Myint Shwe took a journalism program from Ryerson University 2004
Loading...
Wednesday, December 7, 2011
နောက်ကြောင်းမပြန်ချင်ရင် ရှေ့ ကခလုပ်ကန်သင်းတွေကိုရှင်း
ဒီဇင်ဘာ ၆ - ၂၀၁၁
နောက်ကြောင်းပြန်မလှည့်ချင်ယင်
ရှေ့  ကခလုပ်ကန်သင်းတွေကိုရှင်း
နှစ်ဆယ့်သုံးနှစ်တာနိုင်ငံရေးလောကဓံထုထောင်းမှုအောက်တွင်အောင်ဆန်း စုကြည်သည်မသိင်္ဂီပြောခဲ့သောစင်ဒရဲလားဘ၀မှပီပြင်ရင့်ကျက်သောနိုင်ငံ
ရေးခေါင်းဆောင်ဘ၀သို့ အောင်မြင်စွာကူးပြောင်းသွားပြီ။
“တကယ်တမ်းတိုင်းပြည်ကောင်းစားရေးဆိုလျှင်(သူမကို)အသုံးချစမ်းပါ”   ဟူသောရဲရဲတောက်စကားတစ်ခွန်းဖြင့်အစိုးရသစ်ကိုစိန်ခေါ်ကာသူတို့  ခင်းထားသောကစားကွင်းထည်းသို့ ယ္ခင်အခါများတုံးကလိုဈေးဆစ်မနေ တော့ဘဲ ရဲတင်းစွာချဉ်းနင်းဝင်ရောက်လာလေပြီ။
သူမ၏ပူးပေါင်းဆောင်ရွက်မည့်ကတိနှင့်လက်တွေ့ ပြင်ဆင်နေမှုများသည် တည်ဆောက်နေသောဒီမိုကရေစီကိုအင်္ဂါစုံသွားစေသဖြင့်အစိုးရသစ်၏တရားဝင်မှုကိုသိသိသာသာတိုးပွားစေသည်။ အစိုးရသစ်အားပြည်တွင်းရောနိုင်ငံတ ကာကပါ၎င်းလုပ်ပြခဲ့သည်ထက်ပိုသော credits များချီးမြှင့်ထားပြီဖြစ်သည်။  
အခြေအနေမှာမြန်မာ့နိုင်ငံရေးဇာတ်ပေါင်းခဏ်းကိုကပြနိုင်ကြဖို့ နီးစပ်လာနေ ပြီလားဆိုသည့်မေးခွန်းထုတ်ရမလိုဖြစ်လာသည်။
သို့ ရာတွင်တကယ့်လက်တွေ့ ဇာတ်ပေါင်းခဏ်းကပြနိုင်ရန်မှာရှင်းလင်းပစ်ရ မည့်အဖုအထစ်တစ်ချို့ ရှိနေသေးသည်။
ပထမအဖုအထစ်မှာပြည်တွင်းစစ်ကိုဆက်တိုက်နေသည့်ကိစ္စဖြစ်သည်။ ဤကိစ္စနှင့်ပါတ်သက်၍သမရိုးကျအမြင်မှာတိုင်းရင်းသားအရေးသည်မြန်မာ့ ပြဿနာ၏သော့ချက်ဖြစ်သည်။ ၄င်းကိုအရင်ဖြေရှင်းနိုင်မှစစ်ဝါဒနောက် တန်းရောက်သွားပြီးဒီမိုကရေစီအမြစ်တွယ်လာနိုင်မည်ဟူ၍ဖြစ်သည်။
ပြည်တွင်းစစ်(တိုင်းရင်းသားအရေး)ကြောင့်စစ်ဝါဒရှေ့ တန်းရောက်လာသည်မှာမှန်သည်။ ပြည်တွင်းစစ်သည် ‘အရင်း’ ဖြစ်ခဲ့ပြီးစစ်ဝါဒသည် ‘အဖျား’ ဖြစ်ခဲ့ သည်။ ပုံသေနည်းမှာ “အရင်းလှဲ - အဖျားထင်းဖြစ်”။
စစ်ဝါဒသည်ဘက်နှစ်ဘက်စလုံးတွင်ရှိနေသောကြောင့်ဒီမိုကရေစီဖြင့်နှစ် ဘက်စလုံးတွင်အစားထိုးရလိမ့်မည်။ သို့ သော်အာဏာလက်ရှိအပေါ်စီးဖြစ် နေသောအစိုးရဘက်ကပီပြင်သောဒီမိုကရေစီစံနစ်ကိုဦးစွာအလျင် ‘အချိန် မဖြုံးဘဲ’ ထူထောင်ရပေမည်။
ဤနေရာတွင် ‘ဒုတိယ’ သို့ မဟုတ်နောက်ထပ် ‘ခလုပ်ကန်သင်း’ကို ထပ်တွေ့  လာရသည်။ ဤဒုတိယခလုပ်ကန်သင်းကိုပြတ်ပြတ်သားသားမကျော်လွှားနိုင် လျှင်ဒီမိုကရေစီအောင်မြင်မည်မဟုတ်ဟုတထစ်ချပြောနိုင်သည်။
၎င်းမှာအခြားမဟုတ်အုပ်ချုပ်ရေးစံနစ်ဟောင်းဖြစ်သည်။ အုပ်ချုပ်ရေးစံနစ် ဟောင်း၏ပုတ်သိုးနေသောအစိပ်အပိုင်းမှာအဂတိလိုက်စားမှုဖြစ်သည်။ ထို့  ကြောင့်လာဘ်ပေးလာဘ်ယူကိုဘယ်တော့နှိမ်နင်းမှာလဲဟုဖြင့်ပြတ်ပြတ်သားသားမေးရတော့မည်ဖြစ်သည်။
ဤသို့ ပြောသဖြင့်ဦးသိန်းစိန်အစိုးရသစ်ကဒါကိုမသိဘူးဟုမဆိုလို။ သိ၍ပင် clean government, good government ဆိုတာတွေအစောကြီးကတည်း ကပြောထားသည်။ ပြဿနာမှာပြတ်ပြတ်သားသားနှိမ်နင်းမပြသေးခြင်းဖြစ် သည်။
အစိုးရဌာနများ၊ ရုံးများတွင်လာဘ်ပေးလာဘ်ယူမှုများဖုံးကွယ်သောနည်းဖြင့် ကျင့်သုံးနေကြသည်။ အများဆုံးသုံးနေကြသောနည်းမှာဝန်ဆောင်မှု (service) ကိုပွဲစားမှတဆင့်လက်ခံ၍ဆောင်ရွက်ပေး ခြင်းဖြစ်သည်။ ဤ နည်းကိုပြည်တွင်းတွင်သာမကစင်္ကာပူရှိမြန်မာသံရုံးလိုနေရာမှာပင် သုံးစွဲနေသည်အထိတွင်ကျယ်နေသည်။
ပွဲစားမသုံးဘဲတိုက်ရိုက်လာသူများကိုအကြောင်းအမျိုးမျိုးပြ၍ငြင်းပါယ်ခြင်း၊ အချိန်ကြန့် ကြာအောင်ပညာပြခြင်းများပြုကြသည်။ဤနည်းဖြင့်ပွဲစားအတွက် ပါထပ်ဆောင်းပေးရကာပို၍ကြီးလေးသောလာဘ်စားမှုဒဏ်ကိုပြည်သူတွေခံ နေကြရသည်။ အစိုးရရုံးများ၊ ဦးစီးဌာနများရှေ့ တွင်၊အနီးအနားလ္ဘက်ရည်ဆိုင် များတွင်ပွဲစားတွေခြေချင်းလိမ်နေသည့်ခေတ်သက်တမ်းရှည်လွန်းလှပြီ။
ဖြစ်နိုင်လျှင်လွှတ်တော်က‘ရုံးပွဲစားများ’ နှိမ်နင်းရေးဥပဒေတရပ်နှင့် ‘ထိုရုံးများ’ အနီးတ၀ိုက် (ဥပမာ အကွာအဝေးတစ်ခုအတွင်း) လ္ဘက်ရည်ဆိုင်မဖွင့်ရဟူ သောဘိုင်လော (bylaw) မျိုးကိုသက်ဆိုင်ရာမြူနီစပယ်လီတီများကပါပြဌန်း သင့်ကပြဌန်းပေးဘို့ လိုအပ်ကောင်းလိုအပ်လိမ့်မည်။
ပွဲစားမသုံးဘဲဝိနည်းရှောင်၍လာဘ်တောင်းယူနည်းတမျိုးမှာစာရွက်စာတမ်း ကြေးတောင်းခြင်းဖြစ်သည်။ စာရွက်စာတမ်းကြေး (ဥပမာမိတ္တူကူးရန်စက္ကူ တစ်ထုပ်ဖိုး ၆၀၀၀ိ) ကိုစာပေစီစစ်ရေးရုံးလိုမျိုးကမီဒီယာသမားများလိုလူမျိုး ထံမှပင်တောင်းတတ်ရာသာမန်ပြည်သူများအတွက်ကားဆိုဘွယ်ရာမရှိ။
ကျောင်းများတွင်ကားအကြောင်းအမျိုးမျိုးပြ၍အလှူခံပုံးထောင်ကြသည်။
အရာထမ်းအဆင့်တွေကားအိမ်မှာပင်အကန်တော့ခံသည်။ လူမြင်ခံစရာမလို။ သို့ သော်ကန်တော့ခဲ့ရသူတွေကပြန်ပြောကြသည်ချည်း။ လွန်ခဲ့သော၂နှစ်က သတင်းထောက်မိန်းကလေးတစ်ဦးကိုနာမည်ကျော်သရုပ်ဆောင်တစ်ဦးက လူပုံအလည်၌ပါးရိုက်၊ကုတ်ဖဲ့ခဲ့သည်။  ထိုအမှုယခုတိုင်သောင်မတင်ရေမကျ ဖြစ်နေသည်။“လူကြီးဆီဝင်ထားပြီးသွားပါပြီ”ဟုထိုသရုပ်ဆောင်ကပြောသည် ဟုသိခဲ့ရရာဘယ်လူကြီးဖြစ်မည်ကိုစဉ်းစားကြည့်နိုင်သည်။ တရားရေးမဏ္ဍိုင် သည်မိမိကိုယ်တိုင်ကတည့်မတ်ရမည်သာမကအုပ်ချုပ်ရေးကဏ္ဍ (executive branch) ၏သြဇာလောင်းရိပ်အောက်မှလည်းလွတ်မြောက်ချိန်တန်ပြီ။ ယခု ထိုအချက်အရေးကြီးပုံစတင်အသံပြုလာကြ၍ကျေနပ်ပါသည်။
အချုပ်အချာအာဏာသုံးရပ်တို့ အချင်းချင်းအပြန်အလှန်ထိမ်းကျောင်းရေး (check and balance) ကို လက်မခံနိုင်သေးသူတွေဌာနအသီးသီးတွင်အင် နှင့်အားနှင့်ရှိနေကြသေးသည်ကိုပြည်သူ့ လွှတ်တော်ဥက္ကဌဦးရွှေမန်းကအတိအလင်းထုတ်ပြောသွားပြီ။ ဤပြဿနာရှိနေသည်ဆိုတာနှင့်မဖြစ်မနေကျော် လွှားမှဖြစ်မည်ဆိုတာကိုပထမဆုံးအကြိမ်ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
လက်ရှိ ရုံးအကူမှသည်ဝန်ကြီးအထိဖြစ်သောအစိုးရယန္တရားကိုမောင်းနှင်နေ
သောဝန်ထမ်းစုကြီးသည်ခေတ်ဟောင်းမှတောက်လျှောက်ပါလာသော
အင်အားစုဟောင်းကြီးဖြစ်သည်။ သူတို့ အများစုသည်စစ်အနွယ်ဝင်များ၊ မကင်း ရာမကင်းကြောင်းများဖြစ်ကြကာအရည်အချင်းထက်နိုင်ငံရေးအရသစ္စာခံမှု
(political loyalty) အဓိကထား၍စုဆောင်းယူ(recruited) ခဲ့ကြသည်ဖြစ်ရာ ပင်ကိုယ်သဘာဝအရတည်ဆဲအခြေအနေ၌စားသာနေသူများဖြစ်ကြသည်။
(benefiting from the status quo)။ သူတို့ ကိုသက်ညှာနေ၍မဖြစ်နိုင်။
လာဘ်စားမှုသည်မြန်မာ့လူ့ အဖွဲ့ အစည်းတစ်ခုလုံးတွင်ကင်ဆာရောဂါသဖွယ် အမြစ်တွယ်နေပြီဖြစ်ရာကုစားဖို့ မလွယ်သလိုကျောသားရင်သားခွဲခြား၍ညှာ
နေလျှင်လည်းတိုက်ဖျက်နိုင်လိမ့်မည်မဟုတ်။ မနှစ်ကဒဂုံမြို့ သစ်အရှေ့ ပိုင်း တွင်ဆယ်တန်းအောင်၍ဗိုလ်သင်တန်းသွားလျှောက်သောလူငယ်ကလေး တစ်ဦးသည်အရည်အချင်းစစ်အဆင့်ဆင့်ကောင်းစွာအောင်မြင်ပါလျှက်ရွေး ချယ်ရန်အတည်ပြုလက်မှတ်ထိုးရမည့်သူကငွေလေးသိန်းတောင်းသည်ကို မပေးနိုင်သဖြင့်အိမ်ပြန်လွှတ်ခြင်းခံရသည်။
မြန်မာနိုင်ငံသားဟောင်းများအလည်အပါတ်ပြန်လျှင်ဆွေ
မျိုးသားချင်းများအိမ်တွင်တည်းခိုနိုင်သည်။ ဧည့်စာရင်းကိုမြို့ နယ်လ.၀.ကများတွင်တိုင်ကြားရ သည်။ဖျမ်းမျှကြေးလ္ဘက်ရည်ဘိုးမှာကျပ်ငါးသောင်းဖြစ်သည်။
တခါတရံမိတ္တူကူးခနှင့်စာရွက်စာတမ်းကြေးသပ်သပ်ထပ်တောင်းသည်။
နယ်မြို့ ကလေးများတွင်ဆိုလျှင်အကြောင်းတစ်ခုခုပြ၍ကျပ်တစ်သိန်းအထိအလှူခံယူတတ်သည်။
အလားတူဥပမာများရေးပြနေလျှင်ဆုံးနိုင်လိမ့်မည်မဟုတ်။
မြန်မာနိုင်ငံထက်စော၍ပြုပြင်ပြောင်းလဲရေးလုပ်ကာအောင်မြင်နေကြသော အိမ်နီးချင်းတရုပ်နှင့်ဗီယက်နမ်နိုင်ငံတို့ တွင်အကျင့်ပျက်လာဘ်စားသောအ ရာထမ်းအဆင့်များကိုရာထူးမှဖြုတ်ပစ်ယုံမကထိရောက်စွာရာဇ၀တ်ကြောင်း အရအရေးယူအပြစ်ပေးနေလေသည်။တရုပ်ပြည်တွင်ထိုကဲ့သို့ သောပုဂ္ဂိုလ် များသည်အာဏာရကွန်မြူနစ်ပါတီဝင်ဖြစ်နေလျှင်လူပုံအလယ်တွင်(တစ်ကြိမ် မက) ကွပ်မျက်သည်အထိအရေးယူပြခဲ့ဘူးသည်။ 
တရုပ်အစိုးရသည်မူးယစ် ဆေးဝါးရောင်းဝယ်ဖေါက်ကားသူများနှင့်လာဘ်စား
သူအရာရှိများကိုနိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့ များကန့် ကွက်ချက်များရှိနေ
လင့်ကစားကွပ်မျက်ပစ်သည့်နည်းဖြင့်ထိထိရောက်ရောက်နှိမ်နင်းနေသည်။
မြန်မာနိုင်ငံတွင်ကားယခင်တလောကတနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုရာထူးမှ
တိပ်ဆိပ်စွာဖယ်ရှားပစ်ယုံဖြင့်အဆုံးသပ်သွားခဲ့သည်။ ဤသည်မှာဦး နေ၀င်း၏ဆိုရှယ်လစ်အစိုးရလက်ထက်ကတည်းကရှိခဲ့သောပုံစံဟောင်းကြီး ဖြစ်သည်။ အဂတိလိုက်စားမှုကိုတိုက်ဖျက်ခြင်းမမည်ယုံသာမကပို၍အတင့် ရဲလာအောင်အားပေးရာပင်ရောက်သည်။အဘယ်ကြောင့်ဆိုသောပြစ်မှုကျူးလွန်သူ
သည်အရေးယူလည်းမခံရ၊မတရားရှာဖွေထားသောဥစ္စာဓနများလည်းသိမ်းဆည်းမခံရ
ဘဲတစ်သက်စာအထုပ်ပိုက်၍ရာထူးမှဖယ်ပေးလိုက်ယုံနှင့် ပြီးသွားနိုင်သောကြောင့်ဖြစ်သည်။ 
ဤနည်းဖြင့်အရေးယူခြင်းသည်အခြားသူ များကိုအားကျစေ၊ အတုယူလာစေသည်။
နှိမ်နင်းရာမရောက်။
လာဘ်စားမှုများသည်ဘောဂဗေဒသဘောအရလက်ပြောင်းလက်လွှဲစားရိပ် (Transaction cost) ကိုပိုကြီးမြင့်စေသဖြင့်တိုးတက်ဖွံ့ ဖြိုးမှုနှူံး (growth-rate and development) ကိုထိခိုက်သည်။ ရင်းနှီးမြုတ်နှံလုပ်ကိုင်လိုစိတ် ကိုလည်းပျက်ပြားစေသည်။
သာမန်ပြည်သူများအတွက်အစိုးရဆိုသည်မှာသူတို့ နှင့်ထိတွေ့ နေသော ကျမ္မာရေး၊ ပညာရေးဌာနများ၊ စည်ပင်၊ လ.၀.က၊ ထွေ/အုပ်၊ က.ည.န၊ လျှပ်စစ်၊ ရဲ၊ တရားရုံးစသည့်ဌာနများနှင့်ဝန်ထမ်းသာများဖြစ်သည်။ အစိုးရ အပေါ်ကြည်ညိုစိတ်၊ယုံကြည်အားကိုးစိတ်နှင့်အစိုးရ၏ပေါ်လစီများကိုအား ကြိုးမန်တက်အကောင်အထည်ဖေါ်လိုစိတ်များသည်အဂတိလိုက်စားသော ၀န်ထမ်းများကြောင့်ဘယ်သောအခါမှပေါ်လာလိမ့်မည်မဟုတ်။ 
လူထုပါဝင်မှု (mass participation)ကိုအားပြုသောဒီမိုကရေစီနှင့်ကားအလှမ်းဝေးသည်။  
အစိုးရကသာဒီမိုကရေစီဖေါ်ဆောင်ရေးကိုပီပီပြင်ပြင်လျှင်မြန်သောနှုံးဖြင့် လုပ်ပြနိုင်လျှင်စစ်ပြိုင်နေကြသောတိုင်းရင်းသားများငြိမ်းချမ်းရေးယူလိုစိတ်ပို ကြီးမားလာလိမ့်မည်။ လက်ရှိတွင်ပင်အစိုးရကဦးဆောင်သောနိုင်ငံရေးလမ်း ကြောင်းကိုလက်ခံ၍လွှတ်တော်ထည်းရောက်နေသောတိုင်းရင်းသားတွေရှိ နေပြီဖြစ်သည်။ လွှတ်တော်ထည်းကတိုင်းရင်းသားများနိုင်ငံရေးအရပိုခရီး တွင်လာသည်နှင့်အမျှ တိုင်းရင်းသားတို့ အကျိုးစီးပွားကိုမည်သူကတကယ် ကိုယ်စားပြုသနည်း - လက်နက်ကိုင်နေသူများကလား၊ ဥပဒေပြုနေသူများ ကလားဆိုသည့်မေးခွန်းမေးသံပိုကျယ်လောင်လာလိမ့်မည်။
လက်နက်ကိုင်ဖြေရှင်းရေးနည်းလမ်း၏တရားဝင်မှုယုတ်လျှော့သွားလိမ့်မည်။ ဒေသခံပြည်သူများကိုယ်တိုင်ကလက်နက်နှင့်ဒီမိုကရေစီလဲရန်ဖိအားပေးလာ ကြလိမ့်မည်။ ထို့ ကြောင့်ကျိမ်းသေငြိမ်းချမ်းရေးရနိုင်သည့်နည်းလမ်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးအားအခွင့်အရေးအမျိုးမျိုး (concessions) ပေး၍သိမ်းသွင်းသည့်နည်းမဟုတ်ဘဲဒီမိုကရေစီကိုအရှိန်နှူံး
ကောင်းကောင်းဖြင့်ပီပီပြင်ပြင်တည်ဆောက်ပြရန်ဖြစ်သည်။
သို့ ဆိုလျှင်လမ်းခရီးတွင်ခလုပ်ကန်သင်းဖြစ်နေသောအရာများကိုပြတ်ပြတ်သား
သားဖယ်ရှားပစ်ရန်ဖြစ်သည်။ အစိုးရသစ်ခေါင်းဆောင်များမကြာခဏ
ပြောနေသောနောက်ကြောင်းပြန်၍မလှည့်တော့ပါဆိုသည့်စကားကိုသက်
သေပြနိုင်ရန်မှာရှေ့ ခရီးတွင်ကန့် လန့် ခံနေသောခလုပ်ကန်သင်းမှန်သမျှကို ရှင်းပစ်ရလိမ့်မည်။
မြန်မာသံတော်ဆင့်
No comments:
Post a Comment