Wednesday, March 5, 2014
သန်းခေါင်စာရင်းသစ်သည် “ခိုးဝင်”တွေကိုခဝါချပေးခြင်း (Ethnicity Laundering) ဖြစ်မလာသင့်
“လိမ်နည်းသုံးမျိုးရှိတယ် - -
  ရိုးရိုးလိမ် - ဗြောင်လိမ် - နှင့်စာရင်းအင်း”
   (လီယိုတော်လ်စတွိုင်း)
There are three kinds of lies: lies, outright lies and statistics. (Leo Tolstoy)
--  -- -- --
အကြမ်းအားဖြင့်ဆယ်နှစ်တစ်ကြိမ်လောက်ဖြစ်သင့်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်နှစ်သုံးဆယ်ကြာ
မလုပ်နိုင်ခဲ့တဲ့သန်းခေါင်စာရင်းကောက်တဲ့အလုပ်ကိုလာမဲ့မတ်လအကုန်ကနေဆယ်ရက်တိုင်တိုင်
လုပ်မယ်လို့ သိရပါတယ်၁၉၈၃ ခုနှစ်နောက်ဆုံးအကြိမ်ကောက်ခဲ့တုံးကလူဦးရေ ၂၈ သန်း - ယခု ၆၁ သန်း ဖြစ်လာခဲ့ပြီ။
(ကိုးကား - ဦး ခင်ရီ ဗွီအိုအေအင်တာဗျူး - Youtube)
ဆွဲတွေးတာဖြစ်မယ်။   
တိုင်းပြည်တပြည်မှာစီးပွားရေးလူမှုရေးနိုင်ငံရေးလုံခြုံရေးစီမံကိန်းအမျိုးမျိုးချနိုင်အောင်
စာရင်းတွေပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်နဲ့ သစ်သစ်လွင်လွင်အမြဲရှိနေဘို့ လိုတယ်။
အခုလုပ်မဲ့သန်းခေါင်စာရင်းဟာလူဝင်မှုကြီးကြပ် ရေးကလုပ်မဲ့အခြေခံအကျဆုံးလူဦးရေစာရင်း
သက်သက်(head count) ပဲဖြစ်ဦးမယ်။ ဒီထက်မကတိုင်းပြည်ရဲ့ လူဦးရေကိုခေါင်းစဉ်အမျိုးမျိုးနဲ့ 
မတ်လ ၂၉ ရက်မှာစလုပ်မဲ့သန်းခေါင်းစာရင်းကောက်မဲ့အချိန်မှာဖြစ်ရှိနေတဲ့တိုင်းပြည်ရဲ့ အထွေထွေအခြေအနေ အရပ်ရပ်ကိုအကြမ်းဖျင်းသုံးသပ်ကြည့်လိုက်ရင်အောက်ပါ အတိုင်းတွေ့ မြင်ကြရမှာဖြစ်ပါတယ်။
၁ - ပြည်ထောင်စုမြန်မာနိုင်ငံဟာခေတ်စံနစ်တစ်ခုကနေခေတ်စံနစ်တစ်ခုကိုအခြေခံကျ
ကျပြောင်းလဲရေး (Fundamental change) လုပ်နေချိန်ဖြစ်ပါတယ်။ ဒီအချက်ကိုအကျယ်မပြောတော့ပါ၊  ခေတ်ပြောင်းနေချိန် (transitional perod) ဖြစ်လို့  သူ့ သဘာဝအတိုင်းမရေမရာမပီမ ပြင်ဖြစ်နေတဲ့အသွင်လက္ခဏာတွေအများကြီးမြင်နေရတယ်။ သို့ သော်မပီပြင်တာတွေ များသင့်တာထက်များ နေတာကိုအများစုကစိတ်မသက်မ
သာဖြစ်နေကြတာကိုတော့မှတ်ချက်ပြုချင်ပါတယ်။
အထူးသဖြင့်တမင်ချန် ထားရစ်တဲ့ “ပြောင်းလဲခြင်းထည်းကမပြောင်းလဲသောအရာ” တွေ
(Continuities  within change) အနက်ကောင်းတာကနည်းနည်း၊ ဆိုးတာကများများဖြစ်နေသေးတယ်။
ဥပမာ ဆိုဗီယက်ယူနီယံတို့ ယူဂိုဆလားဗီးယားတို့ နဲ့ မတူမြန်မာကခေတ်ပြောင်းပေမဲ့ပြည်ထောင်စု မပြိုကွဲပဲအရင်အတိုင်းကျန်နေသေးတာကောင်းတယ်လို့ ပြောနိုင်တယ်။
သို့ သော်မပြောင်းလဲဘဲကျန်နေသေးတဲ့အချက်ပေါင်းများစွာတို့ အနက်ဆိုးတဲ့အချက် - အထူးသဖြင့်အဆိုးဆုံး အချက်တစ်ခုကတော့ဝန်ထမ်းယန္တယားဟောင်းကြီးဖြစ်တယ်။ ဒီဗြူရိုကရေစီယန္တယားဟောင်းကြီးဟာယခင်အာဏာရှင်စံနစ်နှစ်ငါးဆယ် (၁၉၆၂-၂၀၁၂) က
ချန်ထား ခဲ့တဲ့ပျက်စီးယိုယွင်းနေတဲ့ကိုယ်ကျိုးရှာယန္တယားကြီးသက်သက်ဖြစ်နေတာကြာပါပြီ။ အဆိုးဆုံးကတော့အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ယခင်ပါတီ/ကောင်စီ - ယခုခေတ် ထွေ/အုပ် ၊ ရဲ ၊ တရားရေး၊ လ.ဝ.က စတဲ့ဌာနတွေဟာပြည်သူတွေအားကိုးရမဲ့အစားမတတ်သာမှသာဆက်ဆံ လိုကြတဲ့ဌာနတွေပါ။ 
ဒါတွေကိုအစိုးရသစ်ကပြုပြင်ရေး (Government reform, bureaucracy reform) တစ်ခုထိထိရောက်ရောက်မလုပ်ဘဲရှိနေတာဟာမလုပ်ချင်လို့ လား - မလုပ်ရဲလို့ လားဆိုတာ
ကတော့မေး လက်စမေးခွန်း (openquestion)တစ်ခုဖြစ်နေဆဲပါ။  သေချာတာ တစ်ခုကတော့ဒီယန္တယားဟောင်းကြီးကို သာအားကိုးပြီးအကောင်အထည်ဖေါ်မဲ့အစိုးရသစ်ရဲ့ စီမံကိန်းသစ်တွေ၊ ခြေလှမ်းသစ်များ အောင်မြင်ဘို့ ရာက တော့အလွန့် အလွန်ခဲယင်းတဲ့ဒုလ္လဘ
တရားဖြစ်လိမ့်မယ်ဆိုတာပါဘဲ။ ဒါကတော့မတ်လကုန်မှာလုပ်မဲ့သမိုင်းဝင် စာရင်းကောက်ပွဲလုပ်ချိန်မှာရှိနေမဲ့ပထမမြောက်အထွေထွေအခြေအနေကြီးဖြစ်ပါတယ်။
၂ - ဒုတိယအခြေအနေကတော့ပွင့်လင်းလွပ်လပ်လာမှုကြောင့် - တနည်းအားဖြင့်ဖွင့်ပေးလိုက်လို့ ယခင်က အောင့်အီးမျိုသိပ်ထားရတဲ့လူထုလူတန်းစားပေါင်းစုံတို့ ရဲ့
မကျေနပ်မှုမျိုးစုံတို့ ဟာမြစ်ကမ်းပါးလျှံသလိုတက်လာနေ (flooded) ကြပါတယ်။ နေ့ စဉ်မီဒီယာစာမျက်နှာတွေအပေါ်မှာ၊ ခမ်းမတွေထည်းမှာ၊ လမ်းမတွေပေါ်မှာ ပေါက်ကွဲထွက်လာနေကြတယ်။ ဒါတွေကို (ဒီမိုကရေစီ)ခေတ်သစ်ရဲ့သဘာဝသစ်
(the new nature, new normalcy) လို့ လက်ခံပေးနိုင်မှနေသားကျနိုင်မှာပါ။ ဒီပေါက်ကွဲထွက်မှုတွေ (outbursts) ဟာတစ်ဦးချင်းစီ အခြေခံကလာတာတွေရှိသလိုလူအုပ်စုကြီးတွေ (Communities) အလိုက်ဖြစ်လာတာတွေလဲရှိတယ်။ အဆိုး ဆုံးကတော့ဘာသာရေးကိုအခြေခံမဲ့ပေါက်ကွဲမှုမျိုးတွေပေါ့။     
ပြည်ထောင်စုမြန်မာနိုင်ငံဟာလူမျိုးစုံဘာသာစုံတိုင်းပြည် (multi-ethnic, multi-faith state) တစ်ခုဖြစ်တယ်ဆိုတဲ့အချက်ကိုတရားဝင်လက်ခံတယ်။ နှိုင်းယှဉ်ခြင်းအရဗုဒ္ဓဘာသာဝင်တွေက
လူများစုဖြစ်ပေမဲ့ဒုတိယလူများစုဖြစ်တဲ့အစ္စလမ်ဘာသာဝင်တွေကလည်းလူဦးရေရှစ်သန်းလောက်
ပြည်တွင်းစစ်နဲ့ အာဏာရှင်စံနစ် - ဒီနှစ်ခုတို့ အရင်းနဲ့ အဖျားတလှည့်စီဖြစ်နေကြ
တဲ့နှစ်ပေါင်းခြောက်ဆယ်အတွင်းမှာအမျိုးသားညီညွတ်ရေးအစိတ်စိတ်အမွှာမွှာဖြစ်ခဲ့တယ်။
တိုင်းပြည် တစ်စစီပြိုကွဲမသွားတာအတော်ကံကောင်းနေသေးတဲ့အချက်ပဲ။
သို့ သော်ထိုအချက်မှတစ်ပါး ကျန်တဲ့ဘက် တွေမှာတော့ရစရာမရှိအောင်ပျက်စီးနေပြီ။ လူပြောများတဲ့တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထည်း မှာမပါတဲ့ မူဆလင်တွေဟာ အစဉ်အလာအရတော့ဗမာလူမျိုးတွေနဲ့ ပြီးတဲ့ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကိုသစ္စာခံခဲ့ကြပါတယ်။
အလွန်ပြင်းထန်တဲ့စိတ်ဝမ်းကွဲမှု မှာတခြားတိုင်းရင်းသားတွေကနိုင်ငံရေးသစ္စာခံမှု
(political loyalty) ကိုသူတို့ သက်ဆိုင်ရာအုပ်စုတွေဆီပြန် လှည့်သွားလို့ ရသေးပေမဲ့ ၁၃၅ မျိုး အနက်ဘယ်အုပ်စုမှာမှမပါတဲ့မူဆလင်တွေ - အထူးသဖြင့်လူငယ်မျိုးဆက် သစ်တွေအဖို့  ကတော့နိုင်ငံရေးအရမိဘမဲ့တွေဖြစ်လာကြတယ် (politically orphaned )။ ပါတီကြီးနှစ်ခု
မှာသူတို့ တွေအတန်အသင့်ရှိကြပေမဲ့အများစုကြီးဟာအချိန်ကိုက်ပေါ်ထွက်လာတဲ့
Global Islamization Wave ဘက်ကိုအာရုံရောက်ကုန်ကြတယ်။ 
ရခိုင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဟာမူလကတရားမဝင်လူခိုးဝင်မှု ပြဿနာဖြစ်ပေမဲ့မြန်မာပြည်မ
ဘက်ကိုရောက်လာတဲ့အခါမှာဘာသာရေးအသွင်ဆောင်နေပီ။ အခုအဲဒီအဆင့် ကနေနောက်ကိုပြန်ဆုပ်နိုင်ဘို့ အတော်ခက်ခက်ခဲခဲလုပ်နေရနေပီ။
ဘာသာရေးပဋိပက္ခတွေဟာကမ္ဘာ့သမိုင်းမှာအသစ်အဆန်းမဟုတ်ပါဘူး။
ဂျူး - မူဆလင်၊ ဟိန္ဒူ - မူဆလင်၊ ခရစ်ယံ - မူဆလင်ပဋိပက္ခတွေဟာသမိုင်းတင်ခေတ်
(age of recorded history) စကတည်း ကဖြစ်ခဲ့ပီးယခုတိုင်လဲရှိနေဆဲ၊ပြင်းထန်နေကြဆဲပါ။ ဒါပေမဲ့မူဆလင်-ဗုဒ္ဓဘာသာပဋိပက္ခ ကတော့အခုမှစတင် မဲ့သဘော (ပြောရယင်) ကျနော်တို့ တိုင်းပြည်ကနေစတင်မဲ့သဘောမျိုးဖြစ်နေတာကိုအရှိကိုအရှိအတိုင်းလက်ခံ
နိုင်စွမ်းရှိသူများကိုပြောချင်ပါတယ်။
ဒီနေရာမှာဆောင်းပါးရေးသူအနေနဲ့ အထူးအလေးအနက်ပြုချင်တဲ့အချက်ကိုနားလည်မှု
မလွဲကြစေချင်ဘူး။ပြောလိုတာကအခုလိုသန်းခေါင်စာရင်းသစ်ကောက်ယူရေးဟာဘာသာရေး
တင်းမာမှု (Tension) တစ်ခုရှိ နေတဲ့အချိန်ကိုနောက်ခံပြုနေတယ်။ ဒီတင်းမာမှုဟာစာရင်းကောက်မဲ့လူတွေကိုရော၊ စာရင်း ကောက်တာကို ခံကြမဲ့လူအုပ်စုကြီးတွေ (Commuinites) အပေါ်ကိုရောတနည်းတဖုံစီသြဇာသက်ရောက် (impact) လိမ့်မယ်။ 
ဒီသြဇာသက်ရောက်မှုဟာပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ထာဝရအကျိုးစီးပွားအပေါ်မှာအနှုတ်
လက္ခဏာ ဆောင်တဲ့သက်ရောက်မှုမဖြစ်ရလေအောင်သတိပေးလိုခြင်းဖြစ်ပါတယ်။ 
ဒီရည်ရွယ်ချက်မှအပကျန်တာကတော့ - ဖြစ်လာနိုင်ချေရှိတဲ့အရာတစ်ခု (a possibility) ကိုယ့်ကြောင့်ပိုပြီး သေချာလာတာမဖြစ်ရအောင်သတိထားပါတယ်။ သို့ သော်ဖြစ်မလာအောင်တားဆီးမယ်လို့ လဲကတိမပြုလို ပါဘူး။ အကြောင်းကတော့ကျနော်သည်ဘာကောင်မှမဟုတ်၊ ဘယ်လောက်ဆန္ဒပြင်းပြသည်ဖြစ်စေအရာ ရောက်မှာမဟုတ်လို့ ပါ။
[ကြုံကြိုက်လို့ ဒီနေရာမှာပြည်တွင်း-ပြည်ပစစ်တွေ - ဘာသာရေးပဋိပက္ခတွေနဲ့ ပါတ်သက်ပြီး
ထင်ရှားတဲ့ ကမ္ဘာ့မီဒီယာအကျော်အမော်တစ်ဦးရဲ့ရပ်တည်ချက်ကိုတင်ပြလိုပါတယ်။ 911 နောက်ပိုင်းအီရတ်စစ်ပွဲစ တိုက်တဲ့အချိန် CBS မှာ 60 Minutes တင်ဆက်တဲ့ ယခုအနားယူသွားပြီးဖြစ်တဲ့ Dan Rather ကို CNN က ရပ်တည်ချက်မေးပါတယ်။ အကြောင်းပြချက်မခိုင်လုံဘဲဆဒမ်ဟူစိန်ကိုတိုက်တဲ့စစ်ကိုအမေရိကန်အတော်
များများကမကြိုက်ကြဘူး။ ဒီစစ်အပေါ်သူ့ ရပ်တည်ချက်ကိုမေးတာပါ။ -
Dan Rather ဖြေပုံက - “If my country is in war,  I want my country wins.”  လို့ ဖြစ်ပါတယ်။]
မည်သူမဆိုသဘောတရားအဆင့်မှာတွေဝေခွင့်ရှိတယ်။ လက်တွေ့ ပိုင်းရောက်လာချိန်တွေဝေခွင့်မရှိတော့ဘူး။
အခုဆောင်းပါးရဲ့မူလလမ်းကြောင်းပေါ်ကိုပြန်တက်ပါမယ်။ သန်းခေါင်စာရင်းကောက်မဲ့အချိန်ရဲ့ နောက်ခံအခြေ အနေတွေကိုအခုတင်ပြတဲ့ ၂ချက်အပြင်နောက်ထပ်အချက်အတော်များများတင်ပြနိုင်ပါသေးတယ်။ ဥပမာ -
-       ယခုမှစတင်လိုက်တဲ့အုပ်စိုးရေးအသစ် (new regime) ရဲ့ နိုင်ငံတကာပရိဿပ်ယုံကြည်မှုကို
ဘာမဆို အလျှော့ပေးပြီးအရယူမယ့်စိတ်နေစိတ်ထား  (new image construction period mindset) အရပ်သား ပြော-ပြောရလျှင်အယုံသွင်းနေ-အချိုသပ်နေတဲ့အချိန်)။
-       ဘက်မလိုက်လှုပ်ရှားမှုကာလ (Non Aligned Movement)  တုံးကရရှိခဲ့တဲ့ဒေသတွင်းခေါင်းဆောင်မှုမျိုး ကိုပြန်လည်တမ်းတပြီး ASEAN အလှည့်ကျဥက္ကဌဖြစ်ချိန်ကိုအခွင့်ကောင်းယူအသုံးချချင်တဲ့သဘော။
-       ကိုယ့်ထက်စီးပွားရေးသာလွန်နေတဲ့အိမ်နီးချင်းနိုင်ငံကြီး-ငယ်တွေမှာလူဦးရေပိုလျှံနေ-ပေါက်ကွဲ
နေတာကိုသတိထားနေရသလို-လိုတာထက်လျှော့ချင်သာလျှော့ ပိုပြီးမတုန့် ပြန်မိဘို့ လည်းသတိပြု နေရခြင်း။
ဒါတွေကိုသာမန်လူထုကဂရုမစိုက်ပေမဲ့အစိုးရသစ်ကဂရုစိုက်ရပါတယ်။ 
ဒါကြောင်မို့ ရခိုင်ပြည်နယ်မှာသေနတ် ကိုင်ထားတဲ့ရဲကိုဒုက္ခသည်အမည်ခံတွေက၀ိုင်းရိုက်
သတ်တာ ကိုတောင်ပြန်ခုခံခွင့်မပေးဘဲအသေခံခိုင်းတဲ့အထိအလျှော့ပေးနေတာလို့ ယူဆပါတယ်။
ဒုက္ခသည်အမည်ခံနှစ်ယောက်လောက်ကိုပစ်သတ်မိ လို့ ရင်ဆိုင်ရမဲ့နိုင်ငံတကာမျက်နှာစာက
ခရီးသွားသူနှစ်ယောက်ဟာညဘက်တောထည်းကနတ်စင်တစ်ခုကိုရောက်သွားတယ်။ ဘုရားကိုးကွယ်တဲ့သူက ဘုရားကိုရှိခိုးပြီးကျားဆွဲမှာကြောက်လို့ နတ်စင်ပေါ်တက်အိပ်တယ်။ နတ်ကိုးကွယ်တဲ့သူကတော့နတ်ကိုရှိခိုး ပသပြီးနတ်စင်အောက်ဝင်အိပ်တယ်။
ညဘက်ကျတော့ကျားရောက်လာပြီးသူစားဘို့ အစာအဖြစ်တစ်ယောက်ကို
နတ်ဆီကတောင်းတယ်။ အဲဒီမှာတင်နတ်ကပြောတယ် -
“အပေါ်ကလူကိုသွားမထိနဲ့ - သူကဘုရားလူ - အောက်ကကောင်ကတော့ငါ့လူ - မင်းစားချင်ယင်သူ့ ကိုစား”။
လက်ရှိအခြေအနေမှာမြန်မာနိုင်ငံသားတွေဟာ “အလကားလူ” ဖြစ်နေပြီး တိုင်းပြည်ထည်းကိုတရားမဝင်ရောက် နေသူတွေကိုတော့ “ဘုရားလူ”အဆင့်
အတန်းနဲ့ ဆက်ဆံနေတာကိုမြင်နေရပါတယ်။
အခုသန်ခေါင်းစာရင်းကောက်မဲ့ကိစ္စမှာလဲအဲဒီလို “ဘုရားလူ” နဲ့ “အလကားလူ” ခွဲခြား ဆက်ဆံမဲ့အရေးကို မြင်ယောင်နေတာကိုပထမအချက်အဖြစ်ဒီဆောင်းပါးကိုရေးရခြင်းပါ။
ဒုတိယအချက်ကတော့ပထမအချက်ထက်ပိုအရေးကြီးယုံသာမကအမျိုးသားအကျိုးစီးပွားကို
ထာဝရထိခိုက်သွားနိုင်တဲ့အချက်ဖြစ်ပါတယ်။
အခြေအနေနံပါတ်တစ်ဖြစ်တဲ့ဝန်ထမ်းယန္တယား (လ.ဝ.က -ရဲ-စစ်တပ်) ရဲ့အတိပ်ကာလ တလျှောက်ကိုယ်ကျိုးရှာသစ္စာမဲ့မှုတွေကြောင့်အိမ်နီးနားချင်းနိုင်ငံနှစ်ခုကလူတွေဟာမြန်
မာနိုင်ငံထည်းမှာအလုံးအရင်းနဲ့ နှစ်ဆယ်စုတွေ နဲ့ ချီပြီးရောက်ရှိအခြေချနေထိုင်နေကြပါပြီ။ မန္တလေးကိုတရုပ်မြို့တော်အဖြစ်နိုင်ငံသားတွေထံကအသံတွေကြား နေရတာကြာပါ ပြီ။ ကိုးကွယ်ရာဘာသာယဉ်ကျေးမှုချင်းတူတဲ့သူတွေအကြားကွဲပြားမှုမမြင်သာမသိသာတာနဲ့  ဘာသာယဉ်ကျေးမှုမတူတဲ့သူတွေအကြားကွဲပြားမှုသိသာတာပဲကွာပါတယ်။
သို့သော်ဘာသာ ယဉ်ကျေးမှု ချင်းဆင်တူသည်ဖြစ်စေ-မတူသည် ဖြစ်စေ - မျက်စေ့ မှေးပြီးနှာခေါင်းပြားသည်ဖြစ်စေမျက်လုံးပြူးပြီးနှာ ခေါင်းချွန်သည်ဖြစ်စေ
တရားမဝင်ကြတာချင်းကတော့အတူတူပါဘဲ။  အရည်အတွက်သိန်းချီရှိနိုင်တဲ့ဒီလူတွေ ဟာပြည်တွင်းကဘာသာတူလူမျိုးတူနိုင်ငံသားတွေရဲ့ စာနာမှုအကူအညီ
(kinsmanship support, group affinity)  နဲ့ ရောနှောလူယောင်ဖျောက်နေနိုင်ကြပါတယ်။
2012 ပြည်သူ့ အင်အားဦးစီးဌာနရဲ့စာရင်းအရ လူဦးရေတစ်သောင်းတောင်မပြည့်တဲ့ကမန်တွေ (ရခိုင်ပြည်နယ် နေမူဆလင်တိုင်းရင်းသား)ဟာအခု နှစ်သိန်းကျော်ဖြစ်နေပြီးအားလုံး
လိုလိုမြန်မာပြည်မဘက် (ရန်ကုန်)မှာ တွေ့ နေရပြီလို့ စစ်တွေရခိုင်တွေကသမတကြီးထံ စာတင်တိုင်ကြားထားတယ်လို့ သိရတယ်။ 
အခုလုပ်မဲ့ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမှုကဒီလိုတရားမဝင်လူတွေကိုဖေါ် ထုတ်ပြီးအရေးယူပေးမလားဒါမှမဟုတ်သူတို့ ဆီကလာဘ်ယူပြီးတရားဝင်ဖြစ်လာအောင်
ဆက်လုပ်ပေးမှာ လားဆိုတာကိုစောင့်ကြည့်ရ မယ်။ လဝက၀န်ကြီးဦးခင်ရီကတရားဝင်ပြုထားတဲ့
အသံ (hint) ကတော့ဒီလူတွေကိုလူ့ အခွင့်အရေးလဲလေးစား လိုက်နာ - နိုင်ငံတကာစံတွေနဲ့ လဲ ညီညွတ်စွာသက်သက်ညှာညှာမေးမြန်းကောက်ယူသွားမယ်လို့ ဆိုပါတယ်။ 
ဝန်ကြီးကဒီလိုပြောထားတာကိုသူ့ ဝန်ထမ်းတွေအခွင့်ကောင်းယူပြီးကိုယ်ကျိုး
အတွက် စားပေါက်ထွင်တလွဲအသုံးချကြမှာကိုမြင်ယောင်မိတယ်။ 
အတိပ်ကာလတွေတလျှောက်လုံးဝန်ထမ်းတွေဘယ်လိုပြုမူကျင့်ကြံခဲ့ကြတယ်ဆိုတာ
ကိုပြန်ကြည့်ရင်ခုတစ်ကြိမ်လဲဘယ်လိုလုပ်နိုင်စရာအခြေရှိတယ်ဆိုတာကိုခန့် မှန်းဘို့ ရာ
မခက်လှပါဘူး။အလွန်နာမည်ပျက်လက်ဆုပ်လက် ကိုင် မိထားတဲ့ဝန်ကြီးအဆင့်လာဘ်စားမှု
ကိုတောင် တာဝန်မှ ရပ်စဲတာလောက်ပဲလုပ်တဲ့အစိုးရရဲ့အရေးယူမှု အတိုင်းအ
တာလောက်ကိုတော့ “ပျင်းတောင်-ပျင်းသေးတယ်” လို့ သီချင်းလုပ်ဆိုနေကြမှာပါ။
ဒါဆိုရင်ဒီသန်းခေါင်းစာရင်းကောက်မှုရဲ့တစ်စိပ်တစ်ပိုင်းသရုပ်မှန်ကဘာဖြစ်လာနိုင်ပါသလဲ။ အသားမည်းနေသူ တွေကိုအသားဖြူလာအောင် - အသားဖြူနေသူတွေကို
အသားညိုတွေဖြစ်လာအောင်မြန်မာအမည်တွေတပ်-ပန်းရောက်ကဒ်တွေ ထုတ်ပေးတဲ့လူမျိုးရေးခဝါချပေးပွဲကြီး (ethnicity laundering) တစ်ခုဖြစ်လာနိုင်တယ်။
အကယ်၍သာဤအတိုင်းဖြစ်လာခဲ့သော်ဒီလိုလူကိုခဝါချပေးတဲ့နည်းဟာအတိပ်ကခွန်ဆာ
လော်စစ်ဟန်တို့ ရဲ့ အဖြူတွေအစိမ်းတွေကရတဲ့ဒေါ်လာငွေမည်းတွေကို အပစ်အခတ်ရပ်စဲရေးနောက်ပိုင်းပြည်တွင်းမှာတရားဝင်ရင်နှီးမြှုတ်နှံလုပ် ကိုင်ခွင့်ပေးတဲ့ခဝါချနည်းနောက်ပိုင်းဒုတိယအကြိမ်ဖြစ်လာနိုင်တယ်။
ဟိုတစ်ချိန်တုန်းက Money laundering after ceasefire - ခုတစ်ကြိမ်မှာ
ethnicity laundering after census (သန်းခေါင်စာရင်း) ဒါပဲကွာမယ်။
ဒီအလားအလာကိုမြန်မာနိုင်ငံသားတိုင်းရင်းသားတွေဘယ်လိုလုပ်တားဆီးနိုင်မလဲ။
ဒီကိစ္စကိုကိုင်တွယ်မဲ့ ဝန်ထမ်းတွေကိုတိုင်းပြည်ချစ်လာအောင်ပညာပေးမနေပါနဲ့ ။
(တစ်) - အချိန်မရတော့ဘူး - (နှစ်) - လုပ်နေလဲ အပိုဘဲ - ပျင်းတောင်ပျင်းသေးတယ်။
သို့ သော်မျှော်လင့်ချက်ကတော့မကုန်သေးပါဘူး ။ လုပ်နိုင်ရင်အချိန်မှီပါသေးတယ်။ 
ပထမအချက်အဖြစ် - သန်းခေါင်စာရင်းကောက်မဲ့အလုပ်ကိုသာမန်ဌာနဆိုင်ရာလုပ်ငန်းသက်သက်
( A departmental operation pure and simple) သဘောမဟုတ်ဘဲအမျိုးသားရေးစိတ်ဓါတ်နဲ့  လူပြန်စစ်တဲ့ပွဲသဘောနိုင်ငံရေးအနှစ်သာရ ထည့်ပေးသင့်တယ်။ (politicized)  
ဒီမိုကရေစီသဘောအရပြည်သူကရွေးချယ်တင် မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ
ကမေးမြန်းစစ် ဆေးခွင့်ရှိရပါမယ် (Oversight)။ လုပ်ငန်းဆောင်တာတွေနှေးကွေးမှာကိုငြီးငြူခွင့်မရှိ - ကြာချင်သလောက် ကြာပါစေ။ စင်စစ်လွှတ်တော်ကိုယ် စား လှယ်တွေသာမကမီဒီယာနဲ့  civil society ကလူတွေလဲအနီးကပ် စောင့်ကြည့်အကဲခပ်ခွင့်၊ ဗီဒီယိုမှတ်တမ်းတင်ခွင့်ပေးရပါမယ်။ အခြားမှလာရောက်လေ့လာမည့်ကုလသမဂ္ဂ နှင့်နိုင်ငံတကာ အဖွဲ့ အစည်းများကို ဆက်ဆံသည့်အဆင့်အတန်းထက်မနိမ့်ဘဲဆက်ဆံပါ။
ဒုတိယအချက် - အရပ်ထည်းကဘွဲ့ ရပညာတတ်လူငယ်များဤဆယ်ရက်ကိုလုပ်အားပေးခွင့်ရကြပါစေ။
ဝန်ထမ်းတွေနဲ့ အတူတွဲပေးထားပြီးအဆင့်တူတာဝန်တူလုပ်ကိုင်ခွင့်ရှိပါစေ။ပညာတတ်လူငယ်တွေကို
သင်တန်းပေးတာအချိန်နှစ်ရက်ထက်ပိုမကုန်နိုင်ပါ။ဦးခင်ရီပြောတဲ့နိုင်ငံတကာမှကျွမ်းကျင်သူပညာရှင်များ
အဖွဲ့ အစည်း ဖြစ်တဲ့ International Technical Advisory Board က လေ့ကျင့်ပေးမည်၊ကူညီမည်ဆိုလျှင်စီစဉ်ပေးပါ။
အထူးသဖြင့်နယ်ကျော်၍မစေခိုင်းဘဲဒေသခံများအားကိုယ့်ရပ်ကွက်တွင်သာလုပ်အားပေးနိုင်ရန်စီစဉ်ပါ။ ဒီသမိုင်းဝင်လုပ်ငန်းကြီးမှာလုပ်အားပေးတဲ့ experience ကသူတို့ ရဲ့ Resume ထည်းမှာဝင့်ကြွားနေမှာပါ။ ဒီသမိုင်းဝင်အလုပ်ကြီးကိုဌာနဆိုင်ရာလုပ်ငန်းမဟုတ်ဘဲပြည်သူ့ အရေးကိစ္စကြီး (Public Concern Campaign) အဖြစ်ဒီတစ်ကြိမ်တော့ဆောင်ရွက်ရန်ဖြစ်ပါတယ်။
တတိယနဲ့ နောက်ဆုံးအချက်ကတော့လ.ဝ.က ဝန်ကြီးပြောထားတဲ့ စာရင်းကောက်ယူရာမှာအသုံးပြုမဲ့ဘာသာ စကားကိစ္စပါ။ မြန်မာစကားမပြောတတ်တဲ့ သူတွေကိုဘာသာပြန်သူမှတဆင့်စာရင်းကောက်ယူမဲ့အချက်ပါ။ မောင်တောမှာရှိတဲ့
ဒုက္ခသည်စခန်းကလူတွေကိုစစ်ဆေးရာမှာစကားပြန်သုံးတာမှအပပြည်တွင်းဘယ်နေရာမှာမှ
မသုံးသင့်ဘူးထင်ပါတယ်။ အကြောင်းကတော့မြန်မာဘာသာစကားကိုသုံးစွဲခြင်းဟာနိုင်ငံသား
အစစ်ဟုတ် မဟုတ်အကောင်းဆုံးစစ်ဆေးနည်းဖြစ်လို့ ပါဘဲ။ ဒီတိုင်းပြည်မှာမွေးပြီးစကားပြော
တတ်တဲ့အရွယ် ရှိလူတိုင်း ဟာစာမတတ်ရင်သာရှိမယ်မြန်မာစကားထမင်းစားရေသောက်
အဆင့်ကိုတော့နားလည်ကြသူတွေဖြစ်တယ်။
မြန်မာစကားလုံးဝနားမလည်တဲ့တိုင်းရင်းသားအနွယ်ဝင်ဖြစ်နေယင်လဲသူ့ မှာတခြား
အထောက်အထားပြစရာအချက်အလက်ကောင်းတွေတစ်ခုမကအသင့်ရှိပြီးသားဖြစ်နေ
မှာဖြစ်မယ်။ဥပမာသူ့ မိဘရိုးရာတိုင်းရင်းသား ဘာသာစကားကိုတော့ပြောတတ်မယ်။ သူ့ ကိုသက်သေခံမဲ့ဒေသခံတွေတရွာလုံးထွက်လာမယ်။
မြန်မာဘာသာစကားနဲ့ ကိုယ့်နာမည် - မိဘအမည် - ဇာတိမျိုးရိုး - အလုပ်အကိုင် - နေရပ်လိပ်စာလောက်ကို တောင်အပေါက်အလမ်းတည့်အောင်မပြောတတ်ဘဲပန်းရောင်ကဒ် (နိုင်ငံသားကဒ်) လက်ဝယ်ရှိနေတဲ့သူကိုနောက်တဆင့်အသေးစိတ်စစ်ဆေးဘို့ နေရာရွှေ့ သင့်ပါတယ်။ ကဒ်ပြားဘယ်လိုလုပ်ရထားတယ်ဆိုတာကို နောက်တဆင့်စုံစမ်းဖေါ်ထုတ်တဲ့အဖွဲ့ ရှိထားသင့်တယ်။
 တိုင်းနဲ့ ပြည်နယ်တွေရဲ့မြို့တော်တွေမှာ Immigration Detention Center (IDC) တွေရှိထားသင့်ပြီ။
ဆယ်ရက်တာကွင်းဆင်းတဲ့လုပ်ငန်းအပြီးမှာရရှိတဲ့အချက်အလက်တွေကိုမူတည်ပြီး
မှတ်ပုံတင်အသစ်တွေထွက်လာမယ်လို့ ယူဆရပါတယ်။ အဲဒီမှတ်ပုံတင်မှာလူမျိုး-ဘာသာခွဲခြားမှတ်တမ်းတင်ထားတာပါဝင်မှာမဟုတ်တော့ ဘူးလို့ ဝန်ကြီးကပြောပါတယ်။ 
ဒါဟာနိုင်ငံတကာစံနှုံးတွေနဲ့ အညီလူ့ အခွင့်အရေးကိုလေးစားပြီးလုပ်ကိုင်တာ လို့ လဲပြောပါတယ်။ အကြောင်းပြချက်ကောင်းလွန်းလို့ ဘယ်လိုမှငြင်းဘို့ မလွယ်ဘူး။ ဒါပေမဲ့မြန်မာ့ လက်တွေ့  မှာဒီအချက်ဟာတရားမဝင်ခိုးဝင်ထားသူတွေအတွက်စိတ်သက်သာရစရာအချက်ကြီးဖြစ်နေမှာပါ။ မရည်ရွယ် သော်လည်းသူတို့ ကိုအကျိုးပြုမှာပါ။
မြန်မာပြည်မှာဥပဒေနဲ့ ငြိစွန်းနေတဲ့သူတွေရဲ့လူ့ အခွင့်အရေးကိုတောင်ဒီလောက်လေးစားပြနေ
ယင်ဥပဒေ ဘောင်တွင်းကနိုင်ငံသားကောင်းတွေကိုဆိုရင်အစိုးရကဘယ်လောက်များလေးစားနေ
လိုက်မလဲဆိုတာဒိန်း ဒေါင်ခင်လှိုင်တို့ လိုအငြိမ့်လူပြက်တွေရဲ့ပြက်လုံးတွေမှာဘယ်လိုပါလာ
မလဲဆိုတာကနေအကဲခပ်ပါမယ်။
နိဂုံးချုပ်ရယင်လာမဲ့သန်းခေါင်စာရင်းကောက်ပွဲဟာအမျိုးသားရေးပြန်လည်စီစစ်ပွဲကြီး
တစ်ခုဖြစ်လာမလား - 
ဒါမှမဟုတ်ဝန်ထမ်းယန္တယားကြီးတစ်ခုအတွက်အမျိုးသားရေးသစ္စာဖေါက်မှုတွေလုပ်ဖို
ရွှေမြင့်မောင်
1 comment:
  1. အလွန်နာမည်ပျက်လက်ဆုပ်လက် ကိုင် မိထားတဲ့ဝန်ကြီးအဆင့်လာဘ်စားမှု
    ကိုတောင် တာဝန်မှ ရပ်စဲတာလောက်ပဲလုပ်တဲ့အစိုးရရဲ့အရေးယူမှု အတိုင်းအ
    တာလောက်ကိုတော့ “ပျင်းတောင်-ပျင်းသေးတယ်” လို့ သီချင်းလုပ်ဆိုနေကြမှာပါ။
    ReplyDelete