Thursday, April 26, 2012

နောက်ထပ်ကြားဖြတ် ရွေးကောက်ပွဲတစ်ခု ထပ်လုပ်ပေးဖို့ လို မလို


မြန်မာသံတော်ဆင့်


ဧပြီ ၂၆ - ၂၀၁၂

ကျမ်းကျိမ်ရာ၌ရွတ်ဆိုရမည့်စကားလုံး ကိုသဘောမတူသဖြင့်အသစ်စက်စက် NLD လွှတ်တော်ကိုယ်စားလှယ်များ မပါ ဘဲနှင့်လွှတ်တော်အစည်းအဝေးများပြန် စနေပြီဖြစ်သည်။
လိပ်ခဲတင်းလင်းဖြစ်နေဆဲပြဿနာနှင့် ပါတ်သက်၍နိုင်ငံရေးအောင်သွယ်တော် တစ်ဦးစ၊နှစ်ဦးစကသာလွှတ်တော်ထည်းမှာကောမီဒီယာပေါ်မှာပါ အစွမ်းကုန်အားထုတ်နေကြသည်။

သည်အတိုင်းဆက်သွားနေလျှင်အချိန်ကြာလာသည်နှင့် အမျှပြေလည်ရေးပို၍အလှမ်းဝေး သွားမည်ကိုတွက်ဆ၍ရနိုင်သည်။ သူ့ ဘက်ကိုယ့်ဘက်၊ဘက်လိုက်မှုများ -အထူးသဖြင့် အွန်လိုင်းမှအသားလွတ်ဆဲရေးမှုများက - လိပ်ခဲတင်းလင်းဖြစ်နေမှုကိုပိုဆိုးစေလိမ့်မည်။

CBC နှင့်အင်တာဗျူးဟောင်းတစ်ခုတွင်စာရေးဆရာမ ဟန်စုယဉ် (Han Suyin) က “နိုင်ငံရေးလုပ်ကြ ရာမှာမှားတယ်-မှန်တယ်လို့ မရှိ (There is no such thing as right or wrong in politics.) ဟုပြောဘူးသည်။ ကိုယ့်ဘက်ကကြည့်လျှင်ကိုယ်မှန်သည်ချည်း။

ယခုပြဿနာတွင် ဘက်နှစ်ဘက်တည်းထား၍ ကိုယ်ကြိုက်ရာဘက်ကရပ်တည်နေကြခြင်းဖြစ်သည်။ စင်စစ်ပြဿနာတိုင်းမှာအနည်းဆုံးဘက်သုံးဘက်ရှိသည် - သူ့ ဘက်၊ ကိုယ့်ဘက် နှင့် ပရိဿတ် ဘက်။

ယခုပြဿနာ၏တတိယဘက်သည်အခြားမဟုတ် NLD ကိုပုံအောမဲပေးခဲ့သော ၄၃ မြို့  နယ်မှမဲ ဆန္ဒရှင်များဖြစ်ကြသည်။ကြားဖြတ်ရွေးကောက်ပွဲကျင်းပရသည့်အဓိကအကြောင်းရင်းမှာသူတို့ အား
လွှတ်တော်ထည်းတွင် ကိုယ်စားပြုပေးမည့် သူများမရှိတော့၍ဖြစ်သည်။

သို့ သော်ယခုရွေးကောက်ပွဲပြီးသွားသောအခါ၌လည်းသူတို့ ခမျာဒုံရင်းအတိုင်းအမိမဲ့သားသမီးများ ဘ၀ကမတက်နိုင်ရှာကြ။၄၃ နေရာဆိုသည်မှာနိုင်ငံသေးသေး(ဥပမာတိုင်ဝမ်)တစ်ခုစာလောက်ပင်
ရှိနိုင်သည်။

မဆီမဆိုင်မဆလခေတ်တုံးကကြားခဲ့ဘူးသည့်လူပုဂ္ဂိုလ်အကျိုးစီးပွားနှင့်ပါတီအကျိုးစီးပွားနှိုင်းယှဉ်လာလျှင်ပါတီ၏အကျိုး စီးပွား၊ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးရွေးစရာဖြစ်လာလျှင်တိုင်းပြည်

အကျိုးစီးပွား ကိုဦးစားပေးမည်ဆိုသည့်စကားတစ်ခွန်းကိုပြန်၍သတိရမိသည်။

မြန်မာ့နိုင်ငံရေးလောကတွင်တစ်ခါမျှအကောင်အထည်မပေါ်ဘူးသေးလင့်ကစား နိုင်ငံရေးကိုယ်ကျင့်တရား (political ethics) စံတစ်ခုအဖြစ်ယခင်ကအနည်းဆုံးကြားတော့ကြားဘူးခဲ့သည်။

သူ့ အကျိုးပြောရမည်ဆိုလျှင် NLD သည်တိုက်ကွက်ဖေါ်ရာတွင်အနည်းဆုံးမိမိဘက်ကလက်ခုတ်တီး အားပေးနေသော ပရိဿတ်များနှင့်တော့အတိုင်အဖေါက်ညီသင့်သည်။ ယခု Wall Street Journal, Al Jezeera, New York Times နှင့် Foreign Policy Journal တို့ ၏ရေးသားချက်များကိုဖတ်လျှင် အနောက်တိုင်းပရိဿတ်ကစိတ်ပျက်သွားတာကိုသိနိုင်သည်။

ယခု NLD လုပ်ပုံသည် “Runaway bride” လိုဖြစ်နေသည်။ အိမ်နီးနားချင်းထိုင်းသတင်းစာ Nation ကဆိုလျှင်ပေါ်ထင်ပင်လှောင်ပြောင်ထားသည်။

NLD ၏တောင်းဆိုချက်ကိုသမ္မတကမကူညီနိုင်။ စကားကလေးတစ်လုံးဖြစ်သော်လည်းပြည်ထောင်စု လွှတ်တော်တစ်ခုလုံးနှင့်သက်ဆိုင်နေသည်။ တစ်ဦးချင်းအနေနှင့်ခေါင်းရှောင်ရန်လွယ်ကူသည်။ ယခုဒေါ်အောင်ဆန်းစုကြည်ကကြံခိုင်ရေးပါတီနှင့်စစ်တပ်ခေါင်းဆောင်များနှင့်ဆက်သွယ် ၍ပြေလည်အောင်ဆောင် ရွက်သွား မည်ဟုဘီဘီစီကိုဖြေ ကြားကြောင်းသိရသည်။

NLD ကိုထောက်ခံသူများနှင့်အောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ်ကိုးကွယ်သူများ၏ပုတ်ခတ်ရှုံ့ ချဆဲရေး သယော်လှောင်ပြောင်မှုများကိုတချိန်လုံးခံလာကြရသောထိုနိုင်ငံရေးအင်အားစုနှစ်စုကသဘော ထားကြီးနိုင်ကြပါစေဟုသာဆုတောင်းရန်ကျန်တော့သည်။

တောင်းဆိုတိုင်းပေးနေလျှင်တစ်ခုပြီးတစ်ခုဆက်၍တောင်းနေလိမ့်မည်၊ အတူတူ လက်တွဲလုပ်သွားမည့် အဓိပ္ပါယ်မထွက်ဟုသူတို့ ဘက်ကထင်မှတ်သွားနိုင်သည်။

ထို့ နောက်မှတဖန်“ဒူးတော့မထောက်နိုင်”ဟုမနေ့ ကပြောကြောင်းသတင်းထွက်လာသည်။
နောက်ဆက်တိုက်ဆိုသလိုပင် - ပြဿနာသည်အလုပ်သဘောအခက်အခဲကလေး (technical issue/question)သာဖြစ်သည် နိုင်ငံရေးပြဿနာမဟုတ်ဟုသုံးသပ်ကြောင်းသိရပြန်သည်။

နိုင်ငံရေးပြဿနာမဟုတ်လျှင်အစကတည်းကဒူးထောက်-မထောက်ရှုပ်ထွေးစရာအကြောင်းမရှိ။ ကြည့်ရသည်မှာထုံးစံအတိုင်း Plan B မရှိဘဲလုပ်ချလိုက်ပြီးမှထင်ထားသလိုဖြစ်မလာသဖြင့်ကြံရာမရ (restless) ဖြစ်နေပုံရသည်။

မည်သို့ ဖြစ်စေအချိန်နှင့်ဒီရေသည်လူကိုမစောင့်။ နိုင်ငံတော်တည်းဟူသောသင်္ဘောကြီး
(The ship of state) သည်ဆက်လက်ခုတ်မောင်းနေရမည်ဖြစ်သည်။

အမြစ်တွယ်နေသောဝန်ထမ်းယန္တယားကြီးချစားနေမှု (corruptions)၊ တစ်နိုင်ငံလုံးလျှပ်စစ် ဓါတ်အားနှင့်လောင်စာဆီမလုံလောက်မှု (energy insecurity) နှင့်ပြည်တွင်းငြိမ်းချမ်းရေး
(peace process) စသောလုပ်ငန်းကြီးတာဝန်များကိုသတိပြုမိကြမည်ဆိုလျှင်စိတ်ကြိုက်စကား လုံးကိုရွေးချယ်နေမှုသည်တာဝန်မဲ့ရာကျသည်။ အသေးစိတ်ကလေးတစ်ခုထည်းမှာနစ်ဝင်နေ တာဖြစ်သည်။ (deep in the "politics of the moment")။

ပြဿနာများကြီးကိုရင်ဆိုင်ကြရန်လွှတ်တော်များကိုသတ်မှတ်ထားသောအချိန်အတိုင်းကျင်းပ
ရမည်ဖြစ်သည်။ လွှတ်တော်အတွင်းထိုင်ခုံနေရာ ၄၃ နေရာတောင်အချိန်အကန့် အသတ်မရှိ လစ်ဟာနေလို့ လည်း မဖြစ်နိုင်ပါ။ ဒီမိုကရေစီသဘောအရထိုမဲဆန္ဒနယ်များမှပြည်သူများကို ကိုယ်စားပြုသူတွေရှိကိုရှိနေရမည်။ ၂၀၁၅ ရောက်ဖို့ သုံးနှစ်တောင်လိုသေးသည်။

ထို့ ကြောင့်ကြားဖြတ်ရွေးကောက်ပွဲနောက်တစ်ကြိမ်ထပ်လုပ်သင့်ကလုပ်ရမည်။
သည်တစ်ကြိမ်လုပ်လျှင်ယခုလိုအဖုအထစ်မျိုးကိုရှောင်နိုင်ဖို့ အသေအချာစီစဉ်ကြပါဟု
တိုက်တွန်းလိုသည်။

နိဂုံးချုပ်အားဖြင့် - အားလုံးသိကြပြီးသားဖြစ်သော်လည်းအရပ်သား၊ စစ်သား၊နိုင်ငံရေးလုပ်သူ အားလုံး၊နိုင်ငံရေးပါတီအားလုံးနှင့်နိုင်ငံရေးခေါင်းဆောင်အားလုံးကိုတစ်ခုတော့ထပ်၍တင်ပြလိုပါသည်။ ဒီမိုကရေစီစံနစ်လုပ်ကြမည်ဆိုလျှင်မည်သူမျှ ကိုယ်လိုချင်တာ/ကိုယ်ဖြစ်ချင်တာ အကုန်လုံးမရနိုင်/ မဖြစ်နိုင် - “Nobody gets everything he wants under a democracy.” ဆိုသည့်အချက် ပင်ဖြစ်ပါသည်။

မြန်မာသံတော်ဆင့်


photo credit - Facebook - 318244 -330975950291076 - Thanks for the use

8 comments:

  1. "မဆီမဆိုင်မဆလခေတ်တုံးကကြားခဲ့ဘူးသည့်လူပုဂ္ဂိုလ်အကျိုးစီးပွားနှင့်ပါတီအကျိုးစီးပွားနှိုင်းယှဉ်လာလျှင်ပါတီ၏အကျိုး စီးပွား၊ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးရွေးစရာဖြစ်လာလျှင်တိုင်းပြည်အကျိုးစီးပွား ကိုဦးစားပေးမည်ဆိုသည့်စကားတစ်ခွန်းကိုပြန်၍သတိရမိသည်။"

    ဟာဟ..နားထောင်လိုတော့ကောင်းသား ပဲ၊ ပြည်သူ့ အကျိုးပါတီ အကျိုးယှဉ်လာရင်ပါတီအကျိုးပဲဦးစားပေးမယ်လို့ ဘယ်နလပိန်းတုန်းကအောရဲမှာလဲ။ ပြောတဲ့အတိုင်းမလုပ်ဘဲ မဆလတစ်ပါတီ အကျိုးပဲ ၂၆ နှစ်ဆက်တိုက်လုပ်ခဲ့လို့ တိုင်းပြည်ဖွတ်တက်ခဲ့ပီ။ ဦးနေ၀င်းစကားများမဆီမဆိုင် သတိရနေသေးတယ်။ လုပ်ချင်တာဖြစ်ချင်တာ လို့ ဆိုရမှာထက် လုပ်သင့်တာဖြစ်သင့်တာတွေ ဟာဖြစ်နိုင်မဖြစ်နိုင်လို့ ရေးရမှာ ။

    "Everyone deserve what they should deserve democratically."

    ReplyDelete
  2. အချိန်ဆွဲနေတာ ကြံ့ခိုင်ရေးကအမတ်တွေပဲဖြစ်ပါတယ်။အန်အယ်ဒီက ရွေးကောက်ပွဲ မှာ နိုင်ပြီးတော့မှ ကောက်ခါငင်ခါ ထပြီးပြောင်းပေးပါပြောတဲ့ကိစ္စမဟုတ်ပါ။ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကိုပြင်ဆင်ကတည်းက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ထဲ ကြီတ်လုပ်ခဲ့တဲ့ကိစ္စမဟုတ်ပါ။ကြံ့ခိုင်ရေးအမတ်များကိုယ်တိုင် နဲ့ ဥပဒေကြမ်းကော်မတီကိုယ်တိုင်က လက်ခံအတည်ပြုပြီးပြင်ပေးခဲ့ကြတာပါ။ဒီစကားအတိုင်းသာဆိုရင် နဂိုကတည်းက NLD ကရွေးကောက်ပွဲဝင်မှာကို မဟုတ်ပါဘူး။၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတိုင်း သာသွားကြည့်ပါ။ဒီနေ့အခြေအနေမျိုးလည်း ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။NLDချည်းသက်သက်လည်း ဒီနေ့အခြေအနေ ကိုမြန်မြန်ဆန်ဆန်ရောက်လာနိုင်ဖို့မလွယ်ပါဘူး။
    ရွေးကောက်ပွဲပြီးမှ ကျမ်းကျိန်တဲကိစ္စ နဲ့ပြဿနာတက်လာတာဟာ နှစ်ဘက်လုံးရဲ့ပေါ့ဆမှုပါ။NLD ကိုအပြစ်ပုံချတာဟာနည်းလမ်းမမှန်ပါဘူး။နဂိုကတည်းက အခြေခံဥပဒေမှာ အရင်ပြင်ခဲ့ရင် ဒီလိုပြဿနာတက်စရာကိုမလိုပါဘူး။ဒါပေမယ့်အခုတော့တက်လာပါပြီ။ဒီအချိန်မှာ NLD က ဒီလိုလုပ်နိုင်ပါတယ်လို့ အကြံဥာဏ်ပေးယုံမှအပ လွှတ်တော်ထဲဝင်ပြီး ပြင်ဆင်ခွင့်အာဏာမရှိသေးပါဘူး။လက်ရှိပြင်ဆင်နိုင် တဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်အမတ်များက ဝိုင်းပြီးပြင်ဆင်ကြဖို့ပါ။
    NLDမှာ ဒါကိုပြင်ဆင်ပေးဖို့ အခွင့်မရှိပါဘူး။အချိန်ဆွဲဖို့အခွင့်မရှိပါဘူး။
    ဒူတော့မထောက်နိုင်ဆိုတဲ့ စကားလေးတစ်လုံးထဲကွက်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ချင်လွန်းအားကြီးတယ်ထင်ပါတယ်။ပြောသွားတဲ့စကားအားလုံးကို ခြုံပြီးကြည့်ရမှာဖြစ်ပါတယ်။ကွက်ကွက်လေးယူရင် အဓိပ္ပာယ်အများကြီးလွဲသွားနိုင်ပါတယ်။ဒီလိုအချိန်မျိုးမှာဆင်ခြင်သင့်ပါတယ်။
    ကရွေးကောက်ပွဲမဝင်ခင်ကတည်းက ကြွေးကြော်ခဲ့တာကလည်း ပြည်သူတွေကိုအကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကိုပြုပြင်ဖို့။ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ။တရားဥပဒေစိုးမိုးဖို့ဖြစ်ပါတယ်။အမြစ်တွယ်နေသောဝန်ထမ်းယန္တယားကြီးချစားနေမှု (corruptions)၊ တစ်နိုင်ငံလုံးလျှပ်စစ် ဓါတ်အားနှင့်လောင်စာဆီမလုံလောက်မှု (energy insecurity) နှင့်ပြည်တွင်းငြိမ်းချမ်းရေး
    (peace process) စသောလုပ်ငန်းကြီးတာဝန်များ ဆိုတာနဲ့ ဘာများကွာခြားပါသလဲ။
    တင်ပြတဲ့လူက အခြေခံဥပဒေပြုပြင်ဖို့ဆိုတာကိုတော့ အဓိကအချက်ကြီးကိုတော့ လုပ်ငန်းကြီးတာဝန်များမဟုတ်လို့ချန်လှပ်ခဲ့တာပါလား။
    ပြည်သူနဲ့ နိုင်ငံတစ်ကာက NLD ဝိုင်းပြီးထောက်ခံခဲ့ကြတာ ဟာ ဒီအချက်ကြီးကအဓိကဖြစ်ပါတယ်။ဒါကိုရှောင်ရှောင်ပြီးပြောနေကြတွေးနေကြလို့ လိုတာကိုမရောက်တာပါ။
    နိဂုံးချုပ်အားဖြင့် - အားလုံးသိကြပြီးသားဖြစ်သော်လည်းအရပ်သား၊ စစ်သား၊နိုင်ငံရေးလုပ်သူ အားလုံး၊နိုင်ငံရေးပါတီအားလုံးနှင့်နိုင်ငံရေးခေါင်းဆောင်အားလုံးကိုတစ်ခုတော့ထပ်၍တင်ပြလို ပါသည်။ ဒီမိုကရေစီစံနစ်လုပ်ကြမည်ဆိုလျှင်မည်သူမျှ ကိုယ်လိုချင်တာ/ကိုယ်ဖြစ်ချင်တာ အကုန်လုံးမရနိုင်/ မဖြစ်နိုင် - “Nobody gets everything he wants under a democracy.” ဆိုသည့်အချက် ပင်ဖြစ်ပါသည်။ ဆိုတာ NLD က ကောင်းကောင်းသဘောပေါက်ပြီးသားဖြစ်ပါတယ်။သဘောမပေါက်တာက ကြံ့ခိုင်ရေးအမတ်တွေပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ပါ့မယ်လို့ ပြည်သူကိုဂတိပေးထားတဲ့ NLD အဖို့ ဒီစကားလုံး ပြောင်းဖို့ပြောဆိုတာ သဘာဝကျပါတယ်။ဦးသိန်းစိန်လည်း သဘောထားတင်းမာတဲ့လူတွေကြား အခက်အခဲရှိသလို NLD အဖို့လည်း ပြည်တွင်းပြည်ပ တစ်နိုင်ငံလုံးကဝေဖန် ကိုယ်တိုင်လည်း သပိတ်မှောက်ထားတဲ့ လွှတ်တော်ထဲဝင်ဖို့ ဒီလောက်တောင်းဆိုတာကတော့ နားလည်ပေးရမှာပါ။ကိုယ့်ဘက်ကြည့်သလို သူ့ဖက်လည်းကြည့်ရမှာပါ။ဒါမှတရားမျှတမှာပါ။
    ဒါကိုဒီစကားလုံးလေးလောက်နဲ့ လို့ ပြောလို့မရပါဘူး ။NLD အတွက်တော့ ဒီစကားလုံးဟာ အသက်ပါ။သိက္ခာပါ။

    ကြံခိုင်ရေးကိုယ်စားလှယ်တွေက ဒီစကားလုံးလေးလောက်လို့ပြောရင် ဘာဖြစ်လို့ ဒီစကားလုံးလေးလောက်နဲ့ ကြံ့ကြာနေအောင်လုပ်နေရတာလည်း လို့ သူ့စကားနဲ့ သူ့ကိုပြန်မေးဖို့ပဲရှိပါတယ်။ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်သင့်ကလုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကတော့ အကျိုးအကြောင်းအဆိုးအကောင်းကို နားမလည်ပဲ ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်ကို တွန်းပို့လိုက်တဲ့ အန္တရယ်အကြီးဆုံးအတွေးအခေါ်ပါပဲ။ ခေါင်းဆောင်တွေကိုနားလည်းမှုလွဲအောင်တွန်းပို့မယ့်အစား ဖြန်ဖြေစဉ်းစားမှူကိုအလေးပေးတဲ့အရေးအသားမျိုးနဲ့ မီဒီယာကတွန်းပို့သင့်ပါတယ်။ကြံ့ခိုင်ရေးအမတ်တွေကလည်း NLD ပေးထားတဲ့ထွက်ပေါက်အတိုင်း ဟုတ်ပါတယ် လုပ်ထုံးလုပ်နည်းမှားတာပါ ဒါကိုဘယ်လိုညှိနှိုင်းလိုက်ရင်တော့ ကြီးကြီးကျယ်ကျယ်မဖြစ်ပဲ ပြီးသွားမှာပါ ဟုတ်ပါတယ်ဗျာ အားလုံးတာဝန်မကင်းပဲမှားခဲ့ ကြတဲ့ကိစ္စ အားလုံးပဲဝိုင်းလုပ်ကြတာပေါ့။ပြည်သူ့မျက်နှာက ရှိသေးတယ်လေ ဆိုရင်ပြည်သူက ဘယ်လောက်များ သာဓုခေါ်လိုက်မလဲ နိုင်ငံတကာက ဘယ်လောက်များချီးကျူးကြမလည်း။သိက္ခာတန်ဖိုးမြင့်မြင့်မားမားနဲ့ လွှတ်တော်ထဲမှာ NLD နဲ့ လက်တွဲပြီး ဘယ်လောက်ဂုဏ်တင့်လိုက်မလည်း။၂၀၁၅ မှာလည်း မဲမကွာပဲ ညီနောင်ပါတီများအဖြစ် ပြည်သူ့အကျိုးကို ဘယ်လောက်စွမ်းဆောင်နိုင်လိုက်မလဲ။ယူတက်ရင် ကြံခိုင်ရေးပါတီအတွက် အမြတ်ချည်းပါပဲ

    ReplyDelete
  3. I always support to Daw Su and NLD, so happy to see 43 seats won in bi-election. But Current trick is, the first time despair to NLD but till supporting.
    NLD is stuck at the entrance and, nothing done yet. We want to see NLD as prestigious torch guiding right way to people.

    ReplyDelete
  4. ဒေါ်စုနဲ့ NLD က လွဲရင် မြန်မာပြည်ကိုကယ်တင်နိုင်မယ့်သူမရှိဖူးလို့ ယုံကြည်ခဲ့သူပါ၊ ပထမဆုံးအကြိမ် စိတ်ပျက်မိပါတယ်၊
    ဒီလောက်မိုက်မဲတယ့် နိုင်ငံရေးကျားကွက်ကို ရွှေ့ လိုက်တာ မယုံနိုင်စရာပါပဲ၊ အချိန်မှီပြုပြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်၊

    ReplyDelete
  5. အားလုံးသတိ

    အားပါးပါး.. လူသိရှင်ကြား ကမ္ဘာသိကြေငြာထားတဲ့ ဖွဲ့စည်းပုံထဲက ဒီစကားစုကို အန်အယ်ဒီက ခုလိုလွှတ်တော်တက်ခါနီးမှ အိပ်မက် တရေးနိုးသလို သိတယ်ဆိုရင်တော့ သြောချစရာ ပေါ့လျော့မှုပါပဲဗျာ.. ဖွဲ့စည်းပုံထဲမှာကိုက ဒီလိုဒီလိုထောက်ခံမဲရရင်တော့ ပြင်ဆင်ခွင့်ရှိတယ်လို့ အခိုင်အမာ ပြဌာန်းထားပြီးသားမို့ ခေတ်နဲ့အညီ လိုအပ်သလို ထောက်ခံချက်ရယူ ပြင်ဆင်ခြင်းကိုက ဖွဲ့စည်းပုံရဲ့ လုပ်ပိုင်ခွင့်အရ ပြုလုပ်တာပဲ ဖြစ်ပြီး ကာကွယ်စောင့်ရှောက်ခြင်း တစ်မျိုးပဲလို့ မောင်သတိ နားလည်တာမို့ ကာကွယ်စောင့်ရှောက်လို့ ရွတ်ဆိုရရင်ပဲ ပြင်ဆင်ခွင့် မရှိတော့သလိုလို အကြောင်းပြချက်ကြီးကလဲ အူတူတူ ဖြစ်ရပါရဲ့.. တကယ်ပဲ အဲလိုအမှားအယွင်းကြီး အဓိပ္ဗါယ်ကောက်မိတယ်ပဲ ထားပါဦး.. ဗူးသီးပေးပြီး အိုက်တင်လုပ်ခဲ့တာကနေ ခုဖရုံသီးဇါတ်ခင်းတဲ့အထိ ဂငယ်ကွေ့ ကွေ့ပြီးသားမို့ ခုကျမှပဲ စကားလုံးအကျအနကို လိုက်ထောက်ပြီး စတန့်ထွင်နေတာကတော့ လုပ်စရာ ရွှေ့ကွက် အဲလောက်ပဲ ရှားသလား.. နိုင်ငံရေး အကွက်အကွင်း ကြီးကြီးမားမား လုပ်စရာ မရှိလေရော့သလား ဒေါ်စုရယ်လို့ မျက်စိမှိတ်ငြင်းမနေတဲ့ ဒေါ်စုထောက်ခံသူတွေ အံ့သြောကြလိမ့်မယ် ထင်ပါတယ်.. ကျွန်တော်ကတော့ ဘယ်တုန်းကမှလဲ ရွှေ့ကွက်ကြီးကြီးမားမား မရှိခဲ့တဲ့.. နိုင်ငံရေး စင်ပေါ် စတက်လာထဲက သူများဖောက်တဲ့လမ်း တောင်စမ်းမြောက်စမ်း လျောက်ရင်း ထင်ပေါ်အောင်စင်ပေါ်အတင်း တွန်းတင်ခံခဲ့ရသူပဲလို့ မြင်တဲ့အတွက် ဒါမဆန်းပါဘူးလေ.. ဒေါ်စုမဟုတ်လားလို့ပဲ ပြောချင်စမ်းပါဘိဗျာ..

    အားလုံးသက်သာ
    မောင်သတိ

    ReplyDelete
  6. နောက်ထပ်ကြားဖြတ်ရွေးကောက်ပွဲတော. ထပ်မလုပ်ပါနဲ.တော.ပြသနာအလွန်ကြီးပါတယ်။မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်တော.လက်ရှိအစိုးရဖျက်သိမ်းပြီးတပြည်လုံးအထွေထွေရွေးကောက်ပွဲလုပ်
    ကြည်.လိုက်ပါ အဖြူ အမဲ သဲကွဲသွားတာပေါ. စေတနာနဲ.ပြောတာပါ။

    ReplyDelete
  7. Great word.., "NLD အတွက်တော့ ဒီစကားလုံးဟာ အသက်ပါ။သိက္ခာပါ။". Then, now how?

    ReplyDelete
  8. Now NLD has decided to attend the Parliament on 2nd May. It means that NLD is dead because these words are the life of NLD. heeheheheehhee

    ReplyDelete