Saturday, January 21, 2012
ပြည်သူကသမိုင်းအမှန်ကိုသိရှိပိုင်ခွင့်
ဇန်န၀ါရီ ၂၂ - ၂၀၁၂
“သဘာပတိကြီးခင်ဗျား - လူဆိုတာမှားတတ်တဲ့သတ္တ၀ါမျိုးပါ။ ဒါကြောင့် ကျနော်တို့ ဟာခဲတန်ထိပ်မှာခဲဖျက်ကလေးတွေတပ်ထားကြတာပါ။” - ဦးခွန်ထွန်းဦး
 ၁၉၉၄ ခုနှစ်ဦးမှာကျနော်ဟာကွယ်လွန်သူဦးတင်မောင်ဝင်းကအကူအညီတောင်းလို့ 
ခေတ်ပြိုင်သတင်းစာ မှာခဏတဖြုတ်(ခြောက်လလောက်-အခမဲ့)၀င်လုပ်ပေးခဲ့ဘူးတယ်။ ကျနော်လုပ်ရတဲ့အပိုင်းကမြန်မာလိုမ တတ်တဲ့နိုင်ငံခြားသားပရိဿတ်အတွက်ရည်ရွယ်ပြီး 
အင်္ဂလိပ်ဘာသာနဲ့ ရိုက်တဲ့၂ မျက်နှာ insert ကိုတာဝန်ယူ ရတာဖြစ်ပါတယ်။ 
(ဤနေရာမှာမူလစလုပ်သူကိုစိုးတင့်
(ယခု Fort Wayne –IN.) အမေရိကကိုထွက်ခွာသွား
သောကြောင့်ဖြစ်ပါတယ်။ကျနော်ကိုယ်တိုင်လည်း
ကနေဒါမသွားခင်ခေတ္တကူညီခဲ့ခြင်းပါ။)
အလုပ်အရကျနော်ဟာပြည်တွင်းကပို့ ပေးတဲ့စာတွေ၊သတင်းတွေနဲ့ 
ကြေငြာချက်တွေကိုမပျင်းမရိဖတ်ရတယ်။ တနေ့ အမျိုးသားညီလာခံမှာဦးခွန်ထွန်း ဦးပြောခဲ့တဲ့ဆွေးနွေးချက်အပြည့်အစုံတစ်ခုပါလာပါတယ်။ 
ပွယောင်း ယောင်းစစ်တောင်းစက္ကူအညိုရောင်အပေါ်မထင်မရှားလက်နှိပ်စက်စာ
လုံးသေးကလေးတွေနဲ့ ရိုက်ထားတဲ့အ တော်ရှည်တဲ့စာကိုဒုက္ခခံဖတ်ရတယ်။
အချိန်မရလို့ အကုန်မဖတ်ဘဲဟိုကျော်ဒီဖေါက်ဖတ်ပီးသတင်းတစ်ပုဒ်လုပ်ခဲ့တယ်။
သို့  သော်လည်းစာထည်းပါသူ့ စကားတစ်ခွန်းကတော့ခေါင်းထည်းမှာယနေ့ 
အထိစွဲကျန်ရစ်နေတယ်။အဲဒါကတော့ဆောင်းပါးအစမှာတင်ပြထားတဲ့စကား
တစ်ခွန်းပါ။လူ့ သဘာဝအပေါ်ဟာသနှောပီးပေးထားတဲ့မှတ်ချက်ရိုးရိုးကလေး
ကလေးဖြစ်လို့ မှတ်မိနေခဲ့တာပါ။
မနေ့ တနေ့ ကတော့ Eleven ဂျာနယ်မှာဦးခွန်ထွန်းဦးရဲ့အင်တာဗျူး
တစ်ခုဖတ်ရတယ်။ တခြားဂျာနယ်တွေမှာ သူ့ စကားအတိုအစတွေ
ပါပြီးဖြစ်ပေမဲ့ Eleven မှာကတော့တော်တော်ပြည့်စုံပါတယ်။ 
ဒီတစ်ခါတော့ ကျနော် လဲအချိန်ရနေပြီဖြစ်လို့ အကုန်ဖတ်ဖြစ်တယ်။ 
saved ထားလိုက်တယ်။ အထူးသဖြင့်ကတော့အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးနဲ့ ပါတ်သက်ပီးပြောတဲ့မှတ်ချက်တွေပါ။ - ဥပမာ -
ပြည်ထောင်စုကြီးကခွဲမထွက်သွားဘဲနဲ့ - ကွဲထွက်သွားမှာ၊  
One day ဧရာဝတီမြစ်ကတရုတ်နဲ့ ကုလားရဲ့
နယ်စပ်မျဉ်းကြောင်းမဖြစ်(လာ)ဖူးလို့မပြောနိုင်ဘူး။
အကယ်၍ကျွန်တော်တို့ မညီ(ညွတ်)ခဲ့ရင် - ”  
“တရုတ်ကီးမယားငယ်မုန့်ဖိုးပေးသလို - ဟိုတစ်ယောက်ပေး၊ 
ဒီတစ်ယောက်မသိစေနဲ့၊ ဒီတစ်ယောက်ပေး ဟိုတစ်ယောက်မသိစေနဲ့ - အဲလိုလုပ်နေမယ့်အစားအကုန်လုံးတွေ့ပြီးစကားပြောပါလား -” 
“ကျွန်တော်တို့ကွန်ပြူတာကိုင်ချင်ပြီတဲ့၊ လက်ပ်တော့ကိုင်ချင်ပီတဲ့၊
သေနတ်မကိုင်ချင်တော့ဘူးတဲ့၊ ၁၈နှစ် ၁၉နှစ် KNU တွေ၊
တောင်ငူထောင်ကနီးတာကိုးအဲဒီနားနဲ့။ သူတို့လည်းစစ်ကိုငြီးငွေ့လာပြီ။” 
ကျနော်သဘောအတွေ့ ဆုံးကတော့အစိုးရသစ်က၀န်ထမ်းအကျင့်ပျက်
လာဘ်စားနေတာတွေကိုခုအထိဘာမှမလုပ်သေးတာကို
ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှမပြောပေမဲ့အခုမှထောင်ထည်း
ကထွက်လာတဲ့ခွန်ထွန်းဦးကမမေးရဘဲနဲ့ ထည့်ပြောတဲ့အချက်ပါ။ 
ဒါဟာတာဝန်ကျေခြင်းတစ်မျိုးပါ။
လက်ရှိအခြေအနေမှာပြည်သူ့ ဆန္ဒကိုဒီ့ထက်ပိုပြီးတိုက်ရိုက်ကျ
တဲ့ပြည်သူ့ အသံမျိုးနဲ့ မကြားနိုင်ဘူးလို့ ထင်ပါတယ်။
သူ့ အဖြေတွေထည်းမှာသူဖြတ်သန်းခဲ့တဲ့အချိန်ကာလအပိုင်းအခြား
အတွင်းနိုင်ငံရေးခေတ်တစ်ခုလုံးပါနေတယ်။
သူဟာနိုင်ငံရေးလုပ်ကြံမှုလို့ ခေါ်ရမလား၊ 
အာဏာရစစ်ခေါင်းဆောင်တွေရဲ့အုပ်စုတိုက်ပွဲမှာသူတို့ တတွေအဖျား ခတ်ခံရတာလို့ ခေါ်ရမလားအဲဒါမျိုးတစ်ခုခုနဲ့ အပြစ်မရှိဘဲထောင်
ထည်းထည့်ခံခဲ့ရတယ်လို့ ခံစားပြီးသူ့ ခေတ်အပေါ်ခါးသီးနေ
တဲ့နိုင်ငံရေးသမားတစ်ဦးပါ (embittered politician)။ 
ဒါကတော့သူတို့ အပေါ်ချမှတ်ခဲ့တဲ့အဓိပ္ပါယ် ကင်းမဲ့အောင်ကို
ရှည်လျှားလွန်းတဲ့ပြစ်ဒဏ်ကာလတွေ (သူကထောင်ဒဏ် ၉၃နှစ်၊
စိုင်းညွန့်လွင်ကထောင်ဒဏ် ၈၅နှစ်၊ ဗိုလ်ချုပ်ဆေးထင်
ကထောင်ဒဏ်၁၀၆နှစ်) ကိုကြည့်ယုံနဲ့ ယုတ္တိတန်နေပါတယ်။ 
လူကိုသာထောင်ထဲ ထည့်တာမဟုတ်ပဲစိတ်ကိုပါရိုက်ချိုးပစ်တာပါ။ 
တကယ်မနေခဲ့ရသော်လည်းစိတ်ဓါတ်ကျပီးကိုယ့်ကိုကိုယ်
သတ်သေလောက်အောင်ရှည်လျားတဲ့ပြစ်ဒဏ်ကာလတွေပါ။
အပြစ်ပေးသူဟာဗမာလူမျိုးတွေနဲ့ ဖွဲ့ စည်းထားတဲ့အစိုးရမို့ 
နိုင်ငံရေးတိမ်တဲ့သူတွေသာဆိုယင်ဗမာမုံး
တီးရေးသမားတွေတောင်ဖြစ်လာနိုင်ပါတယ်။
ထောင်ကလွတ်ပြီးအပြင်ပြန်ရောက်လာတဲ့အခါကျတော့
လဲခေတ်တကယ်မပြောင်းသေးပေမဲ့လူတွေပြောင်းလဲနေနှင့်တာ
သူတွေ့ တယ်။ နိုင်ငံရေးအရတလှေထည်းစီးခဲ့သူတွေထည်း
ကခေတ်ရေစီးကြောင်းအသစ်မှာ လှော်တက်အသစ်နဲ့ 
ဆက်လှော်နေကြသူတွေကိုတွေ့ တယ်။
ဦးခွန်ထွန်းဦးနဲ့ အတူတူဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လဲအတူတူ
လွတ်မြောက်လာတယ်။ နေရာယူပုံချင်းမတူ ပေမဲ့သူဟာလဲခွန်ထွန်းဦး၊
အောင်ဆန်းစုကြည်တို့ နဲ့ အတူတူခေတ်တစ်ခေတ်ကိုဖန်တီးခဲ့တယ်။ 
ဒီသုံးဦးဟာ လက်တွေ့ မှာဘက်သုံးဘက်
(စစ်အစိုးရ/အတိုက်အခံ/တိုင်းရင်းသား) ကိုအသီးသီး
ကိုယ်စားပြုယင်းအချင်း ချင်းတုန့် ပြန်မှုတွေ (reactions) တွေပြုခဲ့ကြတယ်။ 
လက်တွဲတဲ့အခါကတွဲခဲ့ပြီး၊ လက်တွဲပြုတ်ချိန်တန်တော့ ပြုတ်၊ 
အာဏာ/သြဇာရှိလိုက်၊ အာဏာ/သြဇာမဲ့လိုက်၊ထောင်
ထည်းရောက်သွားကြ/အပြင်ထွက်လာကြနဲ့  သူတို့ ခေတ်နိုင်ငံရေး
လောကဓံကိုတော့အားလုံးပြိုင်တူကြုံခဲ့ကြတယ်။ သူတို့  
အချင်းချင်းနိုင်ငံရေးအရအနီးကပ် ဆက်ဆံမှုတွေရှိခဲ့ကြတယ်။
ချုပ်လိုက်ရင်တော့သူတို့ တတွေဟာ ၁၉၉၀ ရွေးကောက်ပွဲကာလကနေ ကနေ့ အထိဖြစ်တဲ့ခေတ်တခေတ်ကိုအတူတူတွဲဖန်တီးခဲ့ကြတယ်။
အမြင်တူတာ/ကွဲတာတွေရှိမှာဘဲ။
အဲဒီခေတ်အတွင်းကိုယ့်အယူအဆ၊
ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ပြုမူခဲ့ပုံတွေ 
ကိုတိုင်းပြည်နဲ့ လူထုရှေ့ မှောက်မှာ ရှင်းပြ၊ထုချေ၊ကာကွယ်ခွင့်ရစေမဲ့ 
debate မျိုးလဲဖြစ်တာပေါ့။ တယ်လီဗစ်ရှင်းဖလ်သားပြင်ပေါ်မှာ
တနာရီဖြစ်စေ၊ တနာရီခွဲ (၉၀ မိနစ်) ဖြစ်စေသူတို့ သုံးဦးမျက်နှာချင်းဆိုင် ပီးတိုင်းပြည်ရဲ့ရှေ့ မှောက်မှာဘာတွေဖြစ်ခဲ့ကြတယ်၊ ဘာတွေ 
ဆက်ဖြစ်နေတယ်၊ ကိုယ်စီဘာကိုဆက်လုပ်မယ်ဆိုတာမျိုးတွေရှင်းလဲ
ရှင်းပြ၊ငြင်းလဲငြင်းခုံဆွေးနွေး ကြလုပ်နေတာကိုတိုက်ရိုက်
Live broadcast လုပ်သင့်တယ်။ ဒီသုံးဦးအနက်မလုပ်ချင်လို့ ငြင်းတဲ့သူရှိလာ ယင်ဘာအကြောင်းပြချက်နဲ့ ငြင်းသည်ဖြစ်စေတိုင်းပြည်နဲ့ လူထု 
ကိုရင်မဆိုင်ရဲသူဘဲ။ ကိုယ်လုပ်ခဲ့တာတွေ မှန်တယ်လို့ ယုံကြည်သူတိုင်း
သမိုင်းမှတ်ကျောက်တင်ခံနိုင်ရမှာပါ။
မျိုးဆက်သစ်တွေအပေါ် ဒီမိုကရေစီနိုင်ငံရေးလက်တွေ့ ကိုပညာပေး
ရန်တာဝန်ပျက်ကွက်သူပဲ။လူငယ်တွေကိုဒီမိုကရေစီနိုင်ငံရေးသင်္ခဏ်း
စာဒီနည်းနဲ့ ဆီးပူးခွင့် ပေးရမှာဖြစ်ပါတယ်။ ဒါသူတို့ ရဲ့ရပိုင်ခွင့်ပါ။
တခေတ်တစ်ချိန်ကအခွင့်အရေးမရခဲ့လို့ - ဘာတွေဖြစ်ခဲ့ပီးဘာဖြစ်လို့ 
ဒီမိုကရေစီကူးပြောင်းရေးဒီလောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခဲ့ရတယ်ဆိုတာကို - တိုင်းပြည်နဲ့ လူထုကသိကြားခွင့်မရခဲ့တာအခုအချိန်မှာသိခွင့် ပေးရမှာဖြစ်ပါတယ်။
ဒီနေရာမှာအရေးကြီးတာတစ်ခုမဖြစ်မနေပြောချင်ပါတယ်။ 
အဲဒါကတော့ဒီလိုပွဲမျိုးကိုဦးသိန်းစိန်အစိုးရသစ်က ကျင်းပခွင့်ပေးရဲဘို့ လိုပါတယ်။ ဒါမျိုးဟာအမေရိကန်လိုနိုင်ငံမှာနေ့ တဓူဝလုပ်နေတဲ့အရာဖြစ်နေပါပြီ။ ဒီလို ခွင့်ပြုပေးခြင်းအားဖြင့်ယခင်သန်းရွှေ၊ခင်ညွန့် စစ်အစိုးရနဲ့ ယခုမိမိတို့ အစိုးရ
သစ်နိုင်ငံရေးအရပီပီပြင်ပြင်လမ်းခွဲ ခဲ့ပြီဆိုတာကမ္ဘာ
ကိုသက်သေပြရာရောက်ပါလိမ့်မယ်။
အကယ်၍ဘာဘဲဖြစ်ဖြစ်အစိုးရသစ်ဟာအစိုးရဟောင်းရဲ့လုပ်ငန်းစဉ်ကိုဆက်ခံ
ရတဲ့အပိုင်းလဲရှိသေးတာမို့ တစ်ချို့ ကိစ္စတွေကိုအစိုးရသစ်ကကာကွယ်ဘို့ လိုမယ် ဆိုယင်လည်းအစိုးရသစ်ဘက်ကတစ်ယောက်ဒီပွဲမှာပါဝင်နိုင်တာဘဲ။ 
Fourth debater ပေါ့။ အဲဒီအတွက်အသင့်တော်ဆုံးဖြစ်မဲ့သူကတော့
အစိုးရဟောင်းမှာကော၊အစိုးရ သစ်မှာပါ spokesperson အဖြစ်တစ်လျှောက်လုံးဆက်တိုက်ဆောင်ရွက်လာတဲ့ပြန်ကြားရေး
ဝန်ကြီးဦးကျော် ဆန်း ပါဘဲ။ ဒါဆိုယင်ပိုတောင်ပွဲပိုစည်နိုင်တယ်။
အရေးကြီးတကာ့အရေးအကြီးဆုံးအချက်ကတော့ဒီအစီအစဉ်ကြီး
တစ်ခုလုံးကိုအစိုးရကမကြီးမှုးဘို့ ပါဘဲ။ဒီပွဲကိုမြန်မာအစိုးရသြဇာလုံးဝ
မသက်ရောက် တဲ့ပြည်ပမီဒီယာတစ်ခုခုကတာဝန်ယူကျင်းပဘို့ ဖြစ်ပါတယ်။ 
ဘီဘီစီဖြစ်စေ၊ ဗီအိုအေဖြစ်စေမြန်မာပိုင်းအစီအစဉ်တစ်ခုက
တာဝန်ယူကျင်းပပေးဘို့ ပါ။ အသင့်တော်ဆုံး
ဖြစ်မယ်လို့ ယူဆရတဲ့ moderator တစ်ဦးအဖြစ်
ဦးကျော်ဇံသာကိုနမူနာပေးလိုပါတယ်။ နမူနာတင်ပြခြင်းပါ။ 
သူမှသူဘဲဖြစ်ရမယ်လို့ မဆိုလိုပါ။
အဲသလိုသာဆိုယင်မြန်မာနိုင်ငံမှာအပြောင်းအလဲတွေ
တကယ်ဖြစ်နေပြီဆိုတာကိုလက်ခံကြလိမ့်မယ်။
မြန်မာသံတော်ဆင့်
2 comments:
  1. ၇န်ကုနတိုင်းတိုက်ကြီးမြို.နယ်အောက်အလယ်ဘုတ်ကျေးရွာတွင်ကြံ့ခိုင်ေ၇းစည်းရုံ့းရေးမှုးမြင်.ဦးခေါ်ဒေါက်တာပေါက်တူးမှ အသက်၁၅နှစ်အရွယ်မိန်းကလေးအားကာမလိမ်လည်ပြုကျင်.မှု.အား မိန်းကလေး၏ဖခင်နှင်.ကျေးရွာ၇ပ်မိ၇ပ်ဖများမှ
    အသိတ၇ားအားနဲသောကျေးရွာသားများအပေါ် အမှု.ပွဲစားလုပ်ခြင်း မိန်းကလေးငယ်များအားဖျက်ဆီးခြင်းတ၇ားမ၀င်အ၇က်ေ၇ာင်းခြင်း နွားပေါ်ခြင်းတို.ကို ကျေးရွာအုပ်ချုပ်ေ၇းမှုါ်ညီဖြစ်သူနှင်.သားဖြစ်သူ တော်လတီရဲတပ်စခန်းတို.နှင်.တိုက်ကြီးကြံ့ခိုင်ေ၇းပါတီအားကိုးတို.နှင်.၇မ်းကားနေသူဖြစ်ပါသည်။ထိုအမှု.အား27.5.2012 နေ.1း00နာ၇ီအချိန်တွင်ပြည်တွင်းပြည်ပဂျာနယ်နှင်.သံတော်ဆင်.ဂျာနယ်တို.မှအောက်အလယ်ဘုတ်ရွာဦးရဲနိုင်၏နေအိမ်တွင် ရုပ်သံရိုက်ကူးသွားပါသည်
    Like · · 20 minutes ago ·
    ReplyDelete
  2. သိပ်ကြည်.လို.ကောင်းမယ်. ပွဲပဲနော်
    ReplyDelete