Myint Shwe took a journalism program from Ryerson University 2004
Loading...
Saturday, January 21, 2012
ပြည်သူကသမိုင်းအမှန်ကိုသိရှိပိုင်ခွင့်
ဇန်န၀ါရီ ၂၂ - ၂၀၁၂
“သဘာပတိကြီးခင်ဗျား - လူဆိုတာမှားတတ်တဲ့သတ္တ၀ါမျိုးပါ။ ဒါကြောင့် ကျနော်တို့ ဟာခဲတန်ထိပ်မှာခဲဖျက်ကလေးတွေတပ်ထားကြတာပါ။” - ဦးခွန်ထွန်းဦး
 ၁၉၉၄ ခုနှစ်ဦးမှာကျနော်ဟာကွယ်လွန်သူဦးတင်မောင်ဝင်းကအကူအညီတောင်းလို့ 
ခေတ်ပြိုင်သတင်းစာ မှာခဏတဖြုတ်(ခြောက်လလောက်-အခမဲ့)၀င်လုပ်ပေးခဲ့ဘူးတယ်။ ကျနော်လုပ်ရတဲ့အပိုင်းကမြန်မာလိုမ တတ်တဲ့နိုင်ငံခြားသားပရိဿတ်အတွက်ရည်ရွယ်ပြီး 
အင်္ဂလိပ်ဘာသာနဲ့ ရိုက်တဲ့၂ မျက်နှာ insert ကိုတာဝန်ယူ ရတာဖြစ်ပါတယ်။ 
(ဤနေရာမှာမူလစလုပ်သူကိုစိုးတင့်
(ယခု Fort Wayne –IN.) အမေရိကကိုထွက်ခွာသွား
သောကြောင့်ဖြစ်ပါတယ်။ကျနော်ကိုယ်တိုင်လည်း
ကနေဒါမသွားခင်ခေတ္တကူညီခဲ့ခြင်းပါ။)
အလုပ်အရကျနော်ဟာပြည်တွင်းကပို့ ပေးတဲ့စာတွေ၊သတင်းတွေနဲ့ 
ကြေငြာချက်တွေကိုမပျင်းမရိဖတ်ရတယ်။ တနေ့ အမျိုးသားညီလာခံမှာဦးခွန်ထွန်း ဦးပြောခဲ့တဲ့ဆွေးနွေးချက်အပြည့်အစုံတစ်ခုပါလာပါတယ်။ 
ပွယောင်း ယောင်းစစ်တောင်းစက္ကူအညိုရောင်အပေါ်မထင်မရှားလက်နှိပ်စက်စာ
လုံးသေးကလေးတွေနဲ့ ရိုက်ထားတဲ့အ တော်ရှည်တဲ့စာကိုဒုက္ခခံဖတ်ရတယ်။
အချိန်မရလို့ အကုန်မဖတ်ဘဲဟိုကျော်ဒီဖေါက်ဖတ်ပီးသတင်းတစ်ပုဒ်လုပ်ခဲ့တယ်။
သို့  သော်လည်းစာထည်းပါသူ့ စကားတစ်ခွန်းကတော့ခေါင်းထည်းမှာယနေ့ 
အထိစွဲကျန်ရစ်နေတယ်။အဲဒါကတော့ဆောင်းပါးအစမှာတင်ပြထားတဲ့စကား
တစ်ခွန်းပါ။လူ့ သဘာဝအပေါ်ဟာသနှောပီးပေးထားတဲ့မှတ်ချက်ရိုးရိုးကလေး
ကလေးဖြစ်လို့ မှတ်မိနေခဲ့တာပါ။
မနေ့ တနေ့ ကတော့ Eleven ဂျာနယ်မှာဦးခွန်ထွန်းဦးရဲ့အင်တာဗျူး
တစ်ခုဖတ်ရတယ်။ တခြားဂျာနယ်တွေမှာ သူ့ စကားအတိုအစတွေ
ပါပြီးဖြစ်ပေမဲ့ Eleven မှာကတော့တော်တော်ပြည့်စုံပါတယ်။ 
ဒီတစ်ခါတော့ ကျနော် လဲအချိန်ရနေပြီဖြစ်လို့ အကုန်ဖတ်ဖြစ်တယ်။ 
saved ထားလိုက်တယ်။ အထူးသဖြင့်ကတော့အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးနဲ့ ပါတ်သက်ပီးပြောတဲ့မှတ်ချက်တွေပါ။ - ဥပမာ -
ပြည်ထောင်စုကြီးကခွဲမထွက်သွားဘဲနဲ့ - ကွဲထွက်သွားမှာ၊  
One day ဧရာဝတီမြစ်ကတရုတ်နဲ့ ကုလားရဲ့
နယ်စပ်မျဉ်းကြောင်းမဖြစ်(လာ)ဖူးလို့မပြောနိုင်ဘူး။
အကယ်၍ကျွန်တော်တို့ မညီ(ညွတ်)ခဲ့ရင် - ”  
“တရုတ်ကီးမယားငယ်မုန့်ဖိုးပေးသလို - ဟိုတစ်ယောက်ပေး၊ 
ဒီတစ်ယောက်မသိစေနဲ့၊ ဒီတစ်ယောက်ပေး ဟိုတစ်ယောက်မသိစေနဲ့ - အဲလိုလုပ်နေမယ့်အစားအကုန်လုံးတွေ့ပြီးစကားပြောပါလား -” 
“ကျွန်တော်တို့ကွန်ပြူတာကိုင်ချင်ပြီတဲ့၊ လက်ပ်တော့ကိုင်ချင်ပီတဲ့၊
သေနတ်မကိုင်ချင်တော့ဘူးတဲ့၊ ၁၈နှစ် ၁၉နှစ် KNU တွေ၊
တောင်ငူထောင်ကနီးတာကိုးအဲဒီနားနဲ့။ သူတို့လည်းစစ်ကိုငြီးငွေ့လာပြီ။” 
ကျနော်သဘောအတွေ့ ဆုံးကတော့အစိုးရသစ်က၀န်ထမ်းအကျင့်ပျက်
လာဘ်စားနေတာတွေကိုခုအထိဘာမှမလုပ်သေးတာကို
ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှမပြောပေမဲ့အခုမှထောင်ထည်း
ကထွက်လာတဲ့ခွန်ထွန်းဦးကမမေးရဘဲနဲ့ ထည့်ပြောတဲ့အချက်ပါ။ 
ဒါဟာတာဝန်ကျေခြင်းတစ်မျိုးပါ။
လက်ရှိအခြေအနေမှာပြည်သူ့ ဆန္ဒကိုဒီ့ထက်ပိုပြီးတိုက်ရိုက်ကျ
တဲ့ပြည်သူ့ အသံမျိုးနဲ့ မကြားနိုင်ဘူးလို့ ထင်ပါတယ်။
သူ့ အဖြေတွေထည်းမှာသူဖြတ်သန်းခဲ့တဲ့အချိန်ကာလအပိုင်းအခြား
အတွင်းနိုင်ငံရေးခေတ်တစ်ခုလုံးပါနေတယ်။
သူဟာနိုင်ငံရေးလုပ်ကြံမှုလို့ ခေါ်ရမလား၊ 
အာဏာရစစ်ခေါင်းဆောင်တွေရဲ့အုပ်စုတိုက်ပွဲမှာသူတို့ တတွေအဖျား ခတ်ခံရတာလို့ ခေါ်ရမလားအဲဒါမျိုးတစ်ခုခုနဲ့ အပြစ်မရှိဘဲထောင်
ထည်းထည့်ခံခဲ့ရတယ်လို့ ခံစားပြီးသူ့ ခေတ်အပေါ်ခါးသီးနေ
တဲ့နိုင်ငံရေးသမားတစ်ဦးပါ (embittered politician)။ 
ဒါကတော့သူတို့ အပေါ်ချမှတ်ခဲ့တဲ့အဓိပ္ပါယ် ကင်းမဲ့အောင်ကို
ရှည်လျှားလွန်းတဲ့ပြစ်ဒဏ်ကာလတွေ (သူကထောင်ဒဏ် ၉၃နှစ်၊
စိုင်းညွန့်လွင်ကထောင်ဒဏ် ၈၅နှစ်၊ ဗိုလ်ချုပ်ဆေးထင်
ကထောင်ဒဏ်၁၀၆နှစ်) ကိုကြည့်ယုံနဲ့ ယုတ္တိတန်နေပါတယ်။ 
လူကိုသာထောင်ထဲ ထည့်တာမဟုတ်ပဲစိတ်ကိုပါရိုက်ချိုးပစ်တာပါ။ 
တကယ်မနေခဲ့ရသော်လည်းစိတ်ဓါတ်ကျပီးကိုယ့်ကိုကိုယ်
သတ်သေလောက်အောင်ရှည်လျားတဲ့ပြစ်ဒဏ်ကာလတွေပါ။
အပြစ်ပေးသူဟာဗမာလူမျိုးတွေနဲ့ ဖွဲ့ စည်းထားတဲ့အစိုးရမို့ 
နိုင်ငံရေးတိမ်တဲ့သူတွေသာဆိုယင်ဗမာမုံး
တီးရေးသမားတွေတောင်ဖြစ်လာနိုင်ပါတယ်။
ထောင်ကလွတ်ပြီးအပြင်ပြန်ရောက်လာတဲ့အခါကျတော့
လဲခေတ်တကယ်မပြောင်းသေးပေမဲ့လူတွေပြောင်းလဲနေနှင့်တာ
သူတွေ့ တယ်။ နိုင်ငံရေးအရတလှေထည်းစီးခဲ့သူတွေထည်း
ကခေတ်ရေစီးကြောင်းအသစ်မှာ လှော်တက်အသစ်နဲ့ 
ဆက်လှော်နေကြသူတွေကိုတွေ့ တယ်။
ဦးခွန်ထွန်းဦးနဲ့ အတူတူဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လဲအတူတူ
လွတ်မြောက်လာတယ်။ နေရာယူပုံချင်းမတူ ပေမဲ့သူဟာလဲခွန်ထွန်းဦး၊
အောင်ဆန်းစုကြည်တို့ နဲ့ အတူတူခေတ်တစ်ခေတ်ကိုဖန်တီးခဲ့တယ်။ 
ဒီသုံးဦးဟာ လက်တွေ့ မှာဘက်သုံးဘက်
(စစ်အစိုးရ/အတိုက်အခံ/တိုင်းရင်းသား) ကိုအသီးသီး
ကိုယ်စားပြုယင်းအချင်း ချင်းတုန့် ပြန်မှုတွေ (reactions) တွေပြုခဲ့ကြတယ်။ 
လက်တွဲတဲ့အခါကတွဲခဲ့ပြီး၊ လက်တွဲပြုတ်ချိန်တန်တော့ ပြုတ်၊ 
အာဏာ/သြဇာရှိလိုက်၊ အာဏာ/သြဇာမဲ့လိုက်၊ထောင်
ထည်းရောက်သွားကြ/အပြင်ထွက်လာကြနဲ့  သူတို့ ခေတ်နိုင်ငံရေး
လောကဓံကိုတော့အားလုံးပြိုင်တူကြုံခဲ့ကြတယ်။ သူတို့  
အချင်းချင်းနိုင်ငံရေးအရအနီးကပ် ဆက်ဆံမှုတွေရှိခဲ့ကြတယ်။
ချုပ်လိုက်ရင်တော့သူတို့ တတွေဟာ ၁၉၉၀ ရွေးကောက်ပွဲကာလကနေ ကနေ့ အထိဖြစ်တဲ့ခေတ်တခေတ်ကိုအတူတူတွဲဖန်တီးခဲ့ကြတယ်။
အမြင်တူတာ/ကွဲတာတွေရှိမှာဘဲ။
အဲဒီခေတ်အတွင်းကိုယ့်အယူအဆ၊
ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ပြုမူခဲ့ပုံတွေ 
ကိုတိုင်းပြည်နဲ့ လူထုရှေ့ မှောက်မှာ ရှင်းပြ၊ထုချေ၊ကာကွယ်ခွင့်ရစေမဲ့ 
debate မျိုးလဲဖြစ်တာပေါ့။ တယ်လီဗစ်ရှင်းဖလ်သားပြင်ပေါ်မှာ
တနာရီဖြစ်စေ၊ တနာရီခွဲ (၉၀ မိနစ်) ဖြစ်စေသူတို့ သုံးဦးမျက်နှာချင်းဆိုင် ပီးတိုင်းပြည်ရဲ့ရှေ့ မှောက်မှာဘာတွေဖြစ်ခဲ့ကြတယ်၊ ဘာတွေ 
ဆက်ဖြစ်နေတယ်၊ ကိုယ်စီဘာကိုဆက်လုပ်မယ်ဆိုတာမျိုးတွေရှင်းလဲ
ရှင်းပြ၊ငြင်းလဲငြင်းခုံဆွေးနွေး ကြလုပ်နေတာကိုတိုက်ရိုက်
Live broadcast လုပ်သင့်တယ်။ ဒီသုံးဦးအနက်မလုပ်ချင်လို့ ငြင်းတဲ့သူရှိလာ ယင်ဘာအကြောင်းပြချက်နဲ့ ငြင်းသည်ဖြစ်စေတိုင်းပြည်နဲ့ လူထု 
ကိုရင်မဆိုင်ရဲသူဘဲ။ ကိုယ်လုပ်ခဲ့တာတွေ မှန်တယ်လို့ ယုံကြည်သူတိုင်း
သမိုင်းမှတ်ကျောက်တင်ခံနိုင်ရမှာပါ။
မျိုးဆက်သစ်တွေအပေါ် ဒီမိုကရေစီနိုင်ငံရေးလက်တွေ့ ကိုပညာပေး
ရန်တာဝန်ပျက်ကွက်သူပဲ။လူငယ်တွေကိုဒီမိုကရေစီနိုင်ငံရေးသင်္ခဏ်း
စာဒီနည်းနဲ့ ဆီးပူးခွင့် ပေးရမှာဖြစ်ပါတယ်။ ဒါသူတို့ ရဲ့ရပိုင်ခွင့်ပါ။
တခေတ်တစ်ချိန်ကအခွင့်အရေးမရခဲ့လို့ - ဘာတွေဖြစ်ခဲ့ပီးဘာဖြစ်လို့ 
ဒီမိုကရေစီကူးပြောင်းရေးဒီလောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခဲ့ရတယ်ဆိုတာကို - တိုင်းပြည်နဲ့ လူထုကသိကြားခွင့်မရခဲ့တာအခုအချိန်မှာသိခွင့် ပေးရမှာဖြစ်ပါတယ်။
ဒီနေရာမှာအရေးကြီးတာတစ်ခုမဖြစ်မနေပြောချင်ပါတယ်။ 
အဲဒါကတော့ဒီလိုပွဲမျိုးကိုဦးသိန်းစိန်အစိုးရသစ်က ကျင်းပခွင့်ပေးရဲဘို့ လိုပါတယ်။ ဒါမျိုးဟာအမေရိကန်လိုနိုင်ငံမှာနေ့ တဓူဝလုပ်နေတဲ့အရာဖြစ်နေပါပြီ။ ဒီလို ခွင့်ပြုပေးခြင်းအားဖြင့်ယခင်သန်းရွှေ၊ခင်ညွန့် စစ်အစိုးရနဲ့ ယခုမိမိတို့ အစိုးရ
သစ်နိုင်ငံရေးအရပီပီပြင်ပြင်လမ်းခွဲ ခဲ့ပြီဆိုတာကမ္ဘာ
ကိုသက်သေပြရာရောက်ပါလိမ့်မယ်။
အကယ်၍ဘာဘဲဖြစ်ဖြစ်အစိုးရသစ်ဟာအစိုးရဟောင်းရဲ့လုပ်ငန်းစဉ်ကိုဆက်ခံ
ရတဲ့အပိုင်းလဲရှိသေးတာမို့ တစ်ချို့ ကိစ္စတွေကိုအစိုးရသစ်ကကာကွယ်ဘို့ လိုမယ် ဆိုယင်လည်းအစိုးရသစ်ဘက်ကတစ်ယောက်ဒီပွဲမှာပါဝင်နိုင်တာဘဲ။ 
Fourth debater ပေါ့။ အဲဒီအတွက်အသင့်တော်ဆုံးဖြစ်မဲ့သူကတော့
အစိုးရဟောင်းမှာကော၊အစိုးရ သစ်မှာပါ spokesperson အဖြစ်တစ်လျှောက်လုံးဆက်တိုက်ဆောင်ရွက်လာတဲ့ပြန်ကြားရေး
ဝန်ကြီးဦးကျော် ဆန်း ပါဘဲ။ ဒါဆိုယင်ပိုတောင်ပွဲပိုစည်နိုင်တယ်။
အရေးကြီးတကာ့အရေးအကြီးဆုံးအချက်ကတော့ဒီအစီအစဉ်ကြီး
တစ်ခုလုံးကိုအစိုးရကမကြီးမှုးဘို့ ပါဘဲ။ဒီပွဲကိုမြန်မာအစိုးရသြဇာလုံးဝ
မသက်ရောက် တဲ့ပြည်ပမီဒီယာတစ်ခုခုကတာဝန်ယူကျင်းပဘို့ ဖြစ်ပါတယ်။ 
ဘီဘီစီဖြစ်စေ၊ ဗီအိုအေဖြစ်စေမြန်မာပိုင်းအစီအစဉ်တစ်ခုက
တာဝန်ယူကျင်းပပေးဘို့ ပါ။ အသင့်တော်ဆုံး
ဖြစ်မယ်လို့ ယူဆရတဲ့ moderator တစ်ဦးအဖြစ်
ဦးကျော်ဇံသာကိုနမူနာပေးလိုပါတယ်။ နမူနာတင်ပြခြင်းပါ။ 
သူမှသူဘဲဖြစ်ရမယ်လို့ မဆိုလိုပါ။
အဲသလိုသာဆိုယင်မြန်မာနိုင်ငံမှာအပြောင်းအလဲတွေ
တကယ်ဖြစ်နေပြီဆိုတာကိုလက်ခံကြလိမ့်မယ်။
မြန်မာသံတော်ဆင့်
Wednesday, January 18, 2012
မြန်မာသံတော်ဆင့် Burma Herald: ခင်ညွန့် ကိုခွင့်မလွှတ်နိုင်ရင်သိန်းစိန်နဲ့ အောင်ဆန...
မြန်မာသံတော်ဆင့် Burma Herald: ခင်ညွန့် ကိုခွင့်မလွှတ်နိုင်ရင်သိန်းစိန်နဲ့ အောင်ဆန...: ၀င်စတန်ချာချီဟာသူရဲ့နာမည်ကျော်အတွဲပေါင်းများစွာရှိတဲ့ဒုတိယကမ္ဘာစစ်ကြီး (Second World War) လိုသမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင်အရေးကြီးပုံချင...
ခင်ညွန့် ကိုခွင့်မလွှတ်နိုင်ရင်သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်းခွင့်လွှတ်နိုင်စရာမရှိ
ဝင်စတန်ချာချီဟာသူရဲ့နာမည်ကျော်အတွဲပေါင်းများစွာရှိတဲ့ဒုတိယကမ္ဘာစစ်ကြီး 
(Second World War) လိုသမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင်အရေးကြီးပုံချင်းအတူတူ ပဲဖြစ်ပေမဲ့အရွယ်အစားအစားလက်ဝါးသာသာလောက်သာရှိတဲ့စာအုပ် 
(ကျမ်း) ကလေးတစ်အုပ်ကိုလဲရေးခဲ့ဘူးတယ်။ စာအုပ်နာမည်က 
Great Contemporaries (pub. 1947) တဲ့။ 
စာအုပ်ထည်းမှာတခြားခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ အတူတူဟစ်တလာ၊ စတာလင်နဲ့ 
ထရော့စကီးတို့  အကြောင်းတွေ လဲပါတယ်။စာအုပ်ရဲ့နိဒါန်းမှာတော့ရေးတဲ့
ရည်ရွယ်ချက်ကိုဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲပြောင်ပဲပြောထားပါတယ်။ 
အာဏာရှင်စံနစ်(ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ ရမဲ့နောက်ဆုံးပိတ်တိုက်ပွဲကြီး
အကြောင်းပါ။ “ကြိုတင်မှာထားချင်တာကတော့ကြိုတင်လက်နက်တပ်ဆင်ထားကြ” 
(To be forewarned is to be forearmed) လို့  အတိအလင်းပြောထားပါတယ်။ 
ဒီစာအုပ်ကိုအကြောင်းပြုပြီးကျနော်ပြောချင်တာကချာချီဟာသူနဲ့ ခေတ်ပြိုင်
ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆို ရရင်) ရန်/ငါစည်းခြားသတ်မှတ်ပြခဲ့ယုံ
သာမကသူတို့ ပြုမူခဲ့ပုံတွေကိုသမိုင်းအမြင်နဲ့  လဲကြည့် မြင်ခဲ့တဲ့အချက်ပါ။ 
ဥပမာစတာလင်ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ(ကမ္ဘာကြီးသံမဏိနဲ့ လျှပ်စစ်ခေတ်ကိုရောက်နေချိန်မှာ) သစ်သားထွန်တုံးထွန်တံကိုပဲသုံးနေရသေးတဲ့တိုင်းပြည်မှာမွေးဖွားခဲ့ပေမဲ့ 
သူသေသွားတဲ့အချိန်မှာ သူ့ တိုင်းပြည်ကိုညူကလီးယားလက်နက်ပိုင်
ရှင်နိုင်ငံအဖြစ်ချန်ထားရစ်ခဲ့တယ်။” 
(He was born into a country that still used wooden ploughshares. 
When he died he left his country a nuclear power.) 
လို့  အကဲဖြတ် ခဲ့ပါတယ်။ နိုင်ငံရေးအရရန်သူဖြစ်ပေမဲ့ကိုယ့်တိုင်းပြည်ကောင်း
စားရေးကိုယ် လုပ်သွားကြတာချင်းကတော့အတူတူဘဲဖြစ်လို့ 
လူအရတော့လေးစားပြတာကိုတွေ့ ရတယ်။
စစ်ကြီးအပြီးအမေရိကန်ပြည်ထောင်စုမှာသူ့ ပြောခဲ့တဲ့မိန့် ခွန်းတွေထည်းမှာ
အရေးကြီးတဲ့အချက်တစ်ခုပါရှိခဲ့ပါ တယ်။ အဲဒါကတော့သူဟာဒီမိုကရေစီကို
ကမ္ဘာနဲ့ ချီပြီးကာကွယ်တဲ့ ခုခံစစ်ကြီးကိုကြီးမှုးခဲ့ပေမဲ့ “စင်စစ်ဒီမိုကရေစီဟာ အပြစ်အနာအဆာမကင်း၊ချို့ ယွင်းချက်ဗလပွနဲ့  စံနစ်တစ်ခုပါ။  ဒါပေမဲ့လဲ 
ကမ္ဘာကြီးအတွက်လက်တွေ့ မှာ ပိုကောင်းတဲ့ဝါဒ စံနစ်ဆိုတာလဲ
မရှိသေးပါဘူး။ ဒါ့ကြောင့်အဲဒါကိုဘဲဖက်တွယ်နေရပါတယ်”လို့ 
ဝန်ခံမှတ်ချက်ပြု ခဲ့ဘူးပါတယ်။ 
တဘက်မှာတော့မဟာ့မဟာအင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက်
ချာချီဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဂန္ဓီတို့ ကိုခွင့်မလွှတ်နိုင်ဖြစ်ခဲ့တာတွေလဲရှိသပေါ့။ 
သူကဂျပန်နဲ့ ပေါင်း ခဲ့တဲ့အောင်ဆန်းကိုသစ္စာဖေါက်လို့ အတိ အလင်းသတ်မှတ်
ခဲ့ပြီးဗြိတိသျှအင်ပါယာကို လူပုံအလယ်မှာအရှက်ရစေတဲ့ဂန္ဓီကြီးကိုလဲလံကွတ်တီ
ဝတ်ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာခေါ်ခဲ့တယ်။ ဂျာမဏီအထိ
သွားပြီးဟစ်တလာနဲ့ မဟာမိတ်ပြုကာအိန္ဒိယ အမျိုးသားတပ်မတော်ထူထောင်ပြီး
အင်္ဂလိပ်ကိုလက်နက်နဲ့ တော်လှန်ခဲ့တဲ့ဆူဘတ်စ် ချန္ဒရာဘို့ စ်ကတော့သူ့ ဖာသာ
သူစောစောစီးစီးလေယဉ်ပျက်ကျပြီးသေသွား လို့ ချာချီအပြစ်တင်ခွင့်မရခဲ့ပါဘူး။ 
(ဘိုစ်နဲ့ လမ်းစဉ်ချင်းမတူ ဘဲ - အိန္ဒိယမှာသာမက ကမ္ဘာမှာပါအဓိကရအကြမ်းမဖက်
လှုပ်ရှားမှုခေါင်းဆောင် ကြီးဖြစ်တဲ့ဂန္ဓီခမျာ - ချာချီနဲ့  ဗြိတိသျှအင်ပါယာကြီးရဲ့သြဇာ အရှိန်အ၀ှာကိုမဆန့် ကျင်ရဲကြလို့ နိုဗဲလ်ဆုကော်မတီကသူ့ ကိုဆုမပေး ရဲလို့ - ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗဲလ်ဆုကြီးကိုရမသွားရှာဘူး။
ချာချီနဲ့ ပါတ်သက်လို့ တခြားပြောချင်တာတွေရှိသေးပေမဲ့ဒီနေရာမှာတော့
သူနဲ့ ခေတ်ပြိုင် ရာဇ၀င်မြောက်လူပုဂ္ဂိုလ်တွေ (historical figures) တွေ
အပေါ်အပြီးသပ်တန်ဘိုးဖြတ် (Final assessment) ရာ မှာသူအသုံးပြု
ခဲ့တဲ့ပေတံ (measures) တွေကဘာတွေလဲ ဆိုတာ
ကိုသာလေ့လာစူးစမ်းတင်ပြလိုရင်းပါ။
ဘာဘဲပြောပြောအထက်ကတင်ပြခဲ့တဲ့စတာလင်အပေါ်ချာချီရဲ့အပြီးသတ်မှတ်ချက် 
ကိုကြည့်ရင်သူဟာ (ဒီမိုကရေစီဝါဒအမြင်အရ) “လူကြမ်းတွေတိုင်းပြည်ချစ်နည်း” ကိုလက်မခံပေမဲ့သူတို့ ရဲ့တိုင်းပြည်ချစ်စိတ်ကိုတော့ အသိအမှတ်ပြုခဲ့တာတွေ့ ရတယ်။ 
ဒီလိုဆိုတော့လူကြမ်းတွေရဲ့(လူသားမဆန်တဲ့)တိုင်းပြည်ချစ်နည်းတွေကိုသူ တို့ ရဲ့တိုင်းပြည်
ချစ်စိတ်ကိုကြည့်ပြီးခွင့်လွှတ်ထိုက်/မလွှတ်ထိုက်ဆိုတာကလဲစူးစမ်းဆင်ချင်ကြည့်စရာပါ။ 
“နိဂုံးချုပ်ကောင်းရင်အားလုံးကောင်းတယ်” (All is well that ends well) ဆိုတဲ့ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ်ရေးဘူးတယ်။
ပြီးခဲ့တဲ့နောက်ဆုံးအသုတ်ထောင်ခါပွဲကြီးမှာအများကလွတ်စေချင်နေတဲ့
သူတွေနဲ့  အတူတူအများကမလွတ်စေ ချင်တဲ့သူတစ်ချို့ လဲပါလာတယ်။
အဓိကလူကတော့ တချိန်ကအနောက်တိုင်းစာနယ်ဇင်းတွေကဒုစရိုက်မင်းသား  
(Prince of evil) လို့ နာမည်ပေးခံရဘူးတဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပါ။ 
[ခင်ညွန့် လို့ ခေါ်တာမြန်မာ့ယဉ်ကျေးမှုအရဆိုရင်တော့ရင့်သီးတယ်
ထင်ကြမယ်။ ဒါကတော့ကျနော်ရဲ့ဂျာနယ် လစ်ဇင်းစတိုင်ဖြစ်လို့ 
မတတ်နိုင်ဘူး။ လူတွေကိုဦး/ဒေါ်တပ်ခေါ်ပြီးစာစီရတာကရှည်လွန်းတယ်။
စာထည်းမှာ တစ်ကြိမ်မကအကြိမ်ကြိမ်ပြန်စီဘို့ လိုတဲ့နာမည်တွေဖြစ်နေ
ယင်အလွန်အချိန်ကုန်ပီးလက်ညောင်းတယ်။လူတွေ ကိုမလေးစားလို့ 
မဟုတ်ပါ။ဒါကြောင့်စာမှာပါတဲ့သူတိုင်းကို တပြေးညီနာမည်ရင်းအတိုင်း 
အတိအကျသုံးစွဲတာပါ။ ဒါတောင်နဂိုအမည်ရင်းကိုကရှည်နေတဲ့
သီဟသူရတင်အောင်မြင့်ဦးတို့ လို၊အောင်ဆန်းစုကြည် တို့ လိုနာမည်
တွေကြယင်မလွှဲမရှောင်သာအပြည့်အစုံရေးနေရတာပါဘဲ။  
ပရိဿတ်ကခေါ်နေကြသလိုသာ“နိုင်ငံတော်သမတကြီးဦးသိန်းစိန်” တို့  “မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်” တို့ ဆို တာမျိုးတွေ ရေးနေရယင်ခရီးတွင်မှာမဟုတ်သလိုရေးရသူမဆို ထားနဲ့ ဖတ်ရသူအတွက်တောင်အတော်ရှည်ပီးဝါကျမှာနေရာယူ
လွန်းတယ်။ ကျနော့်ပုဂ္ဂလိကအမြင်မှာဂျာနယ်လစ်ဇင်မဆန်ဘူး၊ 
ပရိုဖက်ရှင်နယ်မဖြစ်ဘူး။ပြည်ပကရေးနေသူမို့ တတ်နိုင်လို့ ရေးတာ
ဘဲလို့ ဆိုယင်လဲဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
လူတစ်ယောက်ကိုသူမသေခင်အပြီးသပ်သဘောမျိုးအကဲဖြတ်တာမမှန်နိုင်ပါဘူး။ 
ဒါပေမဲ့လဲလုပ်တော့လုပ်နေ ကြတာပါဘဲ။သတင်းနည်းပညာတွေအဆမတန်ထွန်းကား
လာယုံမကလူတိုင်းလက်လှမ်းမှီလာတဲ့ကနေ့ ခေတ်မှာတော့တကမ္ဘာလုံးမှာလူတိုင်းက
လူတိုင်းအပေါ် တရားသူကြီးပြန်လုပ်တဲ့ခေတ်ကိုရောက်ပြီလို့ တောင်ပြောရမလားဘဲ။ 
ကျနော်တို့ ဗမာတွေကလဲအရာရာကိုအလျင်စလိုမှတ်ချက်ပေးတတ်တဲ့လူမျိုးရေး
စရိုက် (racial character) ရှိလို့  “မပြီးခင်ဗမာမမြင်စေနဲ့ ”လို့ တောင်တိုင်းရင်းသား
တွေကပြောစမှတ်ပြုရသူတွေဖြစ်ကြပါတယ်။ 
ဒီ ၂ ချက်အပြင်နှစ်ပေါင်း၅၀ကျော်ပါးစပ်ပိတ်ခံထားရပြီးအခုဖွင့်ပေး
လိုက်တော့မှပြောရဲဆိုရဲဖြစ်လာကြတဲ့ တိုင်း ပြည်ဖြစ်နေပြန်တဲ့အတွက်
အခုအချိန်မှာတော့ - သခင်စိုးမှတ်ချက်ပေးဘူးသလို“အရူးထောင် 
ဖွင့်ပွဲကြီး” တစ်ခု ဟာတားမရ ဆီးမရကန်ဘောင်ကျိုးကြ 
လာနေတာပါဘဲ။
ခင်ညွန့် ကိုလွှတ်ပေးလိုက်တာကိုမကျေနပ်တဲ့လေသံနဲ့ မှတ်ချက်ပြုသူတွေ 
Facebook မှာထောင်ဂဏန်းနီးပါးရှိတာကိုတွေ့ ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ်
ကာလမှာ ထိပ်တိုက်ရင်ဆိုင်နိုင်ငံရေးလမ်းကြောင်းလိုက်မိခဲ့သူတွေ ဟာစစ်အစိုးရရဲ့
ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှုဒဏ်ကိုရက်ရက်စက်စက်ခံခဲ့ကြရတဲ့အတွက်
သူ့ ရာထူးကျ ပြီးတလှည့်တပြန်ထောင်နန်းစံရတဲ့အခါမှာအလွန်အင်မတန်ကျေနပ်
အားရခဲ့ကြသလို အခုပြန်လွတ်လာတော့လဲဝမ်းမသာနိုင်ဖြစ်ကြရပြန်တယ်။ 
လူ့ သဘာဝပါ။ အပြစ်ဆိုစရာမရှိ။ ဝေဘန်စောကြောစရာလဲမလိုပါ။
သို့ သော်အချိန်တန်ယင်မေ့ပျောက်သွားရမဲ့သာမန်လူ့ သဘာဝခံစားချက်
ထက်ကျော်လွန်ပီးနိုင်ငံရေးပြဿနာတရပ်ဖန်တီးလာမယ်ဆိုရင်တော့သတိထား
အန္တရယ်ပြုနိုင်ပါတယ်။ ခိုင်မာတဲ့သမိုင်းလက်တွေ့ အရဒီလိုပြောနိုင်တာဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီးမှာအနိုင်ရပါတီကခေါင်းဆောင်တစ်ဦးက Nuremberg 
ဆိုတဲ့အသုံးအနှုံးကလေး တစ်ခုကြောင့်အာဏာလက်ရှိစစ်အစိုးရခေါင်းဆောင်တွေ
ကိုစိတ်ပြောင်းအောင်လုပ်လိုက်သလိုဖြစ်ပြီးသဘော ထားတွေတင်းမာကုန်ကြရာ ကနိုင်ငံရေးလမ်းကြောင်းပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉၀ တုံးကလိုတာ ၀န်မဲ့လေသံမျိုးတွေကြားလာရပြန်တော့ဒီတစ်ခါတော့ဥပဒေထည်းမှာတရားဝင်
အာဏာသိမ်းခွင့်ထည့်ရေးထား တဲ့အထိတဘက်ကအဆုံးစွန်အတွက်ပါအသင့်ပြင်
ထား(Prepared for the worst) တာနဲ့ ဆက်စပ်ကြည့်လိုက်ရင်နောက်ကြောင်းပြန် မလှည့်ပါဘူးလို့ ဘယ်သူကပြောနေပါစေအကြောင်းတိုက်ဆိုင်လာရင်ဘယ်သူမှ
တကယ်အာမ မခံနိုင်တဲ့အခြေအနေမျိုးဆိုတာတွက်ဆကြည့်နိုင်ပါတယ်။
ဒီမိုကရေစီနိုင်ငံသစ်တွေမှာယခင်အာဏာရှိစဉ်ကလူ့ အခွင့်အရေးချိုးဖေါက်ခဲ့ကြ
တယ်လို့ စွပ်စွဲခံကြရသူတွေကို လိုက်လံရှာဖွေပီးအရေးယူအပစ်ပေးတဲ့နိုင်ငံရေး
(Politics of Retribution) ဟာအချိန်ကာလအတိုင်းအတာတစ်ခုအတွင်းခေတ်
စားလေ့ရှိပါတယ်။ တည်ဆဲကမ္ဘာကြီး (existing world system) ကလဲ
ဒါကိုအားပေးပါတယ်။ သက်သေကတော့ The Hague ကအပြည်ပြည်ဆိုင်ရာ
ရာဇ၀တ်ကြောင်းတရားရုံး (International Criminal Court - ICC) ပါဘဲ။ 
ဒီရုံးရဲ့တရားဝင်မှု (legitimacy) ကိုနိုင်ငံအတော်များများကလက်မခံကြဘူး။ ဥပမာအမေရိကန်  ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကအသိအမှတ်မပြုဘူး။ 
ဒါဟာ လွပ်လပ်တဲ့နိုင်ငံတော်တွေရဲ့အချုပ် အချာအာဏာ 
(national sovereignty) ကိုထိပါးရာကျတယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ ICC ဟာအမေရိကန်လိုမဟာအင်အားကြီးနိုင်ငံကြီးတွေကိုဘာမှ
မတတ်နိုင်ပေမဲ့ အင်အားချိနဲ့ နေတဲ့နိုင်ငံ တွေ (weak states) နဲ့ 
ကျဆုံးနေတဲ့နိုင်ငံတွေ (Failed states) ၊ ကျဆုံးသွားတဲ့နိုင်ငံတွေ 
(Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲခံရသူတွေကိုတော့ကောင်းကောင်း
ကြီးဒုက္ခပေးနိုင်ပါတယ်။ ဥပမာမီလိုဆိုဗစ်(ယူဂိုဆလားဗီးယား)၊ ခမာနီခေါင်းဆောင်တွေ 
(ကမ္ဘောဒီးယား) နဲ့ ချားလ်စ်-တေလာ (Sierra Leone) တို့ ကိုကြည့်ပါ။ 
အီရတ် နဲ့ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့လူ့ အခွင့်အရေးတွေကိုအကြီး
အကျယ် ချိုးဖေါက်ခဲ့တဲ့ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush) ကိုတော့ 
ICC ကလေသံတောင်မဟရဲဘူး။ ဒါတွေဟာလက်ရှိသမတအိုဘားမား 
လက်ထက်မှာတောင်ဆက်ဖြစ်နေတာပါပဲ။
ပြည်တွင်းစစ်ရှိနေတဲ့နိုင်ငံတိုင်းဟာချိနဲ့ တဲ့နိုင်ငံ (weak state) ပါ။ 
ဒီ့ထက်ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်စစ်တပ်နဲ့ ဗဟိုကအစိုးရကိုမနာခံဘဲ
တိုင်းပြည်ကြီးထဲမှာတိုင်းပြည်ငယ်တွေလိုနေနေကြတဲ့အုပ်စုတွေအများကြီး
ရှိနေယင်တော့သာမန်ချိနဲ့ ယုံမကတော့ဘဲကျဆုံးနေတဲ့နိုင်ငံတော် 
(Failed state) တစ်ခုဖြစ်လာပါတယ်။ 
[F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကိုကျနော်စာရင်းပြုစုထားတာ
အချက်ပေါင်း သုံးဆယ်ကျော်ရှိပါတယ်။ နောင်အလျဉ်းသင့်တဲ့အခါတင်ပြပါ့မယ်။]
ဒီလိုနေရာတွေမှာဒီမိုကရေစီဝေးလို့ တရားဥပဒေအုပ်စိုးရေး(law and order)
တောင်မသက်ရောက်ဘူး။ လူ့ အခွင့်အရေးဆိုတာကတော့အစိုးရကော၊
သူပုန်ကော၊သူပုန်အမည်ခံမူးယစ်ဆေးဝါးမားဖီးယားတွေကောအားလုံး
အပြိုင်အဆိုင်ချိုးဖေါက်နေကြတာပါဘဲ။ 
တခြားသူတွေလုပ်နေကြတာတွေကိုသဘောလောက်ဝတ်ကျေတန်းကျေပြော
ကြပေမဲ့အစိုးရတွေဘက်ကကျူးလွန်တာတွေကတော့မိမိရရမှတ်တမ်းမှတ်ရာ
တွေနဲ့ သာသာထိုးထိုးဖြစ်နေတတ်ကြတယ် (well documented) ။
ဦးနေ၀င်းလက်ထက်ဆိုရှယ်လစ် ၂၆ နှစ်မှာလက်နက်ကိုင်ပုန်ုကန်မှုတွေကို
နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင်လုပ်နိုင်ခဲ့ပေမဲ့ ၁၉၈၈ မှာ
ဗဟိုချက်မဒေသတွေ (center)မှာအရပ်သားများရဲ့လက်နက်မကိုင်ပုန်ကန်မှု
ကြီးပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့အုံကြွမှုကမူလကတည်းကရှိနေပြီး
သားပြည်တွင်းစစ်ကိုပြန်အရှိန်တက်လာစေပြီး လူ့ အခွင့်အရေးကိစ္စကိုပိုဆိုး
လာစေတာဘဲ။
၁၉၈၈ ခုနှစ်စက်တင်ဘာမှာပေါ်လာတဲ့ စောမောင်၊ခင်ညွန့် တို့ ရဲ့ န၀တ 
(State Law and Order Restoration Council) ဟာအသေအချာ လက္ခဏာအကဲဖြတ်ကြည့်ရင်အာဏာသိမ်းပွဲမဟုတ်ခဲ့ဘူး။ 
ဘယ်သူ့ လက်ထဲမှာမှမရှိတော့တဲ့အာဏာကိုဘယ်လိုလုပ်သွားသိမ်းရမလဲ။ အာဏာသိမ်းတယ်ဆိုတာကမ္ဘာအရပ်ရပ်မှာကောမြန်မာပြည် (၁၉၆၂) မှာပါ အာဏာလက်ရှိအစိုးရခေါင်းဆောင်တွေကိုအရင်ဖမ်း၊ထောင်ထည်းတည့်၊ 
သို့ မဟုတ်လက်စတုံးကွပ်မျက်ပစ်တာတွေလုပ်ကြတာဘဲ။  ၁၉၈၈မှာ
ဘယ်အစိုးရရှိနေသေးလို့ ဘယ်တိုင်းပြည်အကြီးအကဲကိုဖမ်းဆီးခဲ့ရ၊ 
ရာထူးကချခဲ့ရ၊ ကွပ်မျက်ပစ်ခဲ့ရသလဲ။
တကယ်ကမင်းမဲ့အခြေအနေ (anarchy)ဖြစ်သွားတာကိုရန်ကုန်သားတိုင်းအသိဘဲ။ 
၁၇၈၉ ပြင်သစ်တော် လှန်ရေးကြီးတုံးကလို Robespierre နဲ့  Guillotine တို့ ပေါ်
ထွက်မလာသေးတာဘဲရှိတယ်။ ကျနော်တို့ သာကေတမှာဆိုရင်ခေါင်းဖြတ်တာတွေလုပ်တယ်။ 
လမ်းတိုင်း၊ ရပ်ကွက်တိုင်းလုံခြုံရေးပျက်ပြားကုန်ပြီးဝါးကပ်ကာခြံစည်းရိုးတွေ ကြောင့်
သွားရေးလာရေးတွေခက်ခဲကုန်ပြီ။
ဒီအချိန်မှာအရပ်သားနိုင်ငံရေးသမားတွေဟာခေတ်ကိုရှေ့ ဆောင်နိုင်
ဘို့ ဝေးစွ၊ အမှီတောင်မလိုက်နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း
ငယ်ကျိုးငယ်နာတွေမပြေနိုင်ကြ၊ တစ်ယောက်မျက်နှာတစ်ယောက်
မကြည့်ချင်ဆက်ဖြစ်နေခဲ့ ကြတာကိုကြည့်ယင် အားလုံးအတိပ်မှာဘဲ
ကျန်ရစ်နေခဲ့ကြတာကိုသိနိုင်တယ်။ အချိန်နဲ့ အမျှမရပ်မနား ယိုယွင်းနေလာတဲ့တိုင်းပြည်အခြေအနေကိုဘယ်လိုလုပ်ရမလဲ။
သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ
သမိုင်းလိုအပ်ချက်(historical necessity) အရပေါ်လာရတဲ့သမိုင်းရဲ့
အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ ပိုကောင်းတဲ့ သမိုင်းလမ်းကြောင်းတွေကိုအရပ်သားတွေကမှမဖန်တီးနိုင်ခဲ့ကြဘဲ။ 
ယ္ခုတိုင်သက်ရှိထင်ရှားရှိနေကြသေးတဲ့နိုင်ငံရေးသမားတွေကိုယ်တိုင်ပါခဲ့ကြလို့ 
သိနေကြတဲ့အတိုင်းမြန်မာပြည်အတွက်ပိုကောင်းမဲ့သမိုင်း 
လမ်းကြောင်းအနည်းဆုံးသုံးခုနဲ့ လွဲခဲ့ကြပါတယ်။ အဲဒါတွေကတော့ - 
(တစ်) - အရေးတော်ပုံစောစောပိုင်းမှာဒေါက်တာမောင်မောင်အစိုးရရဲ့သုံးလ
အတွင်းရွေးကောက်ပွဲ ကမ်းလှမ်းချက်ကိုလက်မခံနိုင်ခဲ့ကြတာ -
(နှစ်) - အရေးတော်ပုံအထွဋ်အထိပ်ကာလမှာဦးနုရဲ့ခြောက်လအတွင်းရွေးကောက်
ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကိုလက်မခံခဲ့တာ -
(သုံး) - ၁၉၉၀ ရွေးကောက်ပွဲမှာအကြီးအကျယ်နိုင်လို့ အောင်ပွဲနဲ့ ယစ်မူး
(dizzy with success)  သွားတဲ့ NLD ပါတီကခေါင်းဆောင်တစ်ချို့ ရဲ့ဝင့်ဝါမှု
ကိုသွေးလန့် သွားတဲ့ စစ်တပ်ဟာနိုင်ငံရေးကူးပြောင်းရေးကို 
ချယ်လှယ်(manipulate) လာတာကိုပြည်ပအားကိုးသက်
သက်လောက်နဲ့ ထိပ်တိုက်ရင်ဆိုင် (confrontation) လိုက်မိလို့ 
အနိုင်ကနေအရှုံးပြန်ဖြစ်သွားတာ - စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလအပိုင်းအခြားမှာတော့ ဦးနု - အောင်ဆန်းစုကြည် 
- စောမောင်- ခင်ညွန့်  စတဲ့ နိုင်ငံရေးသမားတွေကောစစ်ခေါင်းဆောင်တွေပါ
အခြေအနေသစ်ဖန်ဆင်းသူတွေမဟုတ်ကြဘဲဖြစ်လာတဲ့ အခြေအနေတွေအပေါ်
တုန့် ပြန်မှုတွေ (response) သာလုပ်ခဲ့ကြတဲ့သမိုင်းဇာတ်ကောင်တွေ
(historical characters) ဖြစ်ခဲ့ကြတယ်။ 
ဆိုလိုတာကသမိုင်းကိုဖန်တီးတဲ့ဇာတ်ဆရာတွေမဟုတ်ကြဘူး။
[ဇာတ်ဆရာအဆင့်ရောက်ခဲ့ကြသူတွေကတော့ဦးနေ၀င်းထံပေးစာတွေရေးပြီး
လှုံ့ ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကိုပွဲထုတ်ပြီးစင်တင်ခဲ့တဲ့မောင်သော်က၊ 
သူမကိုဆရာ (mentor) လုပ်ဖို့ အားထုပ်ခဲ့ဘူးတဲ့သခင်တင်မြ၊ ဦးထွေးမြင့်စတဲ့သူတွေပါ။ သူတို့ ရဲ့ပါဝင်မှုကာလတိုတောင်းပေမဲ့သူတို့ ရဲ့အဆင့်ကတော့ဇာတ်ဆရာအဆင့်ပါ။] 
တပ်ထည်းကဖြစ်တဲ့ခင်ညွန့် ဟာအောင်ဆန်းစုကြည်လိုပဲ - သမိုင်းဇာတ်ကောင် အဖြစ်စင်ပေါ်ကိုအခြေအနေက တွန်းပို့ လိုက်လို့ ရောက်လာတာဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ်ရောက်လာပြီးတဲ့အချိန်မှာတော့မိမိရောက်နေတဲ့နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေးအကြီးအကဲ) ကိုအသုံးချတတ်ပြီးစစ်တပ်ရဲ့နိုင်ငံရေး ရန်သူ တွေကိုမလှန်နိုင်အောင်ဖိနှိပ်ထားနိုင်ခဲ့သူဖြစ်တယ်။ သူ့ အောင်မြင်မှုကသူ့ ကို 
ဒုစရိုက်မင်းသား (Prince of evil) ဘွဲ့ ကိုရစေခဲ့တယ်။ တချိန်ထည်းမှာပဲ အလုပ်ကိုမရပ်မနားလုပ်လို့ အလုပ်စွဲနေသူ (Workaholic)လို့ လဲအောင့် သက်သက်နဲ့ ချီးမွမ်းတာခံရသူဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ 
‘ဇာတ်ဆရာ’ ဖြစ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းထိပ်တိုက်ရင်ဆိုင်ရေးစလိုက်ချိန်ကစပြီးခင်ညွန့် 
ဟာသူရဲ့မက္ခီယာဗဲလီယန်း (Machiavellian) စတိုင်နိုင်ငံရေးကြောင့် “စစ်တပ်က
လုပ်တဲ့နိုင်ငံရေး” ရဲ့ပင်ရင်း (author of military politics) ဖြစ်လာတယ်။
ကနေ့ အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ 
လူတွေအများကြီးခွဲပြီးကျိုးစားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ 
အပစ်အခတ်ရပ်စဲရေးပြန်ရရေးဟာခင်ညွန့် တစ်ဦးတည်းလုပ်ပြခဲ့ပြီးသားဖြစ်တယ်။ 
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း (၁/၉၀) နဲ့ ဖွဲ့ စည်းပုံဥပဒေ သစ်/ရွေးကောက်ပွဲသစ် လမ်းကြောင်းချပီး တဘက်ကပုံစံတကျအသွင်ကူးပြောင်းရေးကိုချခင်းပြီး တဘက်က
လဲတိုင်းပြည်ကိုဖွံ့ ဖြိုးရေး (Developmental state) လမ်းကြောင်းပေါ်တင်ပေးခဲ့တယ်။ 
SLORC ကနေ SPDC (၁၉၉၂ /၂၀၁၀) ဖြစ်လာ တယ်။ 
ဒီကနေ့ ဦးသိန်းစိန်အစိုးရသစ်ကလုပ်နေတာတွေဟာခင်ညွန့် ရဲ့လုပ်ငန်းစဉ်
(seven steps ‘Roadmap’ to democracy) ကိုခင်ညွန့် မပါဘဲဆက်လုပ်နေ
တာသာဖြစ်တယ်။ အသေးစိတ်ပြောရယင်ဦးသန်းစိန်ဟာ 
ခင်ညွန့် ရဲ့ရာထူးအမွေတွေဖြစ်တဲ့ တွင်း -(၁)၊ ၀န်ကြီးချုပ်
ဆိုတာတွေကိုဆက်ခံတာဝန်ယူပီးလိုက်လုပ်ခဲ့ရတာဖြစ်တယ်။
ဒါပေမဲ့ဒီနေရာမှာ ‘သိန်းစိန်ကခင်ညွန့် ထက်သာတယ်တို့ 
သူကအောင်ဆန်းစုကြည်ကိုရအောင်စည်းရုံးယူနိုင်တယ်’ လို့ ဆင်ခြေ တက်ကောင်းတက်ကြလိမ့်မယ်။ ဒီဆင်ခြေကတော့အင်မတန်နုံချာပါတယ်။ 
ဦးသိန်းစိန်အစိုးရသစ်ကသူ့ လမ်းစဉ် (တကယ်ကခင်ညွန့် လမ်းစဉ်) ဘာတစ်ခု မျှအပွန်းအပဲ့ခံပြီးအောင်ဆန်းစုကြည်ကိုလျှော့မပေးခဲ့ရပါဘူး။ အချော့ကြိုက်တဲ့သူ
ကိုချော့လိုက်တာလောက်ဘဲရှိပါတယ်။ ဒါမျိုးဟာအနောက်တိုင်းလူဆိုးလောက 
က ‘Good Cop / Bad Cop Game’ လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ်ခင်ညွန့် နဲသန်းရွှေတို့ 
ရဲ့ ၂၃ နှစ်အထုအထောင်းခံခဲ့ရတဲ့ NLD နဲ့  အသက်ရလာပြီဖြစ်လာတဲ့အောင်ဆန်းစုကြည်
ဟာဆက်တင်းခံမနေနိုင်တော့ဘဲတဘက်ကလူလဲပြလိုက်တာကိုအကြောင်းပြ၊ 
‘သူ့ ကိုတော့ကျမယုံတယ်’ ဆိုပြီး ၂၃ နှစ်နိုင်ငံရေးလမ်းစဉ်ကို ‘flip flop’ လုပ်လိုက်တာဘဲ။
ရန်ကုန်ပွဲစားလောကဝေါဟာရနဲ့ ပြောရယင်တော့ “ပါးပါးကလေး” ပါ။ 
တဘက်မှာလူထုက NLD မပါဘဲလဲဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲတွေကနေတဆင့်သတိပေးနေပြီလေ။နိုင်ငံတကာပွဲကြည့် 
ပရိဿတ်တွေကလဲ ဒီနှစ်ဘက်ပဋိပက္ခဘယ်နည်းနဲ့ ပြီးပြီး - 
ပြီးရင် ပြီးရော ဆိုပီးဝိုင်းသာဓုခေါ်လိုက်ကြရတာပါ။ 
ခုအခါမှာ NLD ပါတီက ၁၉၉၀ ခုနှစ်ရလဒ်ကိုလက်တွေ့ နိုင်ငံရေးလိုအပ်ချက်
အရမေ့ပြစ်လိုက်ပြီးပါတီကိုမှတ်ပုံအသစ်ပြန်တင်အောင်ဆန်းစုကြည်ကိုယ်
တိုင်ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ဘို့ စိတ်အားထက်သန်နေပြီ။ ခင်ညွန့် ချခဲ့တဲ့
လမ်းစဉ်ကိုသိန်းစိန်ကဆက်အကောင်အထည်ဖေါ် - အောင်ဆန်းစုကြည်ကလဲ ပါဝင်ပူးပေါင်းခြင်းအားဖြင့်တရားဝင်အောင်ပြုပေး (legitimize) ရာရောက်နေပြီဖြစ်
တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင်အန္တရယ်ပြုတာပါဆိုတဲ့’ 
ဒီပဲယင်းလုပ်ကြံမှုကြီးဆိုတာကိုတကမ္ဘာလုံးကြားအောင်အကြီးအ ကျယ်အော်ဟစ်ခဲ့ကြ
တာတွေကို NLD ကမေ့ပစ်လိုက်ပြီဖြစ်တယ်။ ဒါဟာတကယ်မဟုတ်ဘဲလုပ်ကြံ
စွပ်စွဲခဲ့တာ မို့ ဒီလောက် အလွယ်တကူအသံတွေတိပ်ကုန်တာလား။ ဦးဝင်းတင်ရင်ထဲဘယ်လိုရှိနေမလဲဝင်ကြည့်လိုက်ချင်ရဲ့။
ဘာဘဲဖြစ်ဖြစ်အတိုက်အခံနဲ့ အစိုးရသစ်နိုင်ငံရေးအရတလှေထည်းစီးပြီးတစ်ခရီထည်း
သွားဘို့ ပြင်နေတဲ့ယ္ခုအချိန်မှာဒီလမ်းပြမြေပုံနိုင်ငံရေးလမ်းစဉ်ရဲ့ဗိသုကာဖြစ်ခဲ့တဲ့ခင်ညွန့် 
ကိုခွင့်မလွှတ်နိုင်ရင်သူ့ ရဲ့နိုင်ငံရေးနောက် လိုက် (အာဏာရှိ/အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ်နိုင်စရာမမြင်ဖြစ်နေလိမ့်မယ်။
လူ့ အခွင့်အရေးချိုးဖေါက်မှုတွေဟာမြန်မာပြည်မှာအာဏာရှင်စံနစ်ကြီးစတင်
ကတည်းကစခဲ့တာဖြစ်တယ်။ခင်ညွန့် မတိုင်ခင်ကလဲဖြစ်၊ခင်ညွန့် လက်ထက်
မှာလဲဖြစ်၊ခင်ညွန့် မရှိတော့တဲ့နောက်ပိုင်းမှာလဲဆက်ဖြစ်နေတာဘဲ။ ထိပ်ဆုံးက ပုဂ္ဂိုလ်ကတော့ဘယ်သူဘဲဖြစ်နေနေယန္တယားသဘောအရတာဝန်ရှိမှာပေါ့။ 
(institutionally, structurally responsible)။ 
ခင်ညွန့် ဟာဘော်လရှီဗစ်ခေါင်းဆောင်လီနင်လို ဇာဘုရင်မိသားစု တစ်ခုလုံးကိုပစ်သတ်ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင်လက်မှတ်ထိုး အမိန့်  ချမှတ်တဲ့အထိရက်စက်တာမျိုးတွေတော့မကျူးလွန် ခဲ့လောက် 
ဘူးလို့ တော့ အောက်မေ့ရတာပဲ။ 
ဒါကြောင့်ဗမာနိုင်ငံရေးသမားတစ်ချို့ ကိုးကားတဲ့တောင်အာဖရိကနမူနာ 
အတိုင်းဆိုယင် “အမှန်တရားမှတဆင့်ကြေးအေးရေးကော်မတီတွေ” 
(Truth and Reconciliation Committee) ဖွဲ့ ပြီးဖြေရှင်းနိုင်တာပဲ။ 
ဒီလိုမဖြစ်ချင်ရင်လဲနောင်သင့်တော်တဲ့အချိန်ကျမှတကယ်လက်တွေ့  
အပြစ်ရှိခဲ့သူတွေကိုတိတိကျကျဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေးစီရင်
လို့ ရတာပဲ။ အခုပြောနေကြသလိုယိုသမျှချေးပုဇွန်ဆိပ်ခေါင်းစုပေးတာမျိုး
လုပ်ဖို့ ကျိုးစားကြယင်မဆိုင်တဲ့သူတွေကလက်မခံဘဲသူတို့ တတ်တဲ့နည်းနဲ့ 
ဟန့် တားကြလက်တုန့် ပြန်လာကြလိမ့်မယ်။
နိုင်ငံရေးသံသရာတပါတ်ကျော့လာနိုင်တယ်။
၇ နှစ်ကြာအကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ခင်ညွန့် ဟာအခုအချိန်မှာမာန်စွယ်ကျိုးပြီး
အရပ်သားတွေရဲ့ဘ၀ကိုစာနာလာပုံပေါက်နေတယ်။ ဒါတကယ်မဟုတ် ယင်တော့တော်တော်ဟန်ဆောင်ကောင်းတယ်လို့ ဆိုရမယ်။ သူဟာတစ်ချိန်က နေ၀င်းနဲ့ အောင်ကြီးပဋိပက္ခလိုနိုင်ငံရေးကွဲလွဲမှုကြောင့်အရာကျ
တာမျိုးမဟုတ်ဘဲသူများထက်တော်နေလို့ ခြေလှမ်းကျဲသွားလို့ လုပ်ဖေါ်ကိုင်ဘက်တွေက
သူတို့ ကိုချနင်းပီးကျော်တက်သွားမှာစိုးလို့ ဆွဲချခံရတာဖြစ် တယ်။ အကျဉ်းကျခံ ၇ နှစ်ကသူ့ ကိုအရပ်သားစိတ်ထဲ့ပေးလိုက်ပီ (civilianized) ဆိုတာသေချာ
ယင်သူ့ ကိုဒီအတိုင်းလွှတ်မထားဘဲသင့်တော်သလိုပြန်အသုံးချတာက
တိုင်းပြည်အတွက်ကောသူ့ အတွက်ပါကောင်းလိမ့်မယ်။
တာဝန်မဲ့ပေါက်ပန်းဈေးပြောနေရေးနေကြတာတွေဟာအစိုးရသစ်နဲ့ 
အောင်ဆန်းစုကြည်ကိုပါအဖျားခတ် နေတယ်။ 
တင်းမာတဲ့ သဘောထား ရှိနေသူတွေကိုပိုတင်းမာသွားစေလိမ္မယ်။
မြန်မာသံတော်ဆင့်
Wednesday, January 4, 2012
အောင်ဆန်းစုကြည် ဘာဆက်လုပ်မှာလဲ - ၂
ဇန်န၀ါရီ ၄ -၂၀၁၂
ဓါတ်ပုံ - ကိုဌေးကြွယ်
လွပ်လပ်ရေးနေ့ တွင်မင်းကိုနိုင်၊ ကိုကိုကြီး၊ခွန်ထွန်းဦးစသောသူများလွတ် မြောက်လာကြလိမ့်မည်          ဟုမျှော်လင့်ထားကြသူများသည်အစိုးရကထုတ်ပြန်လိုက်သောပြစ်ဒဏ်လျှော့ပေါ့အမိန့် ကြောင့် အကြီးအကျယ်စိတ်ပျက်နေကြ သည်။ အစိုးရသစ်ကိုဘယ်လိုနားလည်ရမှန်းပင်မသိနိုင်ကြတော့။
သက်ဆိုင်ရာမိသားစုများအနေဖြင့်အားကိုးရာမဲ့နေသလိုလည်းဖြစ်နေကြပေလိမ့်မည်။ မီဒီယာမှတပါးနိုင်ငံရေးပါတီများထံမှလောက်လောက်လားလား အကူအညီမရကြသည်မှာစိတ်ပျက်စရာကောင်းလှသည်။
ဧပြီလ (၁) ရက်နေ့ တွင်ကျင်းပပေးမည့် ကြားဖြတ်ရွေးကောက်ပွဲဖြင့်လွှတ် တော်နိုင်ငံရေး လမ်းကြောင်းပေါ်သို့ စတင်ခြေချမည့်ဒေါ်အောင်ဆန်းစုကြည်သည်လေး - ငါး - ခြောက် လလောက်တော့စောင့်ရလိမ့်ဦးမည်။
ထိုကာလအတွင်းသူမသည်နိုင်ငံရေး VIP စာရင်းဝင်များ၏မွေးနေ့ ပွဲများ၊ လူ ဂုဏ်တန်သားသမီးများ၏ထိမ်းမြားလက်ထပ်ပွဲများ၊ VIP များ၏ အသုဘ စ သောသာရေး နာရေးပွဲများ၊နှင့်အခြားဘာအခမ်းအနားဖွင့်ပွဲ၊ဘာအရေးအခင်းဘယ်နှစ်နှစ်မြောက်အထိမ်း အမှတ်စသောအနှစ်သာရအားဖြင့်“ကြောင်ကိုရေချိုးပေးသောပွဲ”ပေါင်းတစ်ဒါဇင်လောက် ကိုဖြတ်သန်း၍ဓါတ်ပုံတွဲရိုက်ခံချင်သူ များ၏ဆန္ဒကိုဖြည့်ဆီးပေးနေရပေဦးမည်။ 
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်ဒေါ်အောင်ဆန်းစုကြည်သည်စိတ်ထဲက 
ဘယ်လိုရှိရှိလက်တွေ့ အရ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလက်ခံနေပြီ ဖြစ်သည်။ ပါတီကိုမှတ်ပုံတင်ပြီးပြီဖြစ်၍တရားဝင်အတိုက်အခံဘ၀သို့ လည်း ရောက်နေပြီဖြစ်သည်။
အောင်ဆန်းစုကြည်သည်လွှတ်တော်တွင်းသို့ အာဏာရနိုင်ငံရေးသမားအဖြစ်နှင့်မဟုတ်ဘဲ
အတိုက်အခံအဖြစ်နှင့်ဝင်ရမည်ဖြစ်သည်။ သို့ ဖြစ်လျှင်အတိုက် အခံနိုင်ငံရေးကို လွှတ်တော်ထည်းရောက်ချိန်အထိစောင့်မနေပဲယခုကတည်း ကစသင့်သည်ဟုဆိုရမည်။
နိုင်ငံရေးပါတီများရွေးကောက်ပွဲဝင်ခြင်းသည်အာဏာရဘို့ ဖြစ်သည်ဆိုလျှင် ပြည်သူလူထု၏
ဤနစ်နာချက်များသည်လွှတ်တော်တွင်းရောက်၍ဥပဒေပြုကာဖြေရှင်းပေးသည့်အချိန်အထိမစောင့်နိုင်ကြ။ ဒီမိုကရေစီရင့်ကျက်နိုင်ငံများ၌ ဤကိစ္စများသည် public relations ဖြစ်၍အထူးဦးစားပေးကြသည်။
ပြောရမည်ဆိုလျှင်ယခုထိမ်းသိမ်းထားခံရဆဲနိုင်ငံရေးသမားများသည်အောင်
ဆန်းစုကြည်ခေါင်းဆောင်သောနိုင်ငံရေးလမ်းကြောင်း - (၂၀၀၈ ဖွဲ့ စည်းပုံကို လက်မခံ၊ လမ်းပြမြေပုံကိုသပိတ်မှောက်) - အတိုင်းတသွေမတိမ်းလိုက်ခဲ့ကြ သူများဖြစ်သည်။ ယ္ခုသူမ၏နိုင်ငံရေးလမ်းကြောင်း ၁၈၀ံပြောင်းခဲ့ပြီဖြစ်ရာထို သူများလွတ်မြောက်ရေးအ တွက်ကိုယ်ကျင့်တရားရှုဒေါင့်မှကြည့်လျှင် (moral responsibility aspect) သူမအနေဖြင့်တစ်ခုခု လုပ်ပေးရန်တာဝန်ရှိသည်။
လက်တွေ့ တွင်မူသူမသည်အစိုးရသစ်စိတ်ညိုညင်သွားမည့်ကိစ္စ
ဘာတစ်ခုမျှမလုပ်ဘဲရှောင်ကြဉ်နေပုံရသည်။ ဤသို့ သူမထံမှထိရောက်သောအားထုတ် မှုတစုံတစ်ရာမမြင်ရသည့်အတွက် ထိုနိုင်ငံရေးသမားများ၏မိသားစုများမည်သို့ ခံစားမိကြမည်နည်း။ အထူးသဖြင့် ယခုတိုင်မှတ်ပုံပြန်မတင်သေးဘဲနေသော SNLD ခေါင်းဆောင် များ၏ရင်ထဲတွင်မည်သို့ ရှိမည်နည်း။ အနာဂါတ်တွင်ဗမာနိုင်ငံရေးသမားများ ၏ခေါင်းဆောင်မှုကိုအကြွင်းမဲ့ယုံစားရန်မသင့်၊ သူတို့ ဗမာတွေအချင်းချင်းအ ဆင်ပြေသွားသည်နှင့်မိမိတို့ ကိုလှည့်မကြည့်ပြစ်ထား ခဲ့တတ်သောအကျင့်ရှိသည်ဟုယုံမှတ်သွားကြလျှင်မခက်ပေဘူးလား။ 
နောင်ဘယ်လိုလုပ်၍အမျိုးသားစီးလုံးညီညွတ်ရေးတည်ဆောက်ယူမလဲ။
ကျောင်းသားခေါင်းဆောင်များနှင့်နိုင်ငံရေးသမားများသည်အရေအတွက်အားဖြင့်မများလှ။ ရာဂဏန်းလောက်သာရှိမည်။ ထိုသူများကိုဥပဒေကိုချိုးဖေါက် ထားသဖြင့်ပြစ်ဒဏ်ကျ ခံနေရသူများဟုအစိုးရသစ်ကတရားဝင် (officially) ရှင်းလင်းချက်ပေးထားသည်။ 
ဥပဒေကိုချိုးဖေါက်ခဲ့သူများဟူသောအကြောင်းပြချက်ကိုငြင်းချက်မထုတ်ပါ။ သို့ သော်သူတို့ ကိုဖမ်းဆီး၊စစ်ဆေး၊တရားစီရင်၍ပြစ်ဒဏ်ချမှတ်ခဲ့သောအစိုးရသည် တရားမ၀င်သောစစ်အစိုးရဖြစ်သည်ဟူသောအချက်ကိုလည်းမမေ့သင့်။ 
(SPDC junta had acted as law maker, judge and sheriff.)
(အကယ်၍စစ်အစိုးရသည်တရားဝင်အစိုးရဖြစ်ခဲ့လျှင်ရွေးကောက်ပွဲလုပ်၍အရပ်သား
ဒေါ်အောင်ဆန်းစုကြည်သည်သူမကြွေးကျော်နေသောဥပဒေကစိုးမိုးရေး (Rule of law) ကိုလူကြားကောင်းယုံမျှမဟုတ်ဘူးဆိုလျှင်ထိုကိစ္စကိုအစိုးရ သစ်ထံ၊ အထူးသဖြင့်သမတကြီးဦးသိန်းစိန်ထံကိုယ်တိုင်ကိုယ်ကျတင်ပြသင့် ပါသည်။ အနည်းဆုံးသတင်းစာရှင်းလင်းပွဲကလေးလောက်တော့လုပ်၍မိမိ၏ဆန္ဒကို
အတိအလင်းပြသသင့်သည်။ ယ္ခုအတိုင်းမှာရိုကျိုးလွန်းရာကျသည်။
ဦးသိန်းစိန်အစိုးရသစ်အနေနှင့်လည်းယခင်စစ်အစိုးရနှင့်ပီပီပြင်ပြင်လမ်းခွဲ လိုက်ပြီဖြစ်ကြောင်းသက်သေပြရန်အကွက်ကောင်းတခုဖြစ်သည်။ ဖမ်းထား သူများသည်ယခင်အစိုးရဟောင်းနှင့်ရန်သူများဖြစ်သော်လည်းမိမိအစိုးရ
သစ်နှင့်ပြဿနာမရှိကြောင်းသက်သေပြနိုင်သည်။  
ဤသည်မှာမင်းကိုနိုင်၊ ကိုကိုကြီးစသောလူပုဂ္ဂိုလ်မည်သူမည်ဝါ တို့ လွတ် မြောက်ရေး အတွက်ကြံဖန်၍တောင်းဆိုနေခြင်းမဟုတ်။ ဒီမိုကရေစီ၏အခြေခံ အုပ်ခုံ (platform) ဖြစ်လာမည့် ‘ဥပဒေကအုပ်စိုးသောစံနစ်၏ကြံ့ခိုင်ရေး’(The integrity of rule of law as a system) အတွက်ဖြစ်သည်။ ထို့  ကြောင့်ပြည်ထဲရေးဌာနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) ကလည်းတစ်ပါတ်လောက်တော့လျှော့သင့်သည်ဟုဆိုရမည်။
ကျောင်းသားနှင့်နိုင်ငံရေးသမားများကိစ္စထက်ပင်ပို၍အရေးကြီးသောနောက်
လူထုနစ်နာမှု (grievance) တစ်ခုမှာအကျင့်ပျက်ဝန်ထမ်းများကိစ္စဖြစ်သည်။ ၀န်ထမ်းလာဘ်စားမှုကိုပြည်သူတွေအော့နှလုံးနာနေသည်မှာကြာလှပြီ။
သို့ သော်ပြဿနာကားဒီအတိုင်းပဲရှိနေသည်။ 
အကြောင်းမှာအစိုးရကထိထိ ရောက်ရောက်အရေးမယူသေးသောကြောင့်ဖြစ်သည်။ 
ယခုအထိဘာစီမံချက် မှမလုပ်သေး။ပြဿနာ၏အတိုင်းအတာပမာဏကြီးလွန်းနေ သည့်အတွက်ဖြစ် ကောင်းဖြစ်မည်။ 
အိန္ဒိယတွင်ဤပြဿနာကို ၂၁ ရာစု မဟတ္တမဂန္ဓီဟုခေါ်ရမည့်ပုဂ္ဂိုလ်တစ်ဦး ကလူထုအားဖြင့်တိုက်ဖျက်နေသည်။ အတုယူသင့်၊လေ့လာသင့်သည်။ ပါတီ ၀င်အင်အားဆယ်သိန်းအထိရည်မှန်းထားသည့် NLD သည်ဤကိစ္စကိုတိုက် ဖျက်ရန်အစိုးရထက်ပို၍တတ်နိုင်သည်။ တစ်ခေတ်တစ်ချိန်တုံးကစာမတတ် 
သူပပျောက်ရေး ‘အ-သုံး-လုံး’ စီမံကိန်းကြီးမျိုးကဲ့သို့ လူထုပါဝင်သောလှုပ်ရှား မှု (public campaign) ကြီးတစ်ခုဖန်တီး၍ဦးဆောင်တိုက်ပွဲဆင်သင့်သည်။  အရပ်သားလူ့ အသိုင်းအ၀ိုင်း (civil society)၊ မီဒီယာတို့ နှင့်ပူးပေါင်း၍လူထု ကိုလှုံ့ ဆော်ပညာပေး၊သတ္တိမွေးပေးသင့်သည်။ 
အဂတိလိုက်စားမှုသည်ဒီမို ကရေစီ၏အန္တရယ်တစ်ခုဖြစ်ကြောင်းပြောပြနေစရာပင်မလို။
အဂတိလိုက်စားမှုပပျောက်လာသည်နှင့်အမျှအစိုးရအပေါ်လူထုကြည်ညိုမှု တိုးလာမည်ဖြစ်သဖြင့်ပြည်သူလူထုအပြင်ဒုတိယမြောက်အကျိုးခံစားရမည့် သူ (beneficiary) မှာအစိုးရပင်ဖြစ်သည်။ ထို့ ကြောင့်အစိုးရသစ်အနေဖြင့် ဤကိစ္စတွင်မကူညီလျှင်နေ၊ မနှောက်ယှက်လျှင်တော်ပြီ။
လွှတ်တော်ထည်းရောက်လာသည့်အထိစောင့်မနေဘဲစလုပ်သင့်သည့် တတိယမြောက်ကိစ္စမှာခရိုနီ(cronies)များစီးပွားရေးသောင်းကျန်းမှုဘေးမှ လယ်သမားများကိုကာကွယ်ပေးရန်ဖြစ်သည်။ ‘ဈေးကွက်စီးပွားရေး’ ၏လက်ရှိအခြေအနေမှာဆင်းရဲသားကိုမကူညီဘဲအ သေသတ်မည့်သားရဲ
တိရစ္ဆာန်ဓနရှင်စံနစ် (Predatory capitalism) ဖြစ်နေ သေးသည်။ 
ယ္ခင်စစ်အစိုးရ၏ရင်ငွေ့ ဖြင့်အချိန်တိုအတွင်းအဆမတန်ကြီးပွား 
ရောက်နေကြယုံသာမကထိပ်ဆုံးအာဏာရှိပုဂ္ဂိုလ်များနှင့်လည်းအလွန်ရှေး
ကျသောသားပေးသမီးယူနည်းဖြင့်လူတန်းစားမဟာမိတ်ပြုထားကြသည်။ ဇေကမ္ဘာ၊ ယုဇနစသောကုပ္မဏီကြီးများသည်ဆင်းရဲသားလယ်သမားများ ထံမှလယ်ယာမြေများ ကိုဈေးနှိမ်ကာအတင်းအဓမ္မ၀ယ်ယူနေကြသည်ကိုယခု 
အထိအစိုးရကထိထိရောက်ရောက်ကြားမ၀င်သေး။ 
ဤကိစ္စကိုရှေးဦးစွာဖွင့်ချ သူမှာပါတီငယ်ကလေး တစ်ခုဖြစ် သောမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (PDP)ဖြစ်သဖြင့်၎င်းအားအမှတ် (credit)ပေးရမည်။ သို့ သော်၎င်းသည်ခရိုနီ ကြီးများကမမှုလောက်သောအင်အားကလေးသာဖြစ်သည်။  
ယခုတင်ပြခဲ့သောအလုပ်သုံးခုသည် NLD နှင့်ဒေါ်အောင်ဆန်းစုကြည် တို့  ဆက်လက်၍မျက်နှာလွှဲကာမကြားမသိချင်ယောင်ဆောင်မနေသင့်သောကိစ္စများဖြစ်သည်။ လွှတ်တော်ပြင်ပနိုင်ငံရေး၏အားသားချက်တစ်ရပ်မှာ လွှတ် တော်တွင်းမှာလိုပြိုင်ဘက်ပါတီ (များ)၏ကဖျက်ယဖျက်လုပ်ခြင်းမှကင်းဝေး ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စီးပွားရေးသောင်းကျန်းမှုကိုဆန့် ကျင် ခြင်းသည်နိုင်ငံတော်အစိုးရ၏
မူများကိုဆန့် ကျင်ခြင်းမဟုတ်၊ကူညီခြင်းပင် မည်သည်။ 
ယ္ခုအတိုင်းအစိုးရညိုညင်မှာစိုး၍နှုတ်ဆိတ်နေလျှင်မိမိဘက်က ‘အပေး’ သာရှိ ပြီးမိမိကပြန်ရတာ ဘာမှမရှိဆိုပါကနိုင်ငံရေးအပျိုရည်ပျက်တာသာအဖတ်တင် လိမ့်မည်။ မိမိအားအစိုးရကသော်၎င်း၊အခြားသူများက၄င်းနိုင်ငံရေးမီးရှုးမီး ပန်းများလွှတ်ရာ သက်သက်တွင်သာအသုံးချနေခြင်းကိုကြာရှည်သီးခံမနေမိဘို့ လိုသည်။
နိုင်ငံရေးမီးရှုးမီးပမ်းများသည်လူထုရင်ဆိုင်နေရသောတကယ့် ဘ၀ကိုဖုံးကွယ်ပေးနေရာရောက်သည်။
လက်ရှိအခြေအနေသည်အာဏာရှင်စံနစ်အောက်မှာဘဲလား၊ သို့ မဟုတ်ဒီမို ကရေစီဖြစ်နေပြီလားဟုမေးလာလျှင် နှစ်ခုစလုံး မဟုတ်ဘဲ  ‘ဟိုမရောက်ဒီမရောက်’
ဖြစ်နေပါသည်ဟုသာ ဓမ္မဒိဌန်ကျကျဖြေ ရလိမ့်မည်။ ဥပမာ ပုဂ္ဂလိကသတင်းစာတောင်ထုတ်ခွင့်မပြုသောဒီမိုကရက် တစ်နိုင်ငံဟူ၍ကမ္ဘာပေါ်မှာမြန်မာတစ်နိုင်ငံသာရှိလိမ့်မည်။
ထိုအခြေအနေတွင် အောင်ဆန်းစုကြည်ဘာလဲ၊ ဘယ်လဲ ဟုမမေးရက်ပါ။ သို့ သော်ခေါင်းဆောင်ဟုဆိုလျှင်ပီပြင်သောခေါင်းဆောင်မှုကိုတောင်းဆိုရလိမ့်မည်။
မြန်မာသံတော်ဆင့်