို
(Pariah state) ဟုသာအမှန်အတိုင်းသာခေါ်ဝေါ်ခဲ့သည်။
၁၉၈၉ ခုနှစ်နောက်ပိုင်းတရုပ်ပြည်သူ့ သမတနိုင်ငံကအရေးပေါ်မိတ်ဆွေ
(A friend in need) အဖြစ်ရပ်တည်ပေးခဲ့သော်လည်းအခမဲ့မဟုတ်ဘဲ
တန်ဘိုးပေးရသည်များရှိသည်မှာအားလုံးအသိဖြစ်သည်။ 
တရုပ်နိုင်ငံ၏ရင်းနှီးမြုတ်နှံမှုများကိုလက်ခံထားသောကြောင့်
အထူးသဖြင့်ကျောက်ဖြူဆိပ်ကမ်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် တရုပ်ကမြန်မာနိုင်ငံကိုအထိုက်အလျှောက်(ကုလလုံခြုံရေးကောင်စီတွင်)
ဖေးမမည်ဟုမျှော်လင့်နိုင်သော်လည်းတိတိကျကျပြောကြပြီဆိုလျှင်
တရုပ်သည်မြန်မာ၏လုံခြုံရေးကိုအမေရိကန်ကထိုင်း၊ တောင်ကိုးရီးယားနှင့်
ဂျပန်တို့ ကိုအာမခံသလိုအာမခံသူ (security guarantor) မဟုတ်ပေ။ 
ထို့ ပြင်မြစ်ဆုံဆည်ကိစ္စသည်မြန်မာကတရုပ်ကိုနားရွက်တံတွေးဆွတ်လိုက်သလိုဖြစ်ခဲ့သည်။ (ဤကိစ္စကြောင့်အာဏာရပါတီအတွင်းတင်းမာသူအုပ်စုလှုပ်လှုပ်ရွရွဖြစ်သွားသေးသည်။)
ထိုကာလများအတွင်းမြန်မာ-တရုပ်ဆက်ဆံရေးသည်စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်သော်လည်းမြန်မာနှင့် ASEAN နိုင်ငံများဆက်ဆံရေးသည်
ဘက်ပေါင်းစုံဖြစ်သည်သာမကရွယ်တူနိုင်ငံတွေချင်းဖြစ်သဖြင့်ပို၍ရင်းနှီးကြသည်။
အထီးကျန် ၂၄ နှစ်တာကာလတလျှောက် ASEAN ကအနောက်ဒီမိုကရေစီမီဒီယာများ ၏လှောင်ပြောင်မှုကိုခံလျှက်မြန်မာနှင့် Constructive engagement policy ကို ကျင့်သုံးပေးခဲ့သဖြင့်မြန်မာအဖို့ အသက်ရှုပေါက်ရခဲ့သည်။
ASEAN ခေါင်းဆောင်များအနက်ဆူရင်ပစ်ဆူဝမ်(Surin Pitsuwan) သည်မြန်မာနိုင်ငံအပေါ်အထူးစေတနာထားသူတစ်ဦးဖြစ်သည်။
ASEAN အုပ်စုတွင်လူဦးရေသန်း ၅၀၀ ရှိသည့်အနက်မူဆလင်ကတ၀က်ကျော်သဖြင့်
မြန်မာပြည်တွင် “ရိုဟင်ဂျာ” ဆိုတာကိုအကြောင်းပြု၍ဘာသာရေးပဋိက္ခဖြစ်မှာ
မလိုလားချေ။ မြန်မာနိုင်ငံတွင်ဤကဲ့သို့ သောပေါက်ကွဲမှုတစ်ခုဖြစ်လာ၍သက်တမ်းကြာ
သွားလျှင်အလာူတူပဋိပက္ခမျိုးရှိပြီးသားထိုင်းနိုင်ငံအပြင်မလေးရှား၊ အင်ဒိုနီးရှားတို့ အထိ
ကူးစက်ကျယ်ပြန့် လာကာအဖွဲ့ ၏စည်းလုံးညီညွတ်ရေးကိုထိခိုက်မှာစိုးရိမ်ဟန်ရှိသည်။
ထို့ ကြောင့်“ရိုဟင်ဂျာ”ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ကိုကန့် ကွက်လိုကကန့် 
ကွက်နိုင်သော်လည်းပြည်တွင်းရေးဖြစ်သည် (ASEAN ပဋိဥာဉ်ကိုချိုးဖေါက်ရာကျသည်) ဟူသောငြင်းပါယ်မှုသည်တွေးခေါ်ပုံလွဲနေသည်(wrong-headed) ဟုထင်ပါသည်။
သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ (immigration issue သည် အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပြဿနာပျောက်ကာ
လူ့ အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များ
အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား
အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention)
လုပ်ရန်တောင်းဆိုသံတွေကျယ်လောင်ဖွယ်ရာရှိသည်။
ဤသို့ ဆိုလျှင်မိမိဘက်ကတပမ်းရှုံးနေသည်။
ကြာလေဖြေရှင်းရခက်လေဖြစ်လာနိုင်သည်။
မြန်မာသံတော်ဆင့်