Friday, August 3, 2012
ရခိုင်အရေး လျှော့တွက်လျှင် ခံကြရလိမ့်မည်
                                                                                                                      Photo credit - Arif Ali - AFP
သြဂုတ်လ ၃ ရက် - ၂၀၁၂
ဇူလိုင်လ ၃၀ ရက်နေ့ စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကထုပ်ပြန်ကြေငြာချက်၌ရခိုင်ပြည်နယ်တွင် အခြေအနေအရပ်ရပ်သည်ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဟုနိဂုံးချုပ်၍ဖေါ်ပြထားသည်။ 
(source - EMG Media / The Voice / 7Day news journal)
ဤကြေငြာချက်သည်ရခိုင်ပြည်သူများ၏ဒုက္ခကိုလှောင်ပြောင်လိုက်သလိုဖြစ်နေသည်။
ပြီဖြစ်ကြောင်းနေရဉ္စရာသတင်းဌာနက တရားခံအမည်နှင့်တကွဖေါ်ပြခဲ့သည်။
မသီတာထွေးတုံးကလိုအသက်ပါမဆုံးရှုံးသော်လည်းအရှက်တကွဲအကျိုး နည်းဖြစ်ရသည်ချင်းအတူတူဖြစ်သည်။
ရခိုင်သားများသည်မိမိတို့ တိုင်းပြည်အတွင်း၌အများပြည်သူသွားလာချိန်အတွင်းအများပြည်
သူသွားလာနေကျနေရာများတွင်နိုင်ငံအတွင်းသို့ တရားမ၀င်ရောက်ရှိနေသူများ၏ တစ်မျိုးတစားတည်းသောအမှုဖြင့်ထပ်တလဲလဲကျူးလွန်စော်ကားမှုကိုခံနေရခြင်းသည်
“တရားဥပဒေစိုးမိုးရေး”ကျဆုံးနေခြင်းမဟုတ်လျှင်တခြားဘာဖြစ်နိုင် သနည်း။ (ဒါတောင်စစ်အုပ်ချုပ်ရေးရှိနေချိန်ဖြစ်သည်။သို့ မဟုတ်လျှင်ရခိုင်တွေဘ၀မှာတွေးရဲစရာပင်မရှိ)
ဤအဖြစ်မျိုးမြန်မာပြည်သားတွေခံစားခဲ့ကြရဘူးသည်မှာဒုတိယကမ္ဘာစစ်အတွင်းတိုင်းပြည် ဖက်ဆစ်ဂျပန်တို့  လက်အောက်ကျရောက်ချိန် (၁၉၄၁-၄၅) ကသာဖြစ်သည်။ရခိုင်ပြည်သို့ တပ်ရင်းပေါင်း များစွာပို့ ထားပါလျှက်ရိုဟင်ဂျာဆိုသူတွေဘာကြောင့်ဤမျှအတင့်ရဲနေကြသနည်း။
အကြောင်းမှာအားကိုးစရာတွေတစ်ခုမကရှိနေကြလို့ ဖြစ်သည်။
(၁) အုပ်ချုပ်သူအာဏာပိုင်များကရိုဟင်ဂျာဆိုသူများအပေါ် - သူတို့ အကြောင်းနှင့်သူတို့  - သက်ညှာနေခြင်း
(၂)  UNHCR အပါအ၀င် INGO များကရိုဟင်ဂျာဆိုသူတို့ ဘက်ကရပ်တည်ပေးနေခြင်း။
(၃) နိုင်ငံတကာမှအမျိုးတူဘာသာတူတွေကငွေအင်အား၊ ၀ါဒဖြန့် ချီရေးအားဖြင့်ပံ့ပိုးနေခြင်း
(၄) အစ္စလမ်နိုင်ငံကြီး (OIC) အချို့ ကမြန်မာ အပေါ် သံတမန်ဖိအားပေးများနေသည်ကိုသိကြခြင်း။
(၅) Jihad အဖွဲ့ တွေကမြန်မာပြည်ကိုသူတို့ ၏နောက်ထပ်စစ်မြေပြင် အဖြစ်သတ်မှတ်ချိမ်းချောက်နေခြင်း။
တစ်အချက်-ကိုအသေးစိပ်သုံးသပ်ကြည့်ရာတွင် - 
များဖြစ်နေကြပြီးအလွန်လည်းအကျင့်ပျက်လာဘ်စားတတ်ကြသဖြင့်သူတို့ ထံမှမျက်နှာသာပေးမှု 
ကိုငွေဖြင့်ဝယ်ယူနိုင်ခြင်း -
(ခ) ဒီမိုကရေစီအစိုးရသစ်သည်လောလောလတ်လတ်လမ်းခွဲခဲ့သောစစ်အာဏာရှင်အရိပ်မဲ 
ကြီးကြောင့်နိုင်ငံ တကာ၏သံသယမျက်လုံးများအောက်တွင်အလုပ်လုပ်နေရသဖြင့်ရိုဟင်ဂျာဆိုသူ 
များကိုအထူးသက်ညှာစွာဆက်ဆံပြနေရခြင်း -
(ဂ) အနောက်တိုင်းစီးပွားရေးပိတ်ဆို့ မှုဆန်ရှင်အောက်တွင်နှစ်ပေါင်းများစွာနေရစဉ်ကမိမိတို့ အားအဘက် 
လုပ်၍စီးပွားရေးအရဆက်ဆံခဲ့ သောအစ္စလမ်နိုင်ငံများ (အီရန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ 
မလေးရှား၊ ဘရူနိုင်း၊ ယူအေအီး စသောနိုင်ငံများ)အပေါ်မျက်နှာနာနေခြင်း (ယခုအထိထိုနိုင်ငံများသို့ ဆန်၊
သား-ငါး နှင့်အလုပ်သမားများတင်ပို့ နေသေး ခြင်း၊ ထိုနိုင်ငံများမှ - မဆိုစလောက်ငွေကြေးအကူအညီနှင့် 
ရင်းနှီးမြှုတ်နှံမှုများကိုလက်ခံထားပြီးဖြစ်နေခြင်း)တို့ ကိုအကြောင်းရင်းများအဖြစ်တွေ့ ရပါလိမ့်မည်။
နှစ်အချက် - တတိယကမ္ဘာရှိကျဆုံးနေသောနိုင်ငံများနှင့်ချိနဲ့ သောနိုင်ငံများ (Failed states / weak 
states) တွင်အလုပ်လုပ်နေသောကယ်ဆယ်ရေး (humanitarian) INGO များသည် ၄င်းတို့ ၏လုပ်ငန်း
သဘာဝအရပင် လက်ခံနိုင်ငံ (host country) ၏ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားတို့ နှင့်ဆန့် 
ကျင်၍ဆောင်ရွက်ကြရတတ်သည်။ ရခိုင်ပြည်နယ်တွင် NGO များသည်ပဉ္စမံအကြမ်းဖက်သမားများ 
ကိုသေချာစွာမစီစစ်ဘဲဝန်ထမ်းခန့် ထားသည်။ (ထို့ ကြောင့်နောင် NGO တွင်ဒေသခံဝန်ထမ်းခန့် လျှင် 
အစိုးရထံမှ clearance requirement လိုအပ်သင့်သည်။)
သုံးအချက် - အနောက်နိုင်ငံရောက်ရိုဟင်ဂျာအနွယ်များသည်သူတို့ အရေး (cause) အတွက်လိမ်ညာ 
ဝါဒဖြန့် ရန်ဝန်မလေးကြ။ အနောက်တိုင်းသတင်းပရိဿတ်၏အကြိုက်နှင့်အပေါ်ယံကြောကြည့် 
တတ်သောအားနည်းချက်ကိုအသုံးချနိုင်စွမ်းရှိကြသည်။ အနောက်နိုင်ငံအခြေချမြန်မာတွေ မယှဉ်ပြိုင်
 နိုင်သောအချက်ဖြစ်နေသည်။
အကြမ်းဖက်မှုများရခိုင်တွေဘက်ကကျူးလွန်တာတွေလည်းရှိမည်သာဖြစ်သည်။ သို့ သော်နိုင်ငံ 
သားတွေဖြစ် နေသဖြင့်တရားဥပဒေဖြင့်မိမိရရ ထိထိရောက်ရောက်နှိပ်ကွပ်နိုင်သည်။ 
(အစိုးရကလည်းဆန်ရင်းကိုသာနာနာ ဖွတ်လိမ့်မည်။) ရိုဟင်ဂျာကကျူးလွန်၍အရေးယူရလျှင် NGO တွေ
 နှင့်နိုင်ငံတကာမီဒီယာကလူ့ အခွင့်အရေး နှင့်ကိုင်ပေါက်လိမ့်မည်။ ထို့  ကြောင့်ဝါဒဖြန့် ချီရေးအရအခြား 
တစ်ဘက်က တပမ်းသာနေပြီးသားဖြစ်သည်။
လေးအချက် - မြန်မာနှင့်သံတမန်ဆက်ဆံရေးသက်တမ်းရင့်အီရန်နိုင်ငံသည်ပင်ရိုဟင်ဂျာအရေး၌မြန်မာ 
အပေါ်ဖိအားပေးနေသည်။ ကုလသမဂ္ဂတပ်များစေလွှတ်ခိုင်းနေသည်။ နိုင်ငံပေါင်း ၅၀ ကျော် 
ပါဝင်သောအစ္စ လမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (OIC) ကလည်းမြန်မာနိုင်ငံသို့   စုံစမ်းရေးအဖွဲ့ 
တစ်ခုစေလွှတ်လိုနေ သည်။ ၄င်းတို့ အထည်းတွင် ASEAN နိုင်ငံများဖြစ်ကြသောမလေးရှားနှင့်  
အင်ဒိုနီးရှားနှင့်အိမ်နီးချင်းဘင်္ဂလား ဒက်ရှ် နှင့်ပါကစ္စတန်တို့ လည်း ပါဝင်ကြသည်။ 
အသစ်စက်စက်အမေရိကန်သံအမတ်သည်၎င်း၊ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး
သည်၎င်းရိုဟင်ဂျာကိုမြန်မာ တိုင်းရင်းသားဖြစ်လေဟန်ယူဆပြောဆိုမှုတွေရှိနေကြသည်။
ငါးအချက် - Jihad - ဤအချက်ကရခိုင်ကရိုဟင်ဂျာတွေကိုမြောက်ကြွနေအောင်အဖန်တီးပေး 
ဆုံးဖြစ်နေသည်။ အင်ဒိုနီရှားနှင့်ပါကစ္စတန်တို့ ရှိအစွန်းရောက်တွေကမြန်မာနိုင်ငံအပေါ် jihad
ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟုအတိအလင်းကြေငြာထားသည်။
 jihad နှင့်နဖူးတွေ့ ဒူးတွေ့  မကြုံဘူးသေး သောမြန်မာအစိုးရဘက်ကထိထိရောက်ရောက်ပြင် 
ဆင်နေတာမတွေ့ ရသေး။မြန်မာအစိုးရ၏တွေးခေါ်မြော်မြင်ပုံကိုအကဲခပ်ရသည်မှာမိမိဘက်ကဤရွေ 
ဤမျှညင်သာစွာကိုင်တွယ်ပေးနေ သဖြင့် Jihad အထိလုပ်စရာအကြောင်း မရှိနိုင်ဟူ၍၄င်း 
မိမိနှင့်ဆက်ဆံရေး ရှိနေပြီးသားအစ္စလမ်နိုင်ငံများမှအစိုးရများကိုမိမိတို့ ဘက်ကမည်မျှလောက်
့နိုင်ငံများရှိအစွန်းရောက်တွေကိုနားချနိုင်လိမ့်မည်ဟူ၍၄င်းယူဆနေပုံရသည်။ဤသို့ ယူဆနေသည်ဆိုလျှင် 
မှားပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ----
တစ် - အစွန်းရောက်တွေခိုအောင်းနေသောအစ္စလမ်နိုင်ငံများမှအစိုးရများသည်ထိုသူများအပေါ်၌သြဇာမ 
ညောင်းပါ။ပြောင်းပြန်အားဖြင့်သာ အစွန်းရောက်တွေကသာအစိုးရအဖွဲ့ ဝင်တွေအပေါ်ဖိအားပေးနေ၊သြ
ဇာညောင်းနေကြသည်။ ဤအချက်နှင့်ပါတ်သက်၍ထိုနိုင်ငံများရှိမိမိ၏သံတမန်တွေ (အီဂျစ် -
ဆော်ဒီအာရေးဗျား - အင်ဒိုနီးရှား - အီရန်-ပါကစ္စတန် - စသည်တို့ မှမြန်မာသံရုံးဝန်ထမ်းတွေ ကို) 
စုံစမ်းကြည့်သင့်သည်။
နှစ် - မြန်မာနိုင်ငံတွင်တိုင်းရင်းသားစာရင်းဝင်ဖြစ်ရေးသည်ပထမခြေလှမ်းဟုဆိုလျှင် - ဘင်္ဂလီ ၇၄
ရှိပြီးရခိုင် ၆% သာကျန်တော့သောဘူးသီးတောင် - မောင်တောမြို့ နယ် ၂ခုသည်၎င်းတို့  အတွက်သီးသန့်  
နယ်မြေ(ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသမျိုး)တစ်ခုဖြစ်ရေး 
သည်ဒုတိယခြေလှမ်းဖြစ် လာနိုင်သည်။ပြင်သစ်နှင့်သြစတျေးလျားတို့ မှာသူတို့ 
ဘာသာဝင်တွေအတွက်ရှာရီယာဥပဒေ (Sharia law)ဖြင့်သီးသန့် အုပ်ချုပ်ရန်ဆိုသောတောင်းဆို 
မှုမျိုးတွေမအောင်မြင်သော်လည်းမြန်မာနိုင်ငံမှာအကောင်အထည်ဖေါ်ရန်အကြီး 
အကျယ်အားထုပ်လာနိုင်သည်။ ဘာကြောင့်ဤသို့ တရားလွန်ရန်စနေမည်နည်း။
အကြောင်းမှာမြန်မာအစိုးရသစ်၏အားနည်းချက်များကိုလူတိုင်းနည်းတူရိုဟင်ဂျာဆိုသူတွေက 
လည်းသိနေသည်။ ၄င်းတို့ မှာ -
၁ - ထိုအစိုးရ၏၀န်ထမ်းတွေအလွန်လာဘ်စားသည်။အမျိုးသားလုံခြုံရေးစည်းရိုးကြီးမှာကျိုးပေါက်နေသည်။
၂ - အစိုးရသစ်ဆိုသည်မှာစင်စစ်စစ်ယခင်အာဏာရှင်စံနစ်ထည်းကစစ်ဗိုလ်ချုပ်ဟောင်းတွေ
ပင်ဖြစ်ကြ၍ နိုင်ငံတကာအစိုးရများက သံသယ ကြီးစွာဖြင့်ဆက်ဆံတာခံနေကြရသည်။
ပြည်ပနှင့်ဘာပြဿနာမျှအဖြစ်မခံချင်သော၊ မဖြစ်စေချင်သောဆန္ဒရှိနိုင်သည်။  
၃ - တိုင်းရင်းသားဖြစ်ခွင့်၊ သီးသန့် ကိုယ်ပိုင်နယ်မြေတွေမဖြစ်နိုင်လျှင်ပင်ပြ ဿနာကိုသက်တမ်း
ရှည်နေအောင် လုပ်ထားဖို့ လိုမည့်ဒုတိယအကြောင်းရင်းတစ်ခုရှိနေသည်။ ၄င်းမှာမြန်မာနိုင်ငံမှ 
ထွက်ပြေးလာသောဒုက္ခသည်များအဖြစ်နှင့်ဒုတိယနိုင်ငံတွင်ခေတ္တခိုလှုံပြီးတတိယနိုင်ငံများ
အခြေချနိုင်ရန်ဖြစ်သည်။ (ဤဒုတိယအချက်သည်
လက်ရှိအဆင့်မှာပင်အောင်မြင်နေပြီဖြစ်သည်။ထို့ ကြောင့်ပြဿနာဆက်ဖြစ်နေ/ရှိနေအောင် 
ရန်စခြင်းကိုဆက်လုပ်နေမည်မှာအလွန်ဖြစ်နိုင်သည့်အချက်ဖြစ်သည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံ၏လူဦးရေပေါက်ကွဲမှုကိုဘင်္ဂလားဒက်ရှ်အစိုးရကမရှင်း ဖြေနိုင်ပေ။ 
ဘင်္ဂလားဒက်ရှ်မှထွက်ခွာလာသူများသည် မြန်မာ၊ ထိုင်း၊ မလေးရှားမှသည် သြစတျေးလျှ၊ နယူဇီလန်အထိ၎င်း၊ အနောက်ဘက်ဆော်ဒီ နှင့် UK အထိ ၄င်း၊ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် USA, Canada, Australia, Norway စသည့် ကမ္ဘာ့ထိပ်တန်းလူချမ်းသာနိုင်ငံများအထိ၎င်း နည်းမျိုးစုံသုံး၍သွားနေကြသည်။ ယခုထိုင်းနယ်စပ်ကစခန်းတွေပိတ်တော့မည်ဖြစ်ရာမောင်တောဒေသမှာပြဿနာဖြစ်/ရှိနေမှ အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်များအဖြစ်သွားနိုင်မည်ဖြစ်ကြောင်းသူတို့ ထည်းမှတစ်ချို့  ကိုယ်တိုင်သုံးသပ်တင်ပြထားတာတွေဖတ်ရသည်။
မည်သို့ ဖြစ်စေမြန်မာသည်ဘေးချင်းကပ်မြစ်တဘက်ကမ်းနိုင်ငံဖြစ်နေယုံသာမ
ကမြန်မာနိုင်ငံသားများ၏အမျိုးသားစည်းလုံးညီညွတ်ရေးပျက်ပြားနေမှု သည်ကမ္ဘာကျော်ဖြစ်သဖြင့်ဘင်္ဂလီတို့ ၏မြန်မာဘက်ကမ်းမှာတိုင်းပြည်တည်ဘို့  စိတ်ကူးသည်လည်းကြာရှည် စွာရှင်သန်နေနိုင်သည်။
အထက်ကသုံးသပ်ပြခဲ့သောအကြောင်းရင်းခံများအရ - ယခုကြုံတွေ့ နေရ
သောရန်စမှုများ (တိုင်းရင်းသူမိန်း ခလေးများကိုဖမ်း၍ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်ခြင်း၊ 
တစ်ဦးချင်းတစ်ယောက်ချင်းသွားလာလုပ်ကိုင်နေသောဒေသခံများကို- 
အထူးသဖြင့်သံဃာတော်များကို - ချောင်းမြောင်း၍သေသည်အထိတိုက် ခိုက်ခြင်း) တို့ 
သည်လက်ရှိအရေးယူ ခြင်းများလောက်ဖြင့်ရပ်ဆိုင်းသွား လိမ့်မည်မဟုတ်။
ထိထိရောက်ရောက်အရေးယူလာသည့်အခါတွင်လည်းလူ့ အခွင့်အရေးချိုးဖေါက်မှုများအဖြစ်၎င်း၊
(ဒေါ်အောင်ဆန်းစုကြည်ပြောသလို)လူများစုကလူနည်းစုအပေါ်အနိုင်ကျင့်မှုအဖြစ်လည်းနိုင်ငံတကာ
တွင် အကြီးအကျယ်ဝါဒ ဖြန့် တိုက်ပွဲတိုး၍ဆင်လာကြပေဦးမည်။ (ပြဿနာကိုလူနည်းစု-လူများစု 
ပဋိပက္ခဟုအပေါ်ယံကြည့်၍သုံးသပ်လိုက်သောအခါ “လူနည်းစု” သည်လည်း တရားဝင်တိုင်းရင်းသားတွေ 
ဟုလက်ခံထားသလိုလိုဖြစ်နေသည်။)ထို့ ကြောင့်ရှင်းရှင်းပြောရလျှင်မြန်မာနိုင်ငံသည်သူတို့ 
ပင်ပြောရပေမည်။
(ဘင်္ဂလားဒက်ရှ်အစိုးရကဆိုလျှင်မြန်မာဘက်တွင်ရှိနေပြီး သားလူရှစ်သိန်းသာမကသူ့ 
ဘက်တွင်ရှိနေသူသုံးသိန်းကိုပါလက်ခံရမည်ဟုတောင်းဆိုနေသည်။) သို့ ဖြစ်၍အချိန်ဆွဲ၍
တုံ့ နှေးနေပါကပို၍ဆိုးလာနိုင်သည်။  ဘယ်လောက်အထိဆိုးနိုင်သနည်း။
မြန်မာအစိုးရ၏အရေးယူမှုများကို လူ့ အခွင့်အရေးချိုးဖေါက်မှု’၊ ‘ဗုဒ္ဓဘာသာ
လူများစုကမူဆလင်လူနည်းစု’ အပေါ်အနိုင်ကျင့်မှုအဖြစ်ကာလကြာရှည်စွာ ၀ါဒဖြန့် 
ခံရလျှင်နိုင်ငံတကာပရိဿတ်ကအမှန်တရားအဖြစ်လက်ခံသွားနိုင်သည်။ အချိန်အတိုင်း 
အတာတရပ်ရောက်သောအခါ Jihad လုပ်ဖို့  အကြောင်းလုံလောက်လာလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော်ရေရှည်တွင်ပြဿနာ၏တစ်ဘက်ခြမ်းကဤလူခိုးဝင်မှုပြဿနာ 
(illegal migration issue) ကိုဘာသာရေးပြဿနာ (religious strife) 
ဖြစ်အောင်လမ်းခင်းပေးနေလျှင်အခြားတစ်ဘက်ခြမ်းကလည်း အနှေးနှင့်အမြန်
ဆိုသလိုလိုက်ပါလျှောက်လှမ်းလာရမည်ဖြစ်သောကြောင့်ဖြစ်သည်။
ထိုဖြစ်စဉ် (process) အတွင်းသို့ ယခုအချိန်အထိဝင်ပါမလာသေးသောပြည် 
တွင်းရှိမြန်မာမူဆလင်ထုသည်ရေ ရှည်တောင့်မခံနိုင်ဘဲတစတစပါဝင်လာနိုင်သည်
။နိုင်ငံရေးအသိရင့်ကျက်သောလူကြီးပိုင်းကအရွယ်သဘာဝအရသွေးဆူသောလူငယ်ပိုင်းကိုအချိန် 
တစ်ခုအထိသာထိမ်းထားနိုင်လိမ့်မည်။ မန္တလေးမှ မြန်မာမူဆလင်ငါးဖွဲ့ ၏စုပေါင်းကြေငြာချက် 
သည်ဤအားထုပ်မှုမျိုးဖြစ်သည်။ သို့ သော်ရန်ကုန်မှမြန်မာမူဆလင်တွေထံမှမူဘာသံမျှမကြားရ။
ယခုအချိန်တွင်တနိုင်ငံလုံးရှိမြန်မာမူဆလင်လူငယ်ပိုင်းများသည်စိတ်ဓါတ်ရေးရာအရနှစ်ပိုင်းပြတ်နေ 
သောဝေဒနာကိုခံစားနေရနိုင်သည် (psychologically torn) ။ ရှစ်ဆယ့်ရှစ်မျိုးဆက်တစ်ဦးဖြစ်သော
ကိုမြအေး သည်သူတို့ အားလုံး၏ဝေဒနာကိုကိုယ် စားပြုနေသည်။ 
(Ko Mya Aye epitomizes their lots. His utterances reveal their pain.)
[9/11 နောက်ပိုင်း USA နှင့်U.K တို့ မှဥပမာများအရ Jihadists များ သည်ပြည်ပကတာလီဘန်တွေ 
မဟုတ်ဘဲပြည်တွင်းပေါက်မူဆလင် တွေဖြစ်နေသည်။ အားလုံးနီးပါးသည်တက္ကသိုလ်ပညာတတ်များ၊ 
တစ်ဦး ဆိုလျှင်US Army မှဒုဗိုလ်မှုးကြီးဖြစ် သည်။]ဤသို့ ထောက်ပြသဖြင့်မြန်မာ 
မူဆလင်တွေကိုသံသယမျက်လုံးသက်သက်ဖြင့်စောင့်ကြည့်ရမည်ဟုမဆိုလို၊ 
suspect and respect အညီအမျှယှဉ်တွဲ ကျင့်သုံးဘို့ တော့လိုအပ်မည်။
ကိုမည်သို့ ဘာသာရေးပဋိပက္ခအဖြစ်ပုံပြောင်းလာအောင်လုပ်နေသည်ကိုသတိမလွတ်သင့်။
သို့ သော်မည်မျှသတိထားနေကြသည်ဖြစ်စေအချိန်မှီအဆုံးသတ်မပေးနိုင်လျှင်ဘာသာရေးပဋိပက္ခ
ဆိုသောနိဂုံးသည်ကျိမ်းသေဆိုက်ရောက်လာလိမ့်မည်။
နိုင်ငံတကာအတွေ့ အကြုံများအရ Jihad သည်ဘာသာရေးစစ်ပွဲဖြစ်သဖြင့်ဘာသာရေးပစ်မှတ်များကို 
အထူးဦးစားပေးတိုက်ခိုက်တတ်သည်။ အာဖဂန်နစ္စတန်တွင်ဘာမီယံဗုဒ္ဓဆင်းတုတော်ကြီးကိုဖေါက်ခွဲဖျက် 
ဆီးပစ်ခဲ့သည်။မြန်မာနိုင်ငံတွင်ရွှေတိဂုံစေတီတော်ကိုတိုက်ခိုက်မည်ဆိုသောကောလဟဠ
သည်ဖြစ်နိုင်ချေမရှိဟုမဆိုနိုင်။ ရွှေတိဂုံသည်အတားအဆီးမရှိလူတိုင်းလည်ပါတ်နိုင်သည်သာမက၊ 
ခြံစည်းရိုးမရှိဟင်းလင်းပွင့်နေသောနေရာတစ်ခုလည်းဖြစ်သည်။
(အစိုးရကအလွန်အမင်းအားပေးနေသောကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကြောင့်ဗုဒ္ဓဘာသာ
ဝင်များအထွဋ်အမြတ်ပြုကိုးကွယ်သောသာသနိကအဆောက်အအုံများကိုငွေရှာစရာနေရာများအဖြစ်
အသုံးချနေခြင်း (commercialization of holy sitesကိုမည်သူမှကန့် ကွက်ရကောင်းမှန်းမသိသေး။)
Jihad ၏အသွင်အပြင်သည်အဓိကအားဖြင့်ပြောက်ကြားစစ်ဖြစ်သည်။အထူးသဖြင့်ပစ်မှတ်ပျော့ (soft 
target) ဖြစ်သောအရပ်သားများကိုပို၍တိုက်ခိုက်သည်ဖြစ်၍မြိုပြပြောက်ကျားစစ် (urban guerrilla 
အထပ်များ၍လူစည်ကားသော မောလ်များ၊ ရှော့ပင်းစင်တာများ (Highrise structures) 
သည်ထိရောက်မှုအကောင်းဆုံးပစ်မှတ်များဖြစ်သည်။
Jihadist များသည်အယူသည်းများ (fanatics) ဖြစ်ကြသဖြင့်ကိုယ်တိုင်အသေခံ၍တိုက်ခိုက်
သူများ (suicide attackers) ဖြစ်တတ်ကြသလို၊ အ မျိုးသမီးများ၊ခလေးများနှင့်တိရစ္ဆာန် 
များကိုပါအသုံးပြုသည်အထိထွေပြားကြသည်။  Jhiad ၏အခြားထင်ရှားသောတိုက်ကွက်များမှာ
လုပ်ကြံသတ်ဖြတ်ခြင်း (assassinationဓါးစာခံဖမ်း၍တောင်းဆို ချက်များတောင်းခြင်း (hostage 
taking)တို့ ဖြစ်သည်။ ထို့ ကြောင့်ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် 
(ideal hostage - candidate) တစ်ဦး ဖြစ်လာနိုင်သလို၊ ကိုးကွယ်ရာဘာသာပြောင်းထားသူ 
ဗီဒီယိုသရုပ်ဆောင် ရဲတိုက်သည် (victim-candidate) တစ်ဦးဖြစ်လာနိုင်သဖြင့်ထိုပုဂ္ဂိုလ်များ 
သည်သတိနှင့်နေထိုင်သွားလာသင့်ကြသည်။
စင်စစ်ယခုပင်ကြိုတင်တွေးခေါ်မြော်မြင်သူများကမြန်မာမူဆလင်များရောင်းသောကွမ်းယာများ၊ 
ဒန်ပေါက်ထမင်းဆိုင်၊ လဘက်ရည်ဆိုင်များ၊ အကြောင်းမသိသော 786 ဆိုင်များကိုသတိနှင့်သုံးစွဲဘို့  
Facebook တွင် ကြိုတင်သတိပေးနေကြပြီဖြစ်သည်။
ဤသည်မှာမြန်မာမူဆလင်တို့ ၏စီးပွားရေးလုပ်ငန်းများကိုသပိတ်မှောက်ခိုင်းနေခြင်းမဟုတ်။
လူတစ်ဦးချင်းအသက်နှင့်ကျမ္မာရေးကိုမိမိ၏အသိစိတ်ဖြင့်ကာကွယ်တတ်ဖို့ ဖြစ်သည်။
ယခုတင်ပြချက်များသည်လူအများချောက်ချားအောင်လှန့် နေခြင်းလည်းမဟုတ်။ မိမိတို့ ပယောဂမပါသော် 
လည်းမိမိတို့ သာအများဆုံးခံစားရနိုင်ဘွယ်ရှိသောဒုက္ခများ ကိုမည်သို့ အနည်းဆုံးဖြစ်အောင်လုပ်နိုင်ရေး 
သာဖြစ်သည်။ လူထုကိုတပ်လှန့် ခြင်းသည်နည်းမှားလျှင်ပြဿနာကိုပိုဆိုးအောင်လုပ်သလိုလည်း
ဖြစ်နိုင်သည်။သို့ သော်လိုအပ် နေပါကမလုပ်ဘဲထား၍လည်းမဖြစ်ပေ။ ထို့ ကြောင့်သိမ်မွေ့ 
သောနည်းလမ်းများအမြဲမပြတ်ရှာဖွေနေသင့်သည်။ 
အစိုးရအုပ်ချုပ်ရေးပိုင်းအနေဖြင့်လူစည်ကားရာနေရာတိုင်းတွင် CCTV တပ်ဆင်ခိုင်း သင့်ပြီ။ 
အွန်လိုင်းအင်တာနက်လောကတွင်သတင်းအစအနများကြိုတင်ထွက်ပေါ်လေ့ရှိတတ်သဖြင့်အချိန်ပြည့် 
monitor လုပ်နေသင့်သည်။ လုံခြုံရေးဝန်ထမ်း၊ ရဲ၊ မီးသတ်၊သူနာပြု အယောင်ဆောင်မှုများရှိ 
တတ်သဖြင့်လုံခြုံရေးစည်းကမ်းပိုင်းလျော့ရည်းမှုကိုလုံးဝသီးမခံသင့်တော့သလို 
အခြေအနေသစ်တိုင်းအတွက်လေ့ကျင့်သင်ကြားမှုအသစ်များဖြင့် update လုပ်ရမည်။ 
USA တွင်  9/11 နောက်ပိုင်းတွင် Homeland Security Department ဖွင့်ခဲ့သည်။
မြန်မာနိုင်ငံတွင်အလားတူ 9/11 တစ်ခုဖြစ်သည်အထိစောင့်မနေသင့်ဘဲမိမိတတ်နိုင်သည့်
ဘဏ္ဍာရေးအင်အားဖြင့်ဤအေဂျင်စီမျိုးတစ်ခုကိုကြိုတင်ထူထောင်ထားသင့်သည်။
လောလောဆယ်အခြေအနေတွင်အစိုးရပိုင်းသည်အားမနာတမ်းဝေဘန်ရလျှင် - 
လူပြိန်းကြိုက်စကားတွေ ပြောနေသည်များရှိသည်။ သမတကြီးကဒီလူတွေကို
တခြားနိုင်ငံတွေပို့ ပစ်ဘို့ ပြောသည်။ မြန်မာနိုင်ငံသည်ဆင်းရဲသောနိုင်ငံဖြစ်ရာမြန်မာနိုင်ငံသို့ ခိုး 
ဝင်လာသူများသည်ပို၍ဆင်းရဲသောနေရာမှလာကြသူများဖြစ်ကြသည်။ ဤမျှလောက်ဆင်းရဲ၊ပညာမဲ့ကာ၊
ခလေးမွေးတာကလွဲ၍ဘာ human capacity မှမရှိသူများကိုလူသားချင်းစာနာမှု 
ဖြင့်လက်ခံမည့်နိုင်ငံများရှိလျှင်ပင်စီစစ်ရွေးချယ်ပြီးမဆိုစလောက်ဦးရေကိုသာယူလိမ့်မည်။ 
ထို့ ကြောင့် အခြေ အနေမှာ - ပြောချင်ရာပြောနိုင်သည်၊လုပ်ချင်ရာလုပ်လို့ တော့မရ -
ဆိုသလိုဖြစ်နေလိမ့်မည်။ လူဝန်မှုကြီးကြပ်ရေးဌာန၀န်ကြီးကလည်းရှေ့ နှစ်သန်းခေါင်စာရင်းကောက် 
မည့်အထည်းဒီလူတွေမပါဝင်ဟုပြောသည်။ဒီလူတွေကိုစာရင်းမကောက်လျှင်သူတို့ ၏နောက်ဆုံးအခြေ 
အနေကိုမည်သို့ သိနိုင်မည်နည်း။
မသီတာထွေးအစော်ကားခံရပြီးအသက်ဆုံးရှုံးခဲ့ရသည်မှ ၂လအတွင်း ပြဿနာသည် Jihad ဘာသာရေး 
စစ်ပွဲ ဆင်နွဲမည်အထိနေရာအတော်များများမှပြိုင်တူချိန်းချောက်လာကြသည် အထိမြန်မြန်ဆန်ဆန်ကြီး 
ရင့်ကျက် (mature) လာသည်။ ဤသည်မှာအကြောင်း ၂ခုကြောင့်ဤမျှမြန်မြန်ဆန်ဆန်ရင့်ကျက် 
လာခြင်းဖြစ်သည်။ (
၁) တဘက်ကစီမံကိန်းရှိရှိကြိုတင်အကွက်ချ စတင်ခဲ့တာဖြစ်ကြောင်းယခုသက်သေတွေနှင့် 
တကွမြင်ကြရပြီ။ 
(၂) မြန်မာ အစိုးရဘက်ကအလစ်အငိုက်ခံလိုက်ရသလိုဖြစ်သွားသည့်အပြင်ပြဿနာကို
ရင်ဆိုင်ရာတွင်နဂိုဓါတ်ခံလည်း ညံ့ဖျင်းသည်။ (၀န်ထမ်းလာဘ်စား မှုစသည့်အချက် ၄ ချက် 
အထက်တွင်တင်ပြပြီး) မည်သို့ ဖြစ်စေဤအချက်များကိုအကျယ်ချဲ့ မနေတော့ဘဲအောက်ပါအချက် (၇) 
ချက်ကိုသာထပ်မံတင်ပြလိုပါသည်။ ပြဿနာကိုရင်ဆိုင်ဖြေရှင်းနေသောနိုင်ငံတကာအတွေ့ 
အကြုံများ(UK, France, Italy, Thailand, Australia) ထည်းမှမြန်မာနိုင်ငံနှင့်သင့်လျှော်
၁- နောက်ထပ်ဘင်္ဂလီတွေခိုးဝင်မလာနိုင်အောင်နယ်စပ်နှင့်ပိုင်နက် ရေပြင်ကိုထိထိမိမိပိတ်ဆို့ ဖို့ 
၂- ရခိုင်ပြည်နယ်အတွက်နယ်ခြားစောင့်တပ်များ - BGF - ဖွဲ့ စည်းပေးပြီး လေ့ကျင့်သင်ကြားပေးရန်
၃- ရှိပြီးသားလူတွေလူဦးရေတိုးနှုံးကျဆင်းလာအောင်တားဆီးရေးထိထိ ရောက်ရောက်လုပ်ဖို့ 
၎ - ရခိုင်လူမျိုးတွေအပေါ်ဖိအားလျှော့အောင်နှင့်/ခိုးဝင်သူများကိုရောနှော လက်ခံမထားနိုင်အောင်
၅ - ခလေးတွေနှင့်လူငယ်တွေကိုပညာသင်ပေး၊ပျိုးထောင်ပေးမည့် ပြည်တွင်းမူဆလင် 
sponsor ရှာပေးရန်
၆- နိုင်ငံခြားမှမိသားစုအလိုက်ခေါ်ယူမည့် sponsor များကို NGO/ အစ္စလမ်
 နိုင်ငံများအကူအညီဖြင့်ပူးပေါင်း၍ရှာပေးရန်
၇ - ကျန်သူတွေကိုစီစစ်၍အပြစ်ရှိသူများအားပြစ်ဒဏ်၊ အပြစ်မရှိသူများနိုင်ငံသား ဖြစ်ရေးနှစ်ရှည်သင်တန်း 
များပေးရန် --
နိုင်ငံသားဖြစ်နေပြီးလွှတ်တော်တက်နေသည့်ဦးရွှေမောင်လိုလူကိုနောက်ဆုံးကိစ္စ (နံပါတ် (၇) 
အချက်) ထိထိရောက်ရောက်ဆောင်ရွက်ရာ၌ထည့်သွင်း ခန့် အပ်တာဝန်ပေးကြည့်သင့်သည်။
တဘက်တွင်လည်းအလွန်အန္တရယ်ကြီးသည့်အစွန်းရောက်များအတွက်အမေရိကန်နမူနာ (Guantanamo 
အတိုင်း maximum security facility တစ်ခု ကိုးကိုးကျွန်းမှာတည်ဆောက်ဖို့ လိုအပ်ကောင်းလိုလိမ့်မည်။
နယ်ခြားစောင့်တပ်ကိစ္စမှာတရားဝင်မလိုက်လျှောသော်လည်းအပစ်အခတ်ရပ်စဲရေးလုပ်ထားသည့် 
သက်တမ်း ရင့်ရခိုင်တော်လှန်ရေးအဖွဲ့ တစ်ခုကို လက်တွေ့ လိုအပ်ချက်အရတာဝန်ပေး ထားပုံရသည်။
(ခိုင်စိုးနိုင်အောင် ဦးစီးသည့် Arakan Liberation Party)
သို့ သော်အစိုးရသည်မည်မျှကောင်းသောအစီအမံတွေကိုပြုလုပ်နေစေကာမူ၎င်း၏အတွင်းရန်သူဖြစ်သော 
အကျင့်ပျက်လာဘ်စားမှုတွေကိုထိထိရောက်ရောက်မနှိမ်နင်းနိုင်လျှင်အလကားဘဲဖြစ်လိမ့်မည်။ 
အဆုံးသပ်အားဖြင့်တင်ပြလိုသည်မှာအကြမ်းဖက်ဝါဒဟူသမျှကိုရင်ဆိုင်ရန်မှာမည်မျှပင်ခေတ်မှီနည်းပညာ
များအသုံးချနိုင်သည်ဖြစ်စေအစိုးရတရပ်တည်းဖြင့်မလုံလောက်ပေ။ပြည်သူတရပ်လုံးက၀ိုင်းဝန်းစောင့်ကြည့် 
တာဝန်ယူကြမှဖြစ်လိမ့်မည်။ ၂၄/၇ အခြေခံဖြင့်မျက်လုံးပေါင်းသန်းချီ၍စောင့်ကြည့်နေမှလုံ လောက်မည်။ 
ထို့ ကြောင့်လူထုအားလုံခြုံရေးပညာပေးသင်တန်းများလုပ်ရ ပါမည်။ ဥရောပ၊ အစ္စရေး၊ USA 
စသောနိုင်ငံများရှိသက်ဆိုင်ရာအေဂျင်စီများ ထံမှလေ့ကျင့်သင်ယူရမည်၊ သတင်းဖလှယ်ရမည်။ 
အခြေအနေအရမြန်မာနိုင်ငံကသူတို့ ထံမှ အတုမယူသင့်သေးသောတစ်ခုတည်းသောကိစ္စမှာကြိုတင်၍
ချေမှုံးရေး (Preemptive strike option) သာဖြစ် သည်။
မြန်မာနိုင်ငံကဖြတ်သန်းနေသောဒီမိုကရေစီကူးပြောင်းရေးအစဉ်ကိုအနောက်ဒီမိုကရေစီကမ္ဘာ
ကနမူနာသစ်တစ် ခု (test case) အဖြစ်သဘောထားနေ ကြောင်းသိရသည်။ သို့ ဖြစ်သောကြောင့်
မြန်မာအစိုးရသစ်သည်ဤ new image ကိုထိခိုက်မည့်အရာတိုင်းကိုသတိကြီးကြီးဖြင့်ရင်ဆိုင်ကိုင် 
တွယ်နေသည်မှာကောင်းပါ၏။ သို့ သော်၎င်းအတွက်ပေးရမည့်တန်ဘိုးများ ထည်း 
တွင်ရာနှင့်ချီမည့်ပြည်သူတို့ ၏အသက်များ၊ အစါးထိုး၍မရနိုင်သောအမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ၊
ဘာသာရေးအဆောက်အအုံများမြေမှာဘုံးဘုံးလဲပြိုကျပျက်စီးခံလာရမည်ဆိုလျှင်မြန်မာ့သမိုင်း
တွင်သီပေါမင်းပါတော်မူပြီးနောက်ဒုတိယအကြိမ်ဖြစ်မည့်အမျိုးသားရေးဦးချိုးခံရမှုကြီး (
national humiliation တစ်ခုကိုခံစားကြရဘွယ်ဖြစ်နေသည်။ဤချိမ်းချောက်နေမှုကိုအချိန်မှီ 
မချေဖျက်နိုင်လျှင်ဒီမိုကရေစီကူးပြောင်းရေးကိုထိခိုက်မည်သာမကနောက်ဆုံးတွင်လက်ရှိချို 
မြန်မာသံတော်ဆင့်
6 comments:
  1. Good, but not the best
    ReplyDelete
    Replies
    1. You said: Good, but not the best.
      According to your saying, you know the best one.
      So let me know your best solution!
      Delete
  2. http://lovegautama.blogspot.com/
    ReplyDelete
  3. Arakan should have Border Guard,but no other people.
    Nobody love Arakan State Like Arakan.
    ReplyDelete
  4. Broad analysis with strategic suggestions. Very good and valuable. The gov should consider deeply.
    ReplyDelete